သတင်း

ချင်းမိုင်၌ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ဦးထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ဆိုင်းအရပ်၌ အသက် ၁၈နှစ်နှင့် ရ၄နှစ် အရွယ် အမျိုးသမီး ၂ဦး၌ ဇီကာ ဗိုင်းရပ်စ်ထပ်မံတွေ့ရှိကြောင်း ချင်းမိုင်အုပ်ချုပ်ရေးမှူး Pawin Chamniprasartက ယနေ့ပြောဆိုလိုက် ပါတယ်၊ ရောဂါတွေ့ရှိသူ ၁၈နှစ်အရွယ် အမျိုးသမီးမှာ တက္ကသိုလ်ကျောင်းသူဖြစ်ပြီး၊ ပြီးခဲ့တဲ့စနေနေ့က ဖျားနာရာမှ ဇီကာဗိုင်း ရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။  အသက် ရ၄နှစ်အရွယ် အဖွား အိုကတော့ ဗုဒ္ဓဟူးနေ့က ဖျားနာပြီးနောက် ဇီကာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉ဦးရှိပြီဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းက ဇီကာဗိုင်းရပ်စ်တွေ့ရှိခဲ့တဲ့ အမျိုးသမီး ရဦးကတော့ ပြန်လည်ကျန်းမာလာပြီလို့ ဆိုပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ အေးဒီစ်(Aedes)ခြင်ကျားကိုက်ခြင်းမှ ဖြစ်ပေါ်စေခြင်းဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်မိခင် များကို ကိုက်ခံရပါက ဦးနှောက်ချို့ယွင်းပြီး ခေါင်းကြီးနေသည့် ကလေးငယ်များကို မွေးဖွားစေပါတယ်။

အေးဒီစ်(Aedes)ခြင်ကျားဟာ သွေးလွန်တုတ်ကွေးရောဂါကိုလည်း ဖြစ်ပွားစေတဲ့အတွက် ဇီကာဗိုင်း ရပ်စ် နဲ့ သွေးလွန်တုတ်ကွေးရောဂါဟာ ဆက်စပ်နေပါတယ်။

ယခုနှစ်အတွင်း ချင်းမိုင်ဒေသ၌ ခြင်ကနေကူးစက်တဲ့ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၃ထောင်ခန့် ရှိခဲ့ပြီး၊ ဟန်ဒုန်းခရိုင်က ၉နှစ်အရွယ်ကလေးတဦးသေဆုံးခဲ့ရပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ အရှေ့တောင်အာရှဒေသကို ပျံနှံလာခဲ့ရာက ပြီးခဲ့သည့် ရက်ပိုင်းက စင်ကာပူနိုင်ငံ မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀ကျော် ရှိခဲ့ပြီး၊ စင်ကာပူနိုင်ငံကို သွားရောက်လည်ပတ်တဲ့ မလေးရှား အမျိုးသမီးတဦးမှာ ဖျားနာပြီးနောက် ဇီကာဗိုင်းရပ်စ် တွေ့ရှိခဲ့ပါတယ်။
စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် ရည်ရွယ် သည့် မိခင်များအနေဖြင့် စင်ကာပူနိုင်ငံသို့ လတ်တလော မလာရောက်ရန် ကြေညာချက်ထုတ်ပြန် ထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန်

Loading