• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Sule Square စီမံကိန်း မြို့တော်စည်ပင်နှင့် ညှိနှိုင်းနေရဆဲ

by တင်ထက်ပိုင်
18 August 2016
in သတင်း
A A
ရန်ကုန်မြို့လယ်ရှိ တည််ဆောက်ပြီးစီးလုနီးပါး ဖြစ်နေသော Sule Square အဆောက်အအုံ / Reuters

ရန်ကုန်မြို့လယ်ရှိ တည််ဆောက်ပြီးစီးလုနီးပါး ဖြစ်နေသော Sule Square အဆောက်အအုံ / Reuters

936
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့လယ်တွင် တည််ဆောက်ပြီးစီးလုနီးပါး ဖြစ်နေသော Sule Square သည် အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက် နောက်ဆုံးခွင့်ပြုမိန့် ရရန် မြို့တော်စည်ပင်နှင့် ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ (YCDC) ၏ ပြောရေးဆိုခွင့် ရှိသူတဦးက ဧရာဝတီကို သြဂုတ်လ ၁၅ ရက်နေ့က ပြောသည်။

မြို့တော်စည်ပင်က လက်ခံနိုင်သော ပုံစံအတိုင်း Sule Square ဆောက်လုပ်သူများဘက်မှ အပြည့်အဝ ပြုပြင်ပေးခြင်း မရှိသေးသည့်အတွက် နောက်ဆုံးခွင့်ပြုမိန့်ရရန် နှောင့်နှေးနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
133
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
170
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
573

၂၀၁၃ ခုနှစ် ဇန်နဝါရီလက ထုတ်ပေးခဲ့သော မြို့တော်စည်ပင်၏ မူအားဖြင့် ခွင့်ပြုမိန့်အရ မူလဒီဇိုင်းတွင် စတုရန်းပေ  ၅၀၀၀ ခန့် ကျယ်ဝန်းသည့်  အများပြည်သူ အသုံးပြုနိုင်သည့် နေရာ (Public space) နှင့် စတုရန်းပေ ၉၀၀  ခန့် ရှိသည့် အများသုံး အိမ်သာများ ပါရှိခဲ့သော်လည်း ယခုနှစ် မတ်လပိုင်းတွင် Sule Square ဘက်မှ ပြန်လည်တင်ပြလာသည့် ပြောင်းလဲ အဆိုပြုတင်ပြပုံစံ (Revised Proposal) တွင်မူ အများပြည်သူနှင့် သက်ဆိုင်သည့် ယင်းနှစ်နေရာ၏ အကျယ်အဝန်းများ အားလုံးကို လျှော့ချထားခဲ့ကြောင်း သိရသည်။ စတုရန်းပေ ၁၃၀၀ ခန့်သာ ရှိသည့် အများပြည်သူ အသုံးပြုရန် နေရာနှင့် စတုရန်းပေ ၅၀၀ မှ ၆၀၀ အတွင်းသာ  ပါရှိလာသည့် အများသုံး အိမ်သာများအဖြစ် ပြောင်းလဲသွားသည်။

ယခုသြဂုတ်လ အစောပိုင်းတွင် မြို့တော်စည်ပင်သည် ယင်း Revised Proposal ကို စည်ပင်က လက်ခံနိုင်သော ပုံစံအတိုင်း ပြန်လည်တင်ပြပေးရန် Sule Square ဆောက်လုပ်သူများကို တောင်းဆိုခဲ့ရာ ပြီးခဲ့သည့် အပတ်က ပြန်လည်တင်ပြလာခဲ့ကြောင်း သိရသည်။

ယင်းပြန်လည်တင်ပြလာသည့် ပုံစံတွင် အများပြည်သူသုံးနေရာနှင့် အများသုံးအိမ်သာ အကျယ်အဝန်းများကို ကနဦး တင်ပြခဲ့သည့် အကျယ်အဝန်းအတိုင်း ပြန်လည်ထားရှိရန် သဘောတူပေးခဲ့သော်လည်း အချို့အချက်များကို ပြန်လည်ညှိနှိုင်းရန် လိုအပ်သေးကြောင်း လုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများတွင် ပါဝင်သည့် မြို့တော်စည်ပင်မှ အကြီးတန်း အရာရှိတဦးက ဧရာဝတီကို ပြောသည်။

“သူတို့ဘက်က အပြည့်အဝ မလုပ်ထားဘူး။ ပြန်ပြီး ညှိရမယ်” ဟု ယင်းအရာရှိက ပြောသည်။

“အခု ပြန်တင်ပြလာတဲ့ဟာမှာ ဒီဘက်က တောင်းဆိုထားတဲ့ ၃ ချက် ၄ ချက်လောက်မှာ ကျန်တဲ့ ၃ ချက်ကို လိုက်လျောထားပေမယ့် ကျန်တဲ့ တချက်လောက်ကို မသိမသာလေး ပြန်ထည့်ထားတာ တွေ့လို့ ပြန်ပြီး ပြောဖို့ အစီအစဉ် ရှိပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် မြို့တော်စည်ပင်တို့၏ နောက်ဆုံးခွင့်ပြုမိန့် (ပါပစ်ကြီး) မရရှိသေးဘဲ အထပ်ပို ၂ခု ထည့်သွင်းခဲ့သည့်အတွက် ဒဏ်ကြေးငွေ ပြင်းပြင်းထန်ထန် ချမှတ်ရန် နှစ်ဘက်စလုံးမှ အကြမ်းသဘောတူထားပြီး ဖြစ်ကြောင်းလည်း သူက ဆိုသည်။

ညှိနှိုင်းမှုများ အပြီးမသတ်သေးသည့်အတွက် အဆောက်အအုံ ဆောက်လုပ်ခွင့် နောက်ဆုံးခွင့်ပြုမိန့်ကို ထုတ်ပေးဦးမည် မဟုတ်ကြောင်းနှင့် မြို့တော်စည်ပင်က လက်ခံနိုင်သည့် အခြေအနေရောက်သည်အထိ လုပ်ငန်းရှင်နှင့် ဆက်လက်ညှိနှိုင်းမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

“နှစ်ဘက်ညှိနှိုင်းလို့ ရမှပဲ final ပါမစ် ကို ပေးလို့ရမယ်” ဟု ယင်းမြို့တော်စည်ပင် အရာရှိက ပြောသည်။

မြို့တော်စည်ပင်က ၉ ထပ်မှ ၁၂ ထပ်ခွဲ အတွင်းရှိ အဆောက်အဦးများ တည်ဆောက်ရန် ခွင့်ပြုချက် ထုတ်ပေးနိုင်ပြီး ၁၃ ထပ်နှင့် အထက်ဆောက်လုပ်မည့် လုပ်ငန်းရှင်များမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ပါသည်။

၂၃ ထပ်ပါ Sule Square အဆောက်အအုံသည် ယခင်က Traders ဟိုတယ်ဟု သိကြသည့် Sule Shangri-La ဟိုတယ်နှင့် တဆက်တည်း ဆက်လျက် တည်ဆောက်ထားခြင်း ဖြစ်သည်။ အထပ်ပို ၂ ခု ထပ်မံထည့်သွင်းခဲ့ခြင်းက မြို့တော်စည်ပင်၏ မူအားဖြင့် ခွင့်ပြုမိန့်ကို ဖောက်ဖျက်ခြင်း ဖြစ်သော်လည်း ခွင့်ပြုမိန့်ပါ အမြင့်ပေ ၃၀၂ ပေ ကျော် အထိသာ ဆောက်လုပ်ထားကြောင်း သိရသည်။

မြို့တော်စည်ပင်နှင့် ညှိနှိုင်းနေဆဲ အခြေအနေများနှင့် ပတ်သက်၍ မှတ်ချက်တောင်းခံရန် Sule Square ၏ စင်တာဒါရိုက်တာ Peter Ow ကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ယခုသတင်း ထုတ်ပြန်သည့် အချိန်အထိ ပြန်လည် ဖြေကြားမှု မရရှိသေးပါ။

Peter Ow ထံမှ နောက်ဆုံး ရရှိသည့် မှတ်ချက်မှာ ဧရာဝတီ သတင်းဌာသို့ သြဂုတ်လ ၅ ရက်နေ့က အီးမေးလ်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ Sule Square အနေဖြင့် “လိုအပ်သော ခွင့်ပြုချက်များ အားလုံး ရရှိရန် လျှောက်ထားပြီးစီးခဲ့ပြီး စီမံကိန်းအတွက် နောက်ဆုံးခွင့်ပြုမိန့် ရရှိရန် တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်” ဟု သူက အဆိုပါ အီးမေးလ်တွင် ပြောကြားထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီ (High-Rise Inspection Committee) အတွင်းရေးမှူး ဦးအောင်စန်းဝင်းနှင့် ဧရာဝတီက ပြီးခဲ့သည့်လအတွင်းက တွေ့ဆုံခဲ့ရာတွင် ဆောက်လုပ်သူများဘက်မှ စီမံကိန်းအတွက် ပြီးပြည့်စုံသည့် Revised Proposal တင်ပြလာခြင်းသည် အင်မတန် နောက်ကျနေပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ အသစ်နှင့် အဟောင်းကြား တာဝန်လွှဲပြောင်းသည့် အချိန်မတိုင်မီ မတ်လအတွင်းကမှ တင်ပြလာခြင်း ဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဟောင်းနှင့် မြို့တော်စည်ပင်က မူအားဖြင့် ခွင့်ပြုမိန့်နှင့် ကွဲလွဲမှု ၁၀ ခုခန့် ရှိနေသော Revised Proposal ကို နောက်ဆုံးခွင့်ပြုမိန့် ထုတ်မပေးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

Sule Square တည်ဆောက်နေသည့် မြေနေရာသည် မူလက အာမေနီးယန်းသချင်္ိုင်းဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် အများပြည်သူအတွက် ပန်းခြံနေရာအဖြစ် ပြောင်းလဲခဲ့သည်။

Your Thoughts …
Tags: မြို့တော်စည်ပင်
တင်ထက်ပိုင်

တင်ထက်ပိုင်

Freelancer

Similar Picks:

No Content Available
Next Post
ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ / ဂျေပိုင် / ဧရာဝတီ

မင်းဓမ္မဥယျာဉ် အိမ်ရာတွင် တက္ကသိုလ်ဆရာ၊ ဆရာမများကို နေထိုင်ခွင့်ပြုမည်

UWSA ၏ စစ်ရေးပြအခမ်းအနားတခု / mongloi.org

UWSA နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate