• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများစာရင်း စတင်ကောက်ယူ

by ဇူးဇူး
5 September 2016
in သတင်း
A A
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အတွင်း ကျုးကျော်နေထိုင်သူများကို ယခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရပုံ / ဂျေပိုင် / ဧရာဝတီ

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အတွင်း ကျုးကျော်နေထိုင်သူများကို ယခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရပုံ / ဂျေပိုင် / ဧရာဝတီ

869
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သူများ စာရင်းကို စက်တင်ဘာ ၂ ရက်က စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

“ ဒဂုံတောင်မှာ ကောက်တာက ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတည်းက စာရင်းက အတိအကျတော့ မသိသေးဘူး။ ကောက်တဲ့အဖွဲ့တွေ ပြန်မလာသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဧရာဝတီကို ပြောသည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.3k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
42
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
895

ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရေး လုပ်ငန်းစီမံချက် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍ သြဂုတ် ၁၈ ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ထိုသို့ကွင်းဆင်း စာရင်းကောက်ယူခြင်း ဖြစ်သည်။

ကျူးကျော်နေထိုင်သူများစာရင်း စတင်ကောက်ယူနေပြီ ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကြောင့် လုပ်ငန်းနှောင့်နှေးမှုများ ရှိနေကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုများ ပြုပြင်ပြီးမှ စာရင်းပြန်လည် ကောက်ယူနိုင်မည့် အခြေအနေရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

“စာရင်း ကောက်တယ်။ ဒါပေမယ့် ကောက်တဲ့ဟာက အဆင်ပြေတဲ့ဆီ မရောက်ဘူး။ နည်းပညာ မှားယွင်းမှုတွေ၊ လိုအပ်ချက်တွေ ရှိနေတော့ အဲဒါတွေကို ပြုပြင်ပြီးမှပဲ ပြန်လည်ကောက်ယူနိုင်မယ့် အနေအထား ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူရာ၌ အမှန်တကယ် ကျူးကျော်သူများ၊ ကျူးကျော်အချင်းချင်း ပြန်လည်ငှားရမ်းခြင်း၊ စီးပွားဖြစ် ကျူးကျော်ခြင်း၊ မင်းမဲ့စရိုက်ပုံစံ ကျူးကျော်ခြင်း၊ အသိအမှတ်ပြု ကျူးကျော်ခြင်း ဟူ၍ အမျိုးအစား ၅ မျိုးခွဲခြား၍ ကောက်ယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရာတွင် ကွန်ပျူတာပညာရှင် ၁၈ ဦး၊ စာရင်းကောက်ယူမည့်သူ ၃၀ ဦး၊ ၀န်းရံစာရင်းကောက်ယူမည့်သူ ၃၀ ဦး၊ စုစုပေါင်း ရ၈ ဦး ပါ၀င်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းအစိုးရ အဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပါ၀င် ကောက်ယူကြကြောင်း ဦးညီညီက ဆက်ပြောသည်။

“ဒီလိုမျိုး ဆောင်ရွက်တဲ့အခါမှာ အင်မတန်စေတနာပါဖို့ အရေးကြီးတယ်။ အုပ်ချုပ်ရေးပိုင်းတွေအနေနဲ့ မိမိတို့ရပ်ကွက်မှာ ဘယ်သူကတော့ တကယ်ကျူးတာလဲ။ ဘယ်သူကတော့ အခွင့်အရေးသမားလဲ ဆိုတာကို စေတနာထားပြီး ဆောင်ရွက်မယ်ဆို တကယ်မြေယာမဲ့တဲ့ ပြည်သူတွေအနေနဲ့ နေစရာလေးရလာမယ်” ဟု ဦးညီညီက ဆိုသည်။

အစိုးရသစ်လက်ထက် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်များကို နေစရာနှင့် အလုပ်အကိုင်များ ဖန်တီးပေးကာ နောင်တချိန်တွင် ကျူးကျော်ဘဝမှ ပြောင်းလဲပေးသည့် အစိုးရခေတ်တခေတ် သမိုင်းတွင်ကျန်ရစ်ရန် ကြိုးပမ်းလုပ်ဆောင်မည်ဟု ပြီးခဲ့သည့်မေလ ၂၆ ရက်က ကတိပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုတွင် ကျူးကျော်နေထိုင်သူများ ခန့်မှန်းစာရင်း၌ အရှေ့ပိုင်းခရိုင်တွင် လူဦးရေ ၁ သိန်း ၅ သောင်းကျော်၊ အနောက်ပိုင်းခရိုင်တွင် ၈ သောင်းကျော်နှင့် တောင်ပိုင်းခရိုင်တွင် ၉ သောင်းကျော်၊ မြောက်ပိုင်းခရိုင်၌ ၁ သိန်း ရ သောင်းကျော် ရှိကြောင်း တိုင်းအစိုးရအဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

Your Thoughts …
Tags: ကျုးကျော်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ဗဟန်းမြို့နယ်အတွင်း ကျူးကျော်စမတ်ကတ်ထုတ်ပေးနေမှုမြင်ကွင်း  / ချမ်းစွန်း /  ဧရာဝတီ

ရန်ကုန်တိုင်း ကျူးကျော်စမတ်ကတ်ထုတ်ပေးမှု ၈၀ ရာခိုင်နှုန်းပြီးစီး

by ဇူးဇူး
27 June 2017
17.3k

ဇွန်လ ၂၇ ရက်နေ့အထိ စာရင်းများအရ စမတ်ကတ်ထုတ်ပေးပြီးသော အိမ်ထောင်စုပေါင်း ၁၄၀၀၀၀ ကျော်ရှိပြီး လူဦးရေအနေဖြင့် ၄၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဇွန်လ ၁၂ ရက် မနက်ပိုင်းက ဗဟန်းမြို့နယ်ထဲရှိ ငါးထပ်ကြီးအနောက်ရပ်ကွက်နှင့်  ဗိုလ်ချိုလ် (၂) ရပ်ကွက်အတွင်း နေထိုင်သူများကို တိုင်းအစိုးရအဖွဲ့က ကျူးကျော်စမတ်ကတ်ထုတ်ပေးနေပုံ / ချမ်းစွန်း / ဧရာဝတီ

ကျူးကျော်မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာတင်မည်

by ဇူးဇူး
14 June 2017
16.6k

ဗဟန်းမြို့နယ်၊ ဆရာစံ မြောက်အနောက်ရပ်ကွက်၌ နေထိုင်သူများက ကျူးကျော်မဟုတ်ကြောင်း သက်သေအထောက်အထား ခိုင်လုံစွာဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများထံ အသနားခံစာတင်ပြမည်

Next Post
/ ကျော်ခ / ဧရာဝတီ

BGF နှင့် DKBA တပ်ဖွဲ့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ

အခွန်တံဆိပ်ခေါင်း မကပ်တဲ့ စားသောက်ဆိုင်တွေ များနေတယ် / မျိုးမင်းစိုး / ဧရာဝတီ

လူထုကလည်း အခွန်ဆောင်ပါ၊ အခွန်ကလည်း လူထုအကျိုးဆောင်ပါ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate