သတင်း

ဒေါ်အောင်ဆန်းစုုကြည် ခရီးစဉ်အတွင်း အမေရိကန်စီးပွားရေးပိတ်ဆုုိ့မှု ရုုပ်သိမ်းတော့မလား

Want create site? Find Free WordPress Themes and plugins.

မြန်မာအစုုိးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယခုလအတွင်း အိမ်ဖြူတော်သို့ လာရောက်သည့် အချိန်ဝန်းကျင်တွင် မြန်မာ နိုင်ငံ အပေါ်ချမှထားသည့် စီးပွားရေး ဒဏ်ခတ်အရေးယူမှုများကို နောက်ထပ် ဖြေလျှော့ပေးခြင်း သို့ မဟုတ် ရုုပ် သိမ်း ပယ်ဖျက်ပေးခြင်းများ ပြု လုပ်ပေးရန် အမေရိကန်နိုင်ငံက စဉ်းစားနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိ သူများကုုိ ကုုိးကား၍  Reuters သတင်းဌာနက စက်တင်ဘာလ ၂ ရက်နေ့တွင် သတင်းရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၄ရက် နှင့် ၁၅ ရက်နေ့များတွင် အမေရိကန်ပြည်ထောင်စုု၊ ဝါရှင်တန်သို့ လာရောက်၍ သမ္မတ အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒန်၊ အမေရိကန် ကွန်ဂရက် လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်း ရှင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာပြည့်ဝနေသေးသော တပ်မတော် အပေါ် အမေရိကန် အစိုးရက တင်းကျပ်မှုများ မည်မျှ အထိ ဖြေလျှော့ပေးရန် ဒေါ်အောင်ဆန်းစုကြည်က အလိုရှိသည်ကုုိ အမေရိကန် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ညှိ နှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးချိန်တွင် စီးပွားရေးပိတ်ဆုုိ့မှု ဖြေလျှော့ခြင်း(သုုိ့တည်းမဟုုတ်) ရုုပ်သိမ်းခြင်းကုုိ သမ္မတ အိုဘားမားက ဆုုံးဖြတ်လိမ့်မည်ဟုု မျှော်လင့်ရသည်။

ဒီမိုကရေစီ ပုံရိပ်တခု ဖြစ်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံခေါင်းဆောင်အနေ ဖြင့် နေအိမ် အကျယ်ချုပ်ကျခံနေရသည့် ကာလများအတွင်းတွင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု များ ပြုလုပ်ခြင်းကို ထောက်ခံခဲ့သော်လည်း ယခုအချိန်တွင်မူ သူက ပြည်သူများကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ စီးပွား ရေး အကျိုး ရလဒ်များကို ပြသခြင်းနှင့် အခြားသောပြုပြင်ပြောင်းလဲရေးများအတွက် တိုင်းပြည်မှ စစ်ဗိုလ်ချုပ် ကြီးများ အပေါ် ဖိအားပေးခြင်းများကြားတွင် ဟန်ချက်ညီမျှအောင် ကြိုးစားနေသည်။

မြန်မာနိုင်ငံတွင် အရပ်သား ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရတခုအဖြစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းခဲ့ပြီး နောက် ပိုင်းတွင် ကျင့်သုံးခဲ့သော သမ္မတ အိုဘားမား၏ သမိုင်းဝင် တံခါးဖွင့် မူဝါဒကို သူ၏ နိုင်ငံခြားရေးရာ မူဝါဒ၏ အောင်မြင် မှုများထဲမှ တခု အဖြစ်မြင်ခဲ့ကြသည်။ သို့သော်လည်း ရာထူးသက်တမ်းကုန်ဆုံးရန် ၅လပင် မလိုတော့သည့် အချိန်တွင် သူ၏ အစိုးရအနေဖြင့် စစ်အုပ်ချုပ်ရေး၏ အကြွင်းအကျန်များကို ပယ်ဖျက်ရေးအတွက် တွန်းအားပေးမှုများ အပေါ် လက်လျှော့ရန် သတိကြီးကြီးထားနေကြဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန် ခရီးစဉ်က ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရ၍ အာဏာရရှိလာပြီးနောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပထမဆုံး သွား ရောက်သည့် ခရီးစဉ် ဖြစ်ပါသည်။

သမ္မတ အိုဘားမား၏ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး Ben Rhodes က ယခုအပတ်အတွင်း၌ ကွန်ဂရက် လွှတ်တော်မှ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် သမ္မတက အရေးယူ ဒဏ်ခတ်မှုများကို လျှော့ချရန် သို့မဟုတ် ပယ်ဖျက်ပေး ရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိ အများအပြားကပြောသည်။

Reuters သတင်းဌာနနှင့် စကားပြောခဲ့သော အမေရိကန်အရာရှိများက ၎င်းတို့၏ အမည်ကိုဖော်ပြခြင်း မပြုရန် တောင်းဆို ခဲ့ပြီး သမ္မတ အိမ်ဖြူတော်သို့ စီးပွားရေးပိတ်ဆုုိ့မှုများ ဖြေလျှော့ ရုုပ်သိမ်းဖွယ်ရှိသည့်သတင်းနှင့်ပတ်သက်၍ မှတ်ချက် တောင်းခံသည့် အခါ ဖြေဆုုိရန် ငြင်းပယ်ခဲ့သည်။

အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တိုးချဲ့ရန် ဆန္ဒစောနေခြင်းမှာ အာရှတွင် တရုတ်နိုင်ငံ အင်အားကြီး ထွားလာမှုကို တန်ပြန်ရန်နှင့် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်နေသည့် ဖွံ့ဖြိုးဆဲစျေးကွက်များ( ဖွံ့ဖြိုးမှုနည်းပါး သော်လည်း အလျှင်အမြန် တိုးတက်လာနေသည့်သည့် စီးပွား ရေးများ)ထဲမှ တခုဖြစ်သည့် မြန်မာနိုင်ငံက တံခါးဖွင့် လာသည့် အချိန် တွင် အမေရိကန် စီးပွားရေး လုပ်ငန်းများက အခွင့်အရေး ရယူနိုင်ရန် ဖြစ်သည်။

တပ်ပုုိင်စီးပွားရေးလုုပ်ငန်းများ

ကျန်ရှိနေသေးသည့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု အများစုမှာ မြန်မာစစ်တပ်က လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေး မလုပ်ရန် တားမြစ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတင် သွင်းခြင်းကို တားမြစ်ခြင်း နှင့် ကန့်သတ်ထားသည့် လူပုဂ္ဂိုလ်များဖော်ပြထားသော အမည်ပျက်စာရင်း တို့လည်း အပါ အဝင်ဖြစ်သည်။

သမ္မတ အိုဘားမားအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အချို့ကို အကြိမ်တော်တော်များ များ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဖြေလျှော့ပေးမှုများတွင် မေလအတွင်းက အစိုးရပိုင်ဘဏ်များကို နာမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်းနှင့် အရေးပါသည့် အစိုးရပိုင် သစ်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ကန့်သတ်မှုများ ဖြေ လျှော့ပေးခဲ့ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ကန့်သတ်မှုအများစုကိုမူ သက်တမ်း ၁ နှစ် ထပ်တိုးခဲ့သည်။

“ကျနော်တို့က ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ကြည့်နေပါတယ်။ မြန်မာ နိုင်ငံ က ရင်းနှီးမြှုပ်နှံမှု အခြေအနေ တိုးတက်ကောင်းမွန်လာရေးအတွက် ဘာလုပ်နိုင် မလဲဆိုတာကို သိနိုင်အောင်လည်း ကြိုးစားနေပါတယ်။” ဟု အမေရိကန် အစိုးရ သတင်းရင်းမြစ်တခုက ပြောပြသည်။

အဆိုပါ အပြောင်းအလဲများထဲတွင် မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေး (Generalized System of Preferences) ပေးသည့် အစီအစဉ် အတွင်းသို့ ထည့် သွင်းရေးလည်း ပါဝင်သည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြော သည်။ ထိုအစီ အစဉ်မှာ ဆင်းရဲနွမ်းပါးသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ များမှ ကုန်ပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့် ပြုသည့် အစီ အစဉ်ဖြစ်သည်။

အရေးပါသည့် မေးခွန်းမှာ ယခင် စစ်အစိုးရ ရေးဆွဲခဲ့သည့် အခြေခံ ဥပဒေအရ နိုင်ငံရေးတွင် အခိုင်အမာဆုပ်ကိုင်ထားနိုင် ပြီး စီးပွားရေး အင်အားအခြေခံလည်း ရှည့်နေသည့် တပ်မတော်အပေါ် အမေရိကန်၏ ဖိအားများကို မည်သည့် အတိုင်း အ တာ အထိဖြေလျှော့ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒ ရှိသနည်း ဆိုသည့် မေးခွန်းဖြစ်သည်။

အမေရိကန် အစိုးရ၏ အရေးယူပိ်တ်ဆို့မှုများ ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ ကွန်ဂရက် လွှတ်တော်က မည်သို့ဆောင်ရွက် သွားမည်နည်းဟု မေးမြန်းသည့် အခါ “တကယ်လို့ ကျနော်တို့ အကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့ အချိန် မှာ သူက အရေးယူပိတ်ဆို့မှုတွေ အားလုံး ပယ်ဖျက်ပေးစေချင်ပါတယ်လို့ ပြောလာမယ်ဆိုရင် သူတို့ အနေနဲ့လည်း ငြင်း ဆန်ဖို့ ခက်ခဲပါလိမ့်မယ်” ဟု ကွန်ဂရက်လွှတ်တော် သတင်းရင်းမြစ်တခု ကပြောသည်။

ယခင်စစ်အစိုးရက ရေးဆွဲခဲ့သော အခြေခံ ဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တာဝန် ထမ်းဆောင်ခြင်း မပြု နိုင် အောင် တားမြစ်ထားသည်။ သူ၏ သား ၂ ဦးက ဗြိတိန် နို်င်ငံသားများဖြစ်နေသောကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်က နိုင်ငံခြားရေး ဝန်ကြီး ရာထူးကိုသာ ရယူထားသော်လည်း သူက မြန်မာအစိုးရ၏ အငြင်းပွားဖွယ်ရာ မရှိသော ခေါင်းဆောင် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီမှာ မြန်မာနိုင်ငံမှ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များကို လုံလောက်စွာ ကူညီ မှုများ မပြုလုပ်ခဲ့သည့် အတွက် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

အရေးယူပိတ်ဆို့မှုများ ဖယ်ရှားရေးကို ထောက်ခံသူ အချို့က မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့်ကင်းကွာနေသည့် အထီး ကျန် အခြေအနေကို ပယ်ဖျက်ပေးလိုက်ခြင်းက စီးပွားရေးတိုးတက်လာပြီး လူ့အခွင့် အရေးကိစ္စများလည်း ကောင်းမွန်လာမည် ဟု ဆိုကြသည်။ သို့သော်လည်း Human Rights Watch အဖွဲ့ကမူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စစ်တပ်က လမ်း မချော်စေရန်အတွက် အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထားရှိသင့်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့တွင် အမေရိကန် အစိုးရကို တောင်းဆိုခဲ့သည်။

(Reuters သတင်းဌာနက ရေးသားသော Exclusive-Ahead of Suu Kyi visit, Obama weighs Myanmar sanctions relief: sources ကုုိ ဘာသာပြန်ဆုုိသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading