• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုင်းပွန်တွင် အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

by နန်းဆိုင်နွမ်
2 September 2016
in သတင်း
A A
မိုင်းပွန်တွင် အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
1.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့တွင် ယမန်နေ့ ညနေ ၄ နာရီခန့်က အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျန်ဖူးလုံ ဆိုသူက မိုင်းပွန်မြို့ စျေးပိုင်းရပ် ရှိ နေအိမ်တွင် နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် ဦးအိုက်မြင့်၏ ရင်ဘတ်ကို သေနတ်ဖြင့် တချက် ပစ်ခဲ့ကြောင်း၊ အသက် ၅၁ နှစ် အရွယ် ဒေါ်ယဉ်မေ၏ ညာဖက် ဝမ်းဗိုက်နှင့် တင်ပါး ကိုလည်း သေနတ်ဖြင့် ပစ်ကာ ထွက်ပြေးသွားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ဒုရဲမှူးဆန်းလွင် က ဧရာဝတီသို့ပြောသည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
816
မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

22 May 2025
39
မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
243

“ လာပစ်တဲ့သူက အိမ်ကို အမြဲ ဝင်ထွက်သွားလာတဲ့ ကျန်ဖူးလုံဆိုတဲ့ သူလို့ သေနတ်ပစ်ခံရတဲ့ လင်မယား၂ ဦးရဲ့ သမီးက ပြောပါတယ်။ ဦးအိုက်မြင့်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒေါ်ယဉ်မေကတော့ လွိုင်ကော်ဆေးရုံကနေ အခု တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ခွဲစိတ်နေရပါတယ်။ ” ဟု ဒုရဲမှှူး ဆန်းလွင် ကဆိုသည်။

ရဲတပ်ဖွဲ့က သံသယရှိနေသူ ကျန်ဖူးလုံ သည် တောဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ကျန်ဖူးလုံ ကို ဖမ်းဆီးရန် နယ်မြေ ရဲတပ်ဖွဲ့ ှနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များလိုက်လံရှာဖွေနေကြောင်း၊ လူမှုရေး ကိစ္စဖြင့် အသတ်ခံရသည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

“ ဒေါ်ယဉ်မေက အရေးပေါ် ခွဲစိတ်နေတဲ့အတွက် ကျနော်တို့ ရဲတပ်ဖွဲ့က ဘာမှ သေချာ မမေးရသေးဘူး။ ကျနော်တို့ တရားခံ နာမည် ပဲ သိရသေးတယ်။ ဘာကြောင့် ဖြစ်လည်းဆိုတာကိုတော့ ဒေါ်ယဉ်မေ သက်သာလာမှ သေချာ သိရမယ်” ဟု ဒုရဲမှူး ဆန်းလွင်က ထပ်မံပြောသည်။

အဆိုပါ အမှုကို မိုင်းပွန်မြို့ ရဲစခန်းက ရာဇာသတ်ကြီး ပုဒ်မ ၃၀၇ နှင့် ပုဒ်မ ၃၀၂  တို့ ဖြင့် အမှု့ဖွင့်ထားကြောင်း သိရသည်။

သြဂုတ် ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ရွှေညောင်မြို့  တောင်နီကျေးရွာ တွင် မိသားစု ၃ ဦး အသတ်ခံရသည်။

Your Thoughts …
Tags: မိုင်းပွန်
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ဟိုပုံးနှင့် မိုင်းပွန်ကြား တိုက်ပွဲကြောင့် ကားလမ်းပိတ်နေ

ဟိုပုံးနှင့် မိုင်းပွန်ကြား တိုက်ပွဲကြောင့် ကားလမ်းပိတ်နေ

by စောရယ်
22 February 2024
2.6k

ယနေ့ နံနက်ပိုင်းကလည်း ဟိုပုံးနှင့် မိုင်းပွန်ကြားဟု ယူဆရသည့်နေရာဆီမှ လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း‌၊ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဟိုပုံးနှင့် မိုင်းပွန်ကြားတွင် တိုက်ပွဲများဖြစ်လာပြီးနောက် မိုင်းပွန်မြို့ကို လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း

Next Post
မြောက်ကိုရီးယားရေငုပ်သင်္ဘောကြောင့် ခေတ်မီကင်းလှည့်လေယာဉ်များ တောင်ကိုရီးယား ၀ယ်မည်

မြောက်ကိုရီးယားရေငုပ်သင်္ဘောကြောင့် ခေတ်မီကင်းလှည့်လေယာဉ်များ တောင်ကိုရီးယား ၀ယ်မည်

မြန်မာ့အစားအစာ မုန့်ဟင်းခါး / Foodie Myanmar

ရန်ကုန်မြို့က အရသာရှိပြီး သန့်ရှင်းတဲ့ မုန့်ဟင်းခါးဆိုင် ရ ဆိုင်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate