ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ကုတ်မြို့ နတ်ကန်မြစ်တွင် စက်လှေနစ်မြုပ်သောကြောင့် အမျိုးသမီး ၆ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး ရဲအရာရှိ ဦးဝင်းလှိုင်၏ အဆိုအရ သိရသည်။
စက်တင်ဘာလ ရရက်နေ့ မနက်ပိုင်းတွင် စက်လှေပိုင်ရှင် ဦးရွှေအိုးသည် ရမ်းဗြဲမြို့နယ် စကုကျွန်း ရေးကောင်းဖြူကျေးရွာနေထိုင်သူ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၉ ဦးတို့ကို တောင်ကုတ်စျေးမှ တင်ဆောင်လာခဲ့သည်။
စက်လှေမောင်းသူများသည် မိုးရာသီအတွင်း လှိုင်းကြီး၍ လှိုင်းထန်သော မြစ်ကြောင်းမှဖြတ်သန်းသွားလာခြင်း ကို ရှောင်ရှားကြပြီး၊ လှိုင်းငြိမ်သည့်ရေကြောင်းလမ်းများကိုသာ အသုံးပြုသွားလာကြသည်။ ဦးရွှေအိုး မောင်း နှင်သည့် စက်လှေသည် ယင်းမြစ်ကြောင်းကို ဖြတ်သန်းစဉ် ကြီးမားသော လှိုင်းတန်ပိုးများ ရိုက်ခက်ခြင်းခံရပြီး လှေနစ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ရ ရက်နေ့တွင် သေဆုံးသူ အမျိူးသမီး ၃ ဦး၏ အလောင်းများကိုဆယ်ယူရရှိခဲ့ပြီး နောက်တနေ့ မနက်တွင် အမျိုးသမီး ၂ ဦးအလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ပျောက်ဆုံး လျက်ရှိသော အမျိုးသမီးတဦးမှာလည်း သေဆုံးနေပြီဟု ကောက်ချက်ချထားကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အသက်ရှင်ကျန်ရစ်သည့် အမျိုးသမီး၂ ဦးမှာ လက်ရှိ တောင်ကုတ်မြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။ စက်လှေစီးနင်းလိုက်ပါသူများအနက် အခြားအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၉ ဦးတို့မှာ
ထိခိုက်မှုမရှိပါ။
စက်လှေပိုင်ရှင် ဦးရွှေအိုးမှာ ထွက်ပြေးနေသည်ဟု ယူဆရပြီး နတ်ကန်မြစ်အနီးတဝိုက် တည်ရှိနေသည့် ကျေးရွာများတွင် ရဲတပ်ဖွဲက စုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။ ၄င်းအား လူသေဆုံးမှုဆိုင်ရာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၀၄(က)၊ ပုဒ်မ ၂၈၀ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။
စက်လှေနစ်မြုပ်ရာတွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် ခရီးသည်များပြောဆိုချက်အရ စက်လှေပေါ်တွင် အသက် ကယ်အကျီ် ထားရှိခြင်းမရှိဟု ရဲအရာရှိ ဦးဝင်းလှိုင်က ပြောသည်။ ထိုဒေသတွင် ဘေးကင်းလုံခြုံရေး နှင့် ပတ်သတ်သည့် ဗဟုသုတနည်းပါးခြင်းသည် အထူးအဆန်း မဟုတ်ချေ။ စက်လှေပိုင်ရှင်အများစုသည် အသက်အန္တရာယ် ဘေးကင်းလုံခြံုရေး လမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိကြောင်း ဦးဝင်းလှိုင်က ပြောသည်။
တောင်ကုတ်တွင်နေထိုင်သော တက်ကြွလှုပ်ရှားသူ ဦးကျော်ဇေယျက ထိုဒေသတွင် မိုးရာသီ အတွင်း စက်လှေမောင်းသမားများသည် ရေထဲတွင် အအေးမိခြင်းဒဏ်မှ ကာကွယ်ရန် အရက်သောက်ကြ သည်မှာ ထူးဆန်းသော အလေ့အထမဟုတ်ဟု ဆိုသည်။ ဦးကျော်ဇေယျ၏ ထင်မြင်ချက်နှင့် ပတ်သတ်၍ ရဲ
အရာရှိက ယခုဖြစ်စဉ်သည်လည်း ယင်းသို့ (လှေပိုင်ရှင် အရက်သောက်ထားခြင်း) ဟုတ်မဟုတ် အတည်ပြု ပြောဆိုခဲ့ခြင်းမရှိပါ။
စက်တင်ဘာလ ရ ရက်နေ့ စက်လှေနစ်မြုပ်မှုဖြစ်စဉ်သည် ယခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ တတိယကြိမ်မြောက် ဖြစ်သည်။ အားလပ်ရက်ရှည်ပြီးဆုံး၍ ကျောင်းပြန်ဖွင့်ရာသီအစပိုင်းဖြစ်သော ဇွန်လ ၁ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့ အပြင်ဘက်တွင်တည်ရှိသည့် ပိုးရွှီပြင် ကျေးရွာအနီး၊ ကျောင်းကူးတို့စက်လှေ နစ်မြုပ်ခဲ့၍ ကျောင်းလာတက်သည့် ကလေး ရ ဦး သေဆုံးခဲ့သည်။
သြဂုတ်လ ၁၉ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ်မှ ကျောင်းသား ကျောင်းသူ ၁၇ ဦး လိုက်ပါစီးနင်းလာ သည့် ကူးတို့စက်လှေတစီး နစ်မြုပ်ခဲ့ပြီး အသက် ၁၁ နှစ်မှ ၁၄ နှစ်အကြား ကျောင်းသူ ၄ ဦး သေဆုံးခဲ့သည်။ ထိုသို့ စက်လှေနစ်မြုပ်မှု ၃ ဖြစ်စဉ် သုံးခုလုံးတွင် တူညီနေသည့်အချက်က စက်လှေများတွင် အသက်ကယ် အကျီင်္များ မရှိခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရက ဖယ်ရီစက်လှေလုပ်ငန်းရှင်များအား ၎င်းတို့စက်လှေများတွင် အသက်ကယ်အကျီင်္များ ထားရှိရန်ညွှန်ကြားထားပြီး လိုက်နာမှုပျက်ကွက်လျှင် လိုင်စင်များ ဖျက်သိမ်းမည်ထိ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သို့သော်လည်း ယင်းသတိပေးမှုမှာ ထိရောက်မည့် နည်းလမ်း မဟုတ်ကြောင်း အရပ်ဖက် လူမှုအသိုင်းအဝိုင်း အများအပြားကပြောဆိုကြသည်။
ဦးကျော်ဇေယျက အပြောသာရှိပြီး လက်တွေ့ဆောင်ရွက်မှုမရှိခြင်းသည် ဒေသခံ ရခိုင်လူမျိုးများ၏ အသက်ကို ကယ်တင်နိုင်မည်မဟုတ်ဟု ယူဆသည်။ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် စက်လှေပိုင်ရှင်များကို ကြီးကြပ်ရ သည့် ဒေသခံဝန်ထမ်းများကို မြေပြင်တွင် တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်စေရန်နှင့် အသိပညာပေးမှုများ ထောက်ပ့ံပေးရန်လိုအပ်ကြောင်း ဦးကျော်ဇေယျက တိုက်တွန်းသည်။
“ပြောင်းလဲချိန်တန်ပြီဆိုတာနဲ့ မလုံလောက်ပါဘူး။ တကယ့်လက်တွေ့မြေပြင်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ် လာဖို့က အစိုးရရဲ့တာဝန်ပါပဲ။ အောက်ခြေအဆင့် ၀န်ထမ်းတွေကလည်း ပိုပြီးကြိုးစား ကြရပါမယ်” ဟု ဦးကျော်ဇေယျကပြောသည်။
ချောင်းငယ်များ၊ မြစ်များ၊ ကမ်းရိုးတမ်းများ တည်ရှိသော ရခိုင်ပြည်နယ်၏ ပို့ဆောင်ဆက်သွယ်ရေး စနစ်တွင် ဖယ်ရီများ၊ အမြန်ရေယဉ်များနှင့် သင်္ဘောလမ်းများမှာ အဓိကအခန်းကဏ္ဍဖြစ်နေသည်။ ၂၀၁၅၊ မတ်လ ၁၃ ရက်နေ့တွင် စစ်တွေနှင့် ကျောက်ဖြူ သို့ ပြေးဆွဲသည့် အစိုးရပိုင်သော အောင်တံခွန်(၃) သင်္ဘောသည် မြေပုံမြို့နယ် နောင်တော်ကြီးပင်လယ်အနီးနစ်မြုပ်ခဲ့သည်။
၀န်ပိုတင်လာခဲ့သော ယင်းသင်္ဘောတွင် ကုန်ပစ္စည်းအမျိုးမျိုးနှင့် ခရီးသည် ၃၀၀ ၀န်းကျင်ပါ၀င်ပြီး၊ နစ်မြုပ်ရာ တွင် အနည်းဆုံး လူ ၁၆၀ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ အလောင်း ရ၂ လောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့ သင်္ဘောနစ်မြုပ်ခဲ့သည့် အချိန်ကတည်းက ရခိုင်ပြည်နယ်အစိုးရ သည် အဆိုပါလမ်းကြောင်းပြေးဆွဲမှုကို ရပ်တန့်ခဲ့သည်။