သတင်း

ပဲခူးတွင် အချုပ်ကားမှောက်သဖြင့် အကျဉ်းသူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်မြို့အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ ပို့သည့် အကျဉ်းသူ ၂၅ ဦး တင်ဆောင်လာသော အချုပ်ကားမှာ ယနေ့ မနက် ၅ နာရီခန့်က ပြည်-ကံမလမ်းခွဲ မိုင်တိုင်အမှတ်
(၂၃/၀) အနီးတွင် ညာဘက်သို့ ကားတိမ်းမှောက်သွားခဲ့သဖြင့် ယဉ်ပေါ်တွင် ပါလာသည့် အကျဉ်းသူ ၁ ဦး သေဆုံး၍ ၃ ဦး ဒဏ်ရာရှိကာ ရဲမေ ၂ ဦး ရဲဘော် ၁ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါဒဏ်ရာရရှိသူများအား ပြည်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“တဦးသေတယ်။ ၅ ဦးကို ဆေးရုံမှာ အတွင်းလူနာအဖြစ် ၂၄ နာရီ စောင့်ကြည့်နေရပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိထားပါသေးတယ်။” ဟု ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ရွှန်းက ဧရာဝတီကိုပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading