သတင်း

၂၀၁၆ မြန်မာနိုင်ငံ မဟာဗျူဟာ ဥပဒေကြမ်း အမေရိကန်လွှတ်တော်တွင် တင်သွင်း

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ကို ရောက်ရှိသွားပြီဖြစ်ပြီး အမေရိကန်သမ္မတ၏ အထူးဧည်ဂေဟာ Blair House ၌ တည်းခိုနေသည်။ ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်သလို နေ့လည်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံရောက်ရှိလာချိန်တွင် ရီပတ်ဘလီကန်ပါတီက အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၊ ဒီမိုကရက်ပါတီမှ ဘန်ကာဒင်းတို့က မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင် တင်သွင်းခဲ့သည်ဟု သိရသည်။ အချက် ၅ ချက်ပါသော ထိုဥပဒေကြမ်းကို ၂၀၁၆ မြန်မာနိုင်ငံ မဟာဗျူဟာဥပဒေကြမ်းဟု ခေါ်သည်။

ထိုအချက် ၅ ချက်ထဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ မြန်မာ့ တပ်မတော်ကို အကန့်အသတ်နှင့် အမေရိကန်က သင်တန်းပေးရေးကိစ္စ၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ရေးနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို NLD အစိုးရက ဦးဆောင်လုပ်ဆောင်ရာတွင် ကူညီရန်တို့အပြင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့တို့ ပေးအပ်ရေးတို့ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုတကြိမ် အမေရိကန်ခရီးစဉ်သည် မြန်မာပြည်အပေါ် ထားရှိသော အမေရိကန်တို့၏ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေးက အရိပ်မိုးနေသည်။ အမေရိကန်အနေဖြင့် မြန်မာ့ဒီမိုကရေစီရေးနှင့် ပြုပြင်ပြောင်းလဲရေးများအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရကို ဆက်လက်ထောက်ခံရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက်လျှော့ချရေး သုံးသပ်ပြင်ဆင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မီးစိမ်းပြရန် စောင့်ဆိုင်းလျက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading