မြန်မာနုုိင်ငံတွင် ယခုုနှစ် မိုးနှောင်းကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၃ ခုုမှ ၅ ခုုအထိ ဖြစ်ပေါ်နုုိင်ပြီး ရေကြီးမှု အခြေအနေ ဆုုိးဝါးနုုိင်ကြောင်း မုုိးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆုုိသည်။
မြန်မာနိုင်ငံအတွင်းတွင် ယခုအချိန်အထိ ဘင်္ဂလားပင်လယ်အော်ထဲတွင် မေလကဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း (ROANU) တလုံး တည်းသာဖြစ်သေးခဲ့ကြောင်း၊ မကြာခင်မိုးကုန်တော့မည်ဖြစ်ပြီး မိုးကုန်သည်အထိ ယင်းမုန်တိုင်း တလုံး တည်း သာရှိလိမ့်မည်ဖြစ်၍ မိုးရာသီအကုန် မိုးလွန်ကာလ အောက်တိုဘာ၊ နို၀င်ဘာ၊ ဒီဇင်ဘာ ၃ လအတွင်း တွင် မုန်တိုင်း များစုပြုံပြီးဖြစ်ပေါ်နိုင်ကြောင်း ၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်အတွင်း နှစ်အလုုိက် ပျှမ်းမျှအားဖြင့် မိုးနှောင်း ကာလ ၃ လအတွင်းဖြစ်သည့် မုန်တိုင်း အရေအတွက် ၃ လုံးအထက်ရှိကြောင်း ဒေါက်တာထွန်းလွင်က ဆုုိသည်။
“ဒီနှစ်မိုးလွန်ကာလမှာလည်း ဆရာက မုန်တိုင်း ၃ လုံးကနေ ၅ လုံးအထိဖြစ်လိမ့်မယ်လို့ မှန်းထား တယ်။ ဘင်္ဂလား ပင်လယ် အော်မှာ။ မုန်တိုင်းအနေအထားကတော့ အဲဒီအတိုင်းရှိတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၆ မိုးရာသီ မိုးလယ်ကာလသည် မကြာခင်ကုန်ဆုံးတော့မည်ဖြစ်ပြီး စက်တင်ဘာမိုးနှောင်းကာလအတွင်းမှာပင် မုတ်သုုံ ပြန်ဆုတ်ခွာ မည်ဖြစ်ကြောင်း၊ မုုိးရွာသွန်းမှုနှင့်ပတ်သက်၍ မိုးရေချိန်သည် မုုိးဦးရာသီမှမုုိးလယ်ကာ အထိ အတက်အကျ ရှိသော်လည်း အားလုံး ကိုခြံုငုံပြောပါက ယခုနှစ် မိုးကောင်းသည်ဟု ပြောနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သုံးသပ် သည်။
မြန်မာနိုင်ငံသည် မုုိးရာသီကာလတွင် တနှစ်လျှင် ရေကြီးမှု ၃ ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး ယခုုအခါ ဒုတိယရေကြီးကာလ ပြီးသွားပြီ ဖြစ်ကြောင်း၊ စက်တင် ဘာ တွင် စတင်မည့်တတိယရေကြီးကာလသုုိ့ ရောက်ရှိနေပြီဖြစ်ပြီး တတိယ ရေကြီးကာလတွင် ရေကြီးမှုသည် အနည်း ငယ်အခြေအနေဆိုးနိုင်ကြောင်း ၎င်းက သုုံးသပ် ပြောဆုုိသည်။
“မုတ်သုံရယ်၊ ဘင်္ဂလားပင်အော်ဖြစ်တဲ့ မုန်တိုင်းရယ်၊ အရှေ့ဘက်ကရွေ့လာတဲ့ လေပွေလှိုင်းရယ် ၃ ခုစလုံးသွားဆုံတယ်။ ဒါလေးတခုကိုခြွင်းချက်တခုအဖြစ်သိထားသင့်တယ်။ အဲလိုမဖြစ်ဘူးဆိုရင်တော့ တတိယရေကြီးကာလရဲ့ရေကြီးမှုဟာ ပြီး ခဲ့တဲဲ့ ဇူလိုင်၊ သြဂုတ်ရေကြီးမှုကိုမမီပါဘူး။ သာမန်အားဖြင့်တော့မမီပါဘူး။ သို့သော်ခြွင်းချက် အဲလိုတိုက်ဆိုင်မယ်ဆိုရင် တော့ ရေကြီးတာဟာနည်းနည်းဆိုးသွားနိုင်ပါတယ်” ဟုု ဒေါက်တာထွန်းလွင်က သတိပေးသည်။
၁၉၇၄ ခုနှစ်တွင် ဧရာဝတီမြစ်ရေသည် အလွန်အမင်းမြင့်တက်ပြီး ရေကြီးခဲ့ဖူးကြောင်း၊ ပဲခူးတုုိင်း ပြည်မြို့ ရွှေဆံတော် ဘုရား ခြေရင်း တည်ထားသည့် ခြင်္သေ့ကြီးများ၏ခြေရင်းရောက်သည်အထိ ဧရာဝတီမြစ်ရေတက်ခဲ့သည်အထိ ရေကြီးမှု ဆုုိးဝါးခဲ့ကြောင်း ၎င်းက ပြောပြသည်။
၂၀၁၆ ခုနှစ် ရေကြီးမှုဒဏ်ကို မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်ရှိ လူဦးရေ ၄ သိန်းကျော် ခံစားခဲ့ရပြီး နိုင်ငံတဝန်း စိုက်ပျိုးဧကစုစုပေါင်း ၅ သိန်းကျော် စံချိန်တင် ရေနစ်မြုပ်ခဲ့ရကြောင်း သက်ဆိုင်ရာ ၀န်ကြီးဌာနများက ထုတ်ပြန်ထားသည်။
“ရေတွေပြန်ကျသွားပြီ။ ကယ်ဆယ်ရေးစခန်းတွေ မရှိသလောက်ပဲ။ ကျောင်းကုန်းမှာပဲကျန်တော့တယ်။ ပျက်စီးသွားတဲ့စပါး ခင်းတွေ ပြန်စိုက်နေကြပြီ။ တချို့ကတော့ နောက်ရေတခုရှိသေးတယ်ဆိုပြီးသိထားတော့ မစိုက်သေးတာလည်းရှိသေး တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက လက်ရှိအခြေအနေကို ပြောသည်။