သတင်း

စိုက်ပျိုးရေးမိုးလေဝသပညာရှင်များ မွေးထုတ်ပေးရန် ဦးထွန်းလွင် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဒဏ်ကို ဒုတိယအဆိုးဝါးဆုံးခံနေရသည့် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး မိုးလေဝသပညာရှင် (Agrometeorologists) များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင် က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ဒေါက်တာထွန်းလွင်က “မြန်မာပြည်ရဲ့အဓိကအသက်မွေးဝမ်းကြောင်းဟာ စိုက်ပျိုးရေး၊ တခါရာသီဥတုကို ပြန်ကြည့်ရင် ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုဒဏ်အဆိုးဝါးဆုံးခံရတဲ့နိုင်ငံတွေထဲမှာ ကမ္ဘာမှာ မြန်မာဟာ ဒုတိယခံရတယ်၊ စိုက်ပျိုး ရေးကို အဓိကထားလုပ်တဲ့မြန်မာနိုင်ငံမှာ ရာသီဥတုအဆိုးဆုံးဖြစ်နေပြီဆိုကတည်းက စိုက်ပျိုးရေးနဲ့ရာသီဥတုနဲ့ ဆက်စပ် တဲ့ ပညာကတော့ မဖြစ်မနေကို လိုနေပြီ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားများဖြစ်သည့် အတွက်မိုးလေဝသအခြေအနေပေါ် မူတည် ပြီး စိုက်ပျိုးရေး၌ မည်သို့ထိခိုက်နိုင်သည်၊ ထိခိုက်သည့်အခါ ဘာတွေလုပ်ရမည် ဆိုသည့် လမ်းညွှန်ချက်များ လိုအပ်နေပြီး၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သူများမှာ စိုက်ပျိုးရေးမိုးလေဝသပညာ (Agrometeorology)ကို တတ်မြောက် သည့်သူများသာဖြစ်ပြီး၊ လယ်သမားများအား ပြောင်းလဲလာသည့် ရာသီဥတုနှင့် ကိုက်ညီပြီး မည်သည့်အချိန် မည်သည့် သီးနှံ စိုက်ပျိုးကာ၊ ဘာတွေလုပ်သလဲဆိုသည်ကို ထိရောက်စွာ ကူညီနိုင်မှာဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။

ထို့အတွက် နည်းပညာပိုင်းဆိုင်ရာအကြံပေးမှုများ၊ လမ်းညွှန်ချက်များပေးမည့် စိုက်ပျိုးရေးမိုးလေဝသပညာရပ်များ သင်ကြားရန်အတွက် ပညာတော်သင်စေလွှတ်ခြင်းများလည်း မရှိသေးကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (လယ်/ဆည်)ရဲ့လက်ထောက်အတွင်းဝန်ဦးမျိုးတင့်ထွန်းက“ စိုက်ပျိုးရေး မိုးလေဝသပညာရှင်မျိုးရှိလာရင်တော့ တကယ်တမ်း ထိထိရောက်ရောက် ဒီဘက်က ကြိုတင်ကာကွယ်မှုတွေ ဒါမှမဟုတ် လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာတွေ အများကြီးပံ့ပိုးမှုရမှာပါ။ ဒါပေမယ့် တကယ်တော့ ကျနော်တို့မှာ ပညာသင်တွေ လွှတ် ရာမှာ အဲဒီအပိုင်းတော့ ကမ်းလှမ်းတာလည်း မရှိသေးဘူး” ဟု ပြောသည်။

လယ်/ဆည်ဌာနအနေနဲ့ လယ်သမားများကို ရာသီဥတုဖောက်ပြန်မှုဆိုင်ရာပညာပေး ဆွေးနွေးပွဲများ၊ ရာသီဥတုဒဏ် ခံနိုင် သည့် မျိုးစပါးများပြောင်းလဲစိုက်ပျိုးရန်အသိပညာပေးမှုများကို လုပ်ဆောင်နေသော်လည်း အားနည်းနေသေးကြောင်း ၎င်း က ဆက်လက် ရှင်းပြသည်။

သို့သော် လယ်/ဆည်ဌာနအနေနှင့် ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်သည့် စိုက်ပျိုးရေးနည်းစနစ် (Climate Smart Agriculture – CSA)ကို ပြောင်းလဲအသုံးပြုရန် ပညာပေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရန် လယ်သမားများကို အကျိုးပြုသည့် လုပ်ငန်းများ၊ ခေတ်မီ တိုးတက်မည့်နည်းများကို တာဝန်ရှိသည့် အစိုးရအနေနဲ့ ဦးဆောင်လုပ်ပေးရန် လိုကြောင်း၊ နိုင်ငံခြားပညာတော်သင်များစေလွှတ်ရာတွင်လည်း နိုင်ငံ ရဲ့လိုအပ်ချက်နှင့် ကိုက်ညီမယ့်လူတွေကိုသာ ရွေးချယ်စေလွှတ်တာမျိုး၊ အစိုးရက စီစဉ်ပြီး လွှတ်တာမျိုးဖြစ်သင့်ကြောင်း ဒေါက်တာ ထွန်းလွင်က အကြံပြုသည်။

စိုက်ပျိုးရေး မိုးလေဝသပညာရပ်နှင့် ပတ်သက်လျှင် အစ္စရေး၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများမှာ ထင်ရှားသည့် နိုင်ငံများ ဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားသည့် မိုးစပါး၃သိန်းကျော် ရေနစ်မြုပ်ခဲ့ရပြီး ယခုနှစ် ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတဝန်း စိုက်ပျိုးဧကစုစုပေါင်း၅သိန်းကျော် စံချိန်တင် ရေနစ်မြုပ်ခဲ့ရကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့စာရင်းများ၌ ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading