မနက်စာဟာ နေ့တနေ့ကို ဖြတ်သန်းဖို့အတွက် ကျန်းမာရေးအတွက် အရေးကြီးဆုံးနဲ့ မစားမဖြစ် အစားအစာပါ။ မနက်စာကို အာဟာရှိရှိ အရသာရှိရှိ ဗိုက်ဝဝစားသုံးထားမှ တနေကုန် အားအင် အပြည့်နဲ့ အလုပ်လုပ်နိုင်မှာပါ။ မြန်မာရိုးရာ အစားအစာထဲမှာဆိုရင်တော့ “မုန့်ဟင်းခါး” ဟာ နာမည်ကြီး အစားအစာပါ။ မုန့်ဟင်းခါးကို နံနက်စာအဖြစ် မြန်မာအများစုစားသုံးကြပါတယ်။
ဒီတပတ်မှာတော့ ဧရာဝတီရဲ့ အစားအသောက်ကဏ္ဍကနေတဆင့် Foodie Guide မှာ ညွှန်းဆိုထားတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ မုန့်ဟင်းခါးဆိုင် ရ ဆိုင်ကို အရသာတမျိုးတည်း မဟုတ်ဘဲ အပြင်အဆင်၊ ကျန်းမာရေးနှင့် ညီညွတ်မှု၊ သန့်ရှင်းသပ်ရပ်မှုတို့အပေါ် မူတည်ပြီး ညွှန်းဆို ရွေးချယ်ပေးလိုက်ပါတယ်။
(၁) “ရွှေပလ္လင်”
“ရွှေပလ္လင်” မုန့်ဟင်းခါးကို ရွေးချယ်ရပေးချင်တာကတော့ ဆိုင်ခွဲများပြီး Shopping Center တွေကို သွားရင်းလာရင်း အလွယ်တကူ စားသုံးနိုင်ခြင်းကြောင် ့ ဖြစ်ပါတယ်။ မုန့်ဟင်းခါး အရသာကလည်း ကောင်းမွန်တာကြောင့် လူကြိုက်များပြီး နာမည်ကြီးပါတယ်။
လိပ်စာ –
ဆိုင်၁။ အမှတ် ၃၇၊ ဟံသာဝတီလမ်းထောင့်။
ဆိုင်၂။ မြန်မာပလာဇာအတွင်း။
ဆိုင် ၃ မှ ၅။ Junction Square၊ Junction 8 နှင့် Junction Mawtin အတွင်း
ဆိုင် ၆ နှင့် ရ။ လှည်းတန်းဂမုန်းပွင့်စင်တာ နှင့် ကမ္ဘာအေး ဂမုန်းပွင့်စင်တာ အတွင်း
ဆိုင် ၈။ ၉မိုင် Ocean စင်တာအတွင်း။
(၂) “Rangoon Tea House”
ရန်ကုန်တီးဟောက်(စ်) မှ မုန့်ဟင်းခါးကတော့ အပြင်အဆင် အလွန်ကောင်းမွန်ပြီး အရသာရှိရှိ ကျန်းမာရေး နှင့် ညီညွတ်အောင် ချက်ပြုတ်ထားတာကြောင့် ညွှန်းဆိုချင်ပါတယ်။
လိပ်စာ – အမှတ် ရ၇/၇၉၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်။
(၃) Sport Bar (Mya Yeik Nyo)
မြရိပ်ညို “Sport Bar” မုန့်ဟင်းခါးကတော့ ညဖက်အပြင်ထွက်သူများကြားမှာ ရေပန်းစားတာကြောင့် ရွေးချယ်ရခြင်း ဖြစ်ပါတယ်။
လိပ်စာ -အမှတ် ၂၀၊ ပုလဲလမ်း၊ မြရိပ်ညိုဟိုတယ်ဝင်းအတွင်း။
(၄) Feel (Pyi Daung Su Ave)
Feel မုန့်ဟင်းခါးကတော့ သန့်ရှင်းခြင်း၊ စျေးနှုန်း ချိုသာခြင်း၊ အလေးအပင် အရသာ မလွန်ကဲခြင်းကြောင့် သွေးတိုးခြင်း လျော့နည်းခြင်းတို့ကြောင့် ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။
လိပ်စာ – အမှတ် ၁၂၄၊ ပြည်ထောင်စုရိပ်သာလမ်း။
(၅) Green Elephant (University ave)
Green Elephant မှ မုန့်ဟင်းခါးကတော့ နိုင်ငံခြားသားတွေကြားမှာ ရေပန်းစားတဲ့ ဂုဏ်ယူစရာ မြန်မာ့ရိုးရာ စားစရာအဖြစ် နှစ်အတော်ကြာ ရောင်းချလာခြင်းကြောင့် ဖြစ်ပါတယ်။
လိပ်စာ – အမှတ် ၃၇၊ တက္ကသိုလ်ရိပ်သာ လမ်းဟောင်း။ ရွှေတောင်ကြား (၁)ရပ်ကွက်၊ဗဟန်းမြို့နယ်။
(၆) Lucky Seven (49th Street)
Lucky Seven မုန့်ဟင်းခါးကတော့ မနက်စောစောထသူများအတွက် မနက်စောစောစီးစီး အရသာရှိစွာ စားသုံးနိုင်တာကြောင့် ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။
လိပ်စာ – အမှတ် ၁၃၈/၁၄၀၊ ၄၉လမ်းအပေါ်ဘလောက်။
(၇) Cafe Sule`
Cafe Sule` မှ မုန့်ဟင်းခါးကတော့ နိုင်ငံခြားသားတော်တော်များများ ကိုယ်တိုင်စားဖူးသူတိုင်း Recommend ပေးတဲ့ မုန့်ဟင်းခါးဖြစ်တာကြောင့် Foodie Guide မှ ဖော်ပြပေးလိုက်ပါတယ်။
လိပ်စာ – အမှတ် ၂၂၃၊ ဆူးလေဘုရားလမ်း၊ Shangri-La ဟိုတယ်၊ မြေညီထပ်။