သတင်း

ကူးစက်ရောဂါ ဖြစ်နေသည့် နာဂဒေသအား အရေးပေါ်ကူညီရန် တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖြစ်ပွားနေသည့် ကူးစက်ရောဂါနှင့် ပတ် သက်၍ အရေးပေါ်အကူအညီပေးရန် ယမန်နေ့ သြဂုတ်လ  ၁၄ ရက်ကဒုသမ္မတဟင်နရီ ဗန်ထီး ယူနှင့် တွေ့ဆုံရာတွင် နာဂအမျိုးသားကောင်စီကတောင်းဆိုခဲ့ကြောင်းသိရသည်။

နာဂလူမျိုးများ၏နိုင်ငံရေး၊လူမှုရေးကိစ္စရပ်များကိုလုပ်ကိုင်ရန် ၂၀၁၄ခုနှစ်ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့ သည့် နာဂအမျိုးသားကောင်စီသည် နန်းယွန်း၊ လဟယ်စသည့်မြို့များတွင် ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် ဝက်သက်၊ ငှက်ဖျား၊ ပန်းနာရင်ကြပ်၊ ဝမ်းရောဂါနှင့် တုတ်ကွေးစသည့် ရောဂါ များ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကုသမှုပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း နာဂ အမျိုးသားကောင်စီမှ ကိုကဲယုန်းက ပြောသည်။

“ဒုသမ္မတအနေနဲ့ဒီနေ့(သြဂုတ်၁၅ရက်)မှာလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ကျနော်တို့တောင်း ဆိုတာတွေကိုပြန်တင်ပြပေးဖို့ ကတိပေးခဲ့တယ်။ အဖြေဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့် နေဆဲပဲ” ဟု ပြောသည်။

၂၀၁၆ခုနှစ်ဇွန်လ၆ရက်နေ့မှ သြဂုတ်လ၁၃ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ကူးစက်ရောဂါများတွင် သေဆုံးသူမှာ ၄၂ဦးအထိရှိလာပြီဖြစ်ပြီး ရောဂါကူးစက်ခံထားရသူမှာ ဦးရေ၂ဝဝကျော်အထိရှိနေ ကြောင်းလည်းသိရသည်။

ကူးစက်ရောဂါဖြစ်ပွားနေသည့်အခြေအနေမှာ ထိန်းချုပ်နိုင်မှုမရှိသေးသည့်အတွက် လမ်းခရီး ခက် ခဲမှုအပေါ်အစိုးရမှ ရဟတ်ယာဉ်များအသုံးပြုဆောင်ရွက်ပေးရေး၊ ဆရာဝန်၊ဆေးဝါးများ အမြန်ဆုံး ပို့ဆောင်ကာ နေထိုင်ကုသပေးရေးတို့ကို နာဂအမျိုးသားကောင်စီအနေဖြင့် အဓိကတောင်းဆိုခဲ့ ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ နာဂမျိုးနွယ်စုများမှလည်း ဆရာဝန်များ၊ စေတနာရှင်များ က ကူးစက်ရောဂါ ဖြစ်ပွားနေမှုကို လာရောက်ကူညီပေးရန် အသင့်ပြင်ထားကြောင်း အကြောင်းကြားလာသည့် အ တွက်လည်း ဒုသမ္မတထံ တင်ပြခဲ့ကြောင်းသိရသည်။

လက်ရှိထောက်ပ့ံပစ္စည်းများနှင့် ဆေးဝါး၊စားသောက်စရာများကို တောလမ်းမှ ဆိုင်ကယ်ဖြင့်သွား ပို့နေရပြီး ခန္တီးမြို့မှ ရောဂါဖြစ်ပွားရာ ကျေးရွာများသို့ ၃ရက်ခန့် သွားရကြောင်းသိရသည်။

လက်ရှိတွင် ရောဂါဖြစ်ပွားနေသည့် နေရာများကို ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါး တချို့ ရောက်ရှိလာသော်လည်း ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ၊ ဆေးဝန်ထမ်းများအနေဖြင့် တခြားသောကျေးရွာများကို ကာကွယ်ဆေးထိုးနှံပေးရန် အခက်အခဲရှိနေကြောင်း နာဂအမျိုးသား ကောင်စီမှ ကိုကဲယုန်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading