အိန္ဒိယအစိုးရက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်၍ အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့် အနောက်ဘင်္ဂလား ကို ဆက်သွယ်မည့် ကီလိုမီတာ ၆၉၀၀ အရှည်ရှိ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် စီစဉ်နေကြောင်းသိရ သည်။
ပြီးခဲ့တဲ့ ၁၃ရက်နေ့က ONGC ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း၏ အမှုဆောင် ဒါရိုက်တာအက်စ် စီ ဆိုနီက သတင်းထောက်များနဲ့ တွေ့ဆုံရာမှာ “အရှေ့မြောက်ဒေသအတွက် ဟိုက်ဒရိုကာဗွန် စီမံကိန်း -၂၀၃၀ ရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ကီလိုမီတာ ၆၉၀၀ ရှည်တဲ့ ပိုက်လိုင်းကို ရခိုင်ပြည်နယ် စစ်တွေ၊ ဘင်္ဂလား
ဒေ့ရှ် က စစ်တကောင်းနဲ့ အရှေ့မြောက်ဖျား ပြည်နယ်တွေဖြစ်တဲ့ ဆီလီဂူရီနဲ့ ဒါဂါပါ ပြည်နယ်တွေကို ဆက် သွယ်သွားမှာ ဖြစ်တယ်” လို့ ဆိုသည်။
လတ်တလောမှာအရှေ့မြောက်ဒေသရှိ ဓာတ်ငွေ့အမြောက်အမြားကို ဝယ်ယူသူထံ ပို့ဆောင်ရန် ပိုက်လိုင်း များ မရှိသည့်အတွက် မီးရှို့ပစ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
“သေးငယ်ပြီး သီးခြားစီဖြစ်နေတဲ့ ဓာတ်ငွေ့တွင်းတွေကနေ ဝယ်ယူဖို့ကို ဝယ်သူဘက်က သိပ်စိတ်မပါကြဘူး။ ဒါကြောင့် ONCG နဲ့ Oil India ကုမ္ပဏီက အခု မီးရှို့ပစ်နေရတဲ့ဓာတ်ငွေ့တွေကို မရောင်းနိုင်ခဲ့ကြဘူး။ အခု စီမံကိန်းကတော့ ဓာတ်ငွေ့ကို ကုန်ထုတ်လုပ်တဲ့နေရာတိုင်းကို ပို့ဖို့ပါပဲ”ဟု ဆွန်နီက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလက BPC ခေါ် ဘင်္ဂလားဒေ့ရှ် ရေနံကော်ပိုရေးရှင်းနှင့် အိန္ဒိယရေနံကော်ပိုရေးရှင်း (IOC) တို့ သည် စစ်တကောင်းဆိပ်ကမ်းမြို့မှာ အရှေ့မြောက်ပြည်နယ်များသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်မည့် သဘာဝ ဓာတ်ငွေ့ရည်စက်ရုံတရုံကို ပူးတွဲတည်ထောင်ရန် ပြီးခဲ့သည် သဘောတူခဲ့သည်။
အာသံပြည်နယ်မှ Numaligarh Refinery Ltd (NRL) နှင့်ဘင်္ဂလားBPC အကြား အနောက်ဘင်္ဂလားပြည် နယ် စီလီဂူရီမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါဘာတီပါအကြား ပိုက်လိုင်းတည်ဆောက်ပြီး အိမ်နီးချင်းနိုင်ငံများသို့မြန်နှုန်းမြင့် ဒီဇယ်ဖြန့်ချိရန် အရောင်းအဝယ်စာချုပ်တခုလည်း ရှိကြောင်း ဆွန်နီက ပြောသည်။
ဤသဘောတူစာချုပ်သည် ယခင်နှစ်ဇွန်လက အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ခ် ဟာဆီနာတို့ ဆွေးနွေးမှုမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်း လည်ပတ်မည့်
ဖက်စပ်ကုမ္ပဏီထူထောင်ရန် သဘောတူစာချုပ်အား အပြီးသပ်ပြဌာန်းချက်ရေးဆွဲရန် သက်ဆိုင်ရာ နှစ်ဖက် အရာရှိများကို ညွှန်ကြားခဲ့သည်။
ပိုက်လိုင်းအရှည် ကီလိုမီတာ၆၉ဝဝတွင် လမ်းကြောင်း၁၃ခုကိစ္စကို အဆိုပြုထားပြီး၊ ဟိုက်ဒရိုကာဗွန် ရည်မှန်း ချက် -၂၀၃ဝမှာ အိန္ဒိယအရှေ့မြောက်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ၂ဆတိုး ထုတ်လုပ်ပြီး ဒေသတွင်းနှင့် အိမ်နီးချင်း နိုင်ငံများအကြား ကုန်သွယ်ရေးကို မြှင့်တင်ရန် ဖြစ်ပြီး၊ ONCG သည် လက်ရှိထိုပြည်နယ်ထဲတွင်ဓာတ်ငွေ့နယ်မြေ ၁၁ခုတွေ့ရှိထားပြီး ရခုမှာ ဓာတ်ငွေ့ထုတ်လုပ်နေပြီဖြစ်သည်။