“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မ တော် (UWSA) ကိုယ်စားလှယ်များအတွက် ၂၁ ရာစုုပင်လုုံ ညီ လာ ခံ တက်ခွင့် ကတ် ပြား မှားယွင်း မှုသည် အစိုးရ၏ ချို့ယွင်းချက် မဟုတ်ကြောင်း ၂၁ရာစုပင်လုံ – ပူးတွဲ ကျင်း ပရေး ကော်မတီမှ ဦးမျိုးဝင်းက ဧရာဝတီကို ပြောသည်။
နေပြည်တော်တွင် ကျင်းပနေသော ၂၁ ရာစုု ပင်လုုံညီလာခံတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့် ပြု သော ၀င်ခွင့် ကတ်ပြားဖြင့်သာ ညီလာခံတက်ခွင့်ရ၍ ညီလာခံ ဆက်လက် မတက်ဘဲ စက်တင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်မှ ထွက်ခွာ၍ နေရပ်ပြန် သွားခဲ့ကြသည်။
၂၁ ရာစုု ပင်လုုံ ညီလာခံ မကျင်းမီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စားလှယ် ၂၀၀ တို့၏ ညီလာခံ ဝင်ခွင့် ကတ်ပြားများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်က ထုတ်သွား ခဲ့ကြောင်း၊ “၀” အဖွဲ့ က အစုုိးရကိုုသာ ဆက်သွယ်၍ ၀င်ခွင့်ကတ်ပြား တောင်းယူသဖြင့် အစုုိးရ ငြိမ်း ချမ်း ရေး ကုုိယ်စားလှယ် အဖွဲ့က လေ့လာ သူ ၀င်ခွင့်ကတ်ပြားများ ထုုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။
ဦးမျိုးဝင်းက “သူတို့ကတ်ပြားတွေ့ ကျနော်တို့လက်ထဲမှာ ရှိတယ်။သူတို့က ကျနော်တို့နဲ့ ဆက်သွယ်မှု မရှိ ဘူး။ အစိုးရ နဲ့ ပဲ ဆက်သွယ်တော့ ကျနော်တို့လည်း မသိလိုက်ဘူး” ဟု ပြောသည်။
ကတ်ပြား မှားယွင်းရရှိခဲ့သည်မှာ UWSA ကိုယ်စားလှယ်များသာ မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်- မိုင်းလားအဖွဲ့ (NDAA) ကိုယ်စားလှယ်များလည်း မှားယွင်း ရရှိခဲ့သည်ဟု သိရသည်။
အစိုးရကလည်း ၎င်းတို့ထံတွင် တိုင်းရင်းသားကိုယ်စားလှယ်ကတ်ပြားများ မရှိသဖြင့် လေ့လာသူ ကတ်များ သာ ထုတ်ပေးလိုက်သည်ဟု အစုုိးရ ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးလှမောင်ရွှေက ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ အတွင်းရေးမှူးဦးခင်ဇော်ဦးနှင့် တိုင်းရင်းသားများဘက်မှ ၂၁ရာစုပင်လုံ – ပူးတွဲကျင်းပရေးကော်မတီ ကိုယ်စားလှယ်များက UWSA ကိုယ်စားလှယ်များထံ ယနေ့ နေ့လယ်က လိုက် လံ ရှင်းပြခဲ့ကြကြောင်း သိရှိရသည်။
ဦးမျိုးဝင်းက “ ကျနော်တို့ လိုက်ပြီး ရှင်းပြပါတယ်။သူတို့က ဗဟိုကို တင်ပြပြီးပြီ။ ဒီတော့ ကျနော်တို့ ကတ် ကိစ္စ EAO တွေ ထုတ်သွားတယ်ဆိုတာ။ ရှင်းပြတော့ နားလည်ပါပြီတဲ့။ ဗဟိုကို ပြန်တင်ပြ လိုက်ပါမယ် တဲ့ ပြန်ပြောပါတယ်” ဟုပြောသည်။
UWSA ကိုယ်စားလှယ်များကလည်း ၎င်းတို့ကို ညီလာခံ ပထမရက်တွင် လေ့လာသူ ကတ်ပြားများသာ ထုတ်ပေးခဲ့သဖြင့် ၎င်းတို့၏ ဗဟိုသို့ အကြောင်းကြားခဲ့ကြောင်း၊ ဗဟိုက ၎င်းတို့ကို ဌာနေသို့ ပြန်လာ ခဲ့ကြ ရန် ပြောဆိုသဖြင့် ပြန်သွားကြခြင်း ဖြစ်သည်ဟု သိရသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားများ၏၂၁ရာစုပင်လုံ- ပူးတွဲ ကျင်းပ ရေး ကော်မတီက UWSA ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး ညီလာခံတွင် လွဲမှားခဲ့သည့် ကိစ္စရပ်များကို ပြေလည် စေရန် ထပ်မံ ညှိနှိုင်းမှုများလည်း ပြုလုပ်သွားမည်ဟု သိရသည်။
၂၁ရာစုပင်လုံ ညီလာခံသို့ UWSA မှ တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံ တာ့ဆမ်လွတ် ဦးဆောင်သည့် အဖွဲ့ တက်ရောက်ခဲ့ပြီး UWSA သည် ယခင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဖိတ်ခေါ်ခဲ့သော်လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
ယခုုနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပသည့် ၂၁ရာစုပင်လုံညီလာခံကို UWSA က ပထမဆုံး အကြိမ် တက်ရောက်လာခြင်း ဖြစ်ကြောင်း၊ ညီလာခံ မတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ ရှန် ကလည်း ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အထိ လာရောက်ပြီး ၂၁ရာစု ပင်လုံ ညီလာခံသုုိ့ တက်ရောက်ရန် UWSA ကိုု တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
UWSA သည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၂၁ ဖွဲ့အနက် အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပြီး UWSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိပေ။
ယခင်စစ်အစုုိးရနှင့် “၀” အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၁၉၈၉ ခုနှစ်၊ မေလ ၉ရက်က ချုပ်ဆို ထား သည်မှာ ၂၇ နှစ်ခန့် ရှိပြီဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ ၂၅ ရက်က ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ် ချုပ်ဆုုိခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန် ၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များကို ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အစိုးရက သတ်မှတ် ပေးထား သော် လည်း UWSA /UWSP က အစိုးရကို ၎င်းတို့အား ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဆင့်မှ ပြည်နယ် အဆင့် တိုးမြှင့် သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရှိရသည်။