ထိုင်းစစ်တပ်မှ အမှတ် ၄ ခြေလျင်တပ်မှ ဗိုလ်ချုပ် Nopporn Ruanchan အပါအဝင် စစ်ဘက်အရာရှိ ၅ ဦးလိုက်ပါ စီးနင်းလာသည့် ရဟတ်ယာဉ် UH-72 မှာ ချင်းမိုင်ခရိုင် အမြင့်ဆုံးတောင်ဖြစ်သည့် ဒွိုင်အင်သနွန်ပေါ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်ပါလာသည့် လူ ၅ဦး၏ အလောင်း ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Bangkok Post က ဆိုပါတယ်။
ချင်းမိုင်အခြေစိုက် တပ်မ ၃၃ ၏ အကြီးအကဲ ဗိုလ်ချုပ် Kosol Prathumchart က ရဟတ်ယာဉ်၏ အပျက်အစီးများနှင့် လိုက်ပါလာသူများ၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း အတည်ပြုပြော ကြားခဲ့ခြင်း ဖြစ်ပါတယ်။
ရဟတ်ယာဉ်မှာ မနေ့က နံနက် ၁ဝနာရီခွဲခန့်မှာ ရေကြီးရေလျှံမှုများ ဖြစ်နေသည့် မြန်မာပြည်နယ်စပ် ပိုင် ဒေသမှ ပိစနုလွတ်လေတပ်စခန်းသို့ ပျံသန်းစဉ် ရေဒါမှ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး၊ ရှာဖွေရေး အတွက် စစ်သား ၄ဝဝနှင့် ရှာဖွေခဲ့ခြင်းဖြစ်သည်။