ပြည်သူ့အကျိုးကာကွယ်စောက်ရှောက်ရေးအတွက် ခေတ်စနစ်နှင့်ကိုက်ညီသော ဦးစားပေး ပြဌာန်းရန်လိုအပ်သည့် ဥပဒေ ၄၈ ခုကို ယနေ့ စက်တင်ဘာ ၁၂ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်း စစ် သုံးသပ်ရေးကော်မရှင်က တင်ပြကြောင်း သိရှိရသည်။
အဆုုိပါ ဥပဒေများနှင့် ပတ်သက်၍ ကော်မရှင် ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က လွှတ်တော်သို့တင်ပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့တင်ပြမှုအပေါ် မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့ကြောင်း သိရှိရသည်။
ကော်မရှင် အတွင်းရေးမှူး ဦးခင်မောင်ထွန်းက “ဒီဥပဒေတွေက အသစ်တွေဖြစ်ပါတယ်၊ ကျနော်တို့ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆွေးနွေးရင်း တွေ့ရှိလာတဲ့အချက်တွေအပေါ် လုပ်သင့်လုပ်ထိုက်တာ တွေပဲ ဖြစ်ပါတယ်”ဟု ဧရာဝတီ သို့ပြောသည်။
ကော်မရှင်အနေဖြင့် ဥပဒေ ၃၉၇ ခုကို ရှင်းလင်းမှုရှိစေရေးအတွက် လွှတ်တော်သို့တင်ပြခဲ့ပြီဖြစ် ကြောင်းနှင့် ပထမ အကြိမ်လွှတ်တော်က ပြဌာန်းခဲ့သည့် ဥပဒေများတွင် နည်းဥပဒေရေးဆွဲပြဌာန်း ခြင်း မရှိသေးသည့်ဥပဒေမှာ ၂၇ ခုရှိနေကြောင်း သိရှိရသည်။
လွှတ်တော်သုုိ့ တင်ပြသည့် ဥပဒေများတွင် ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ၊ အစိုးရဝယ်ယူရေးဥပဒေ၊ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ အကာအကွယ်ပေးရေးဥပဒေ၊ ဒီဇိုင်းဥပဒေ၊ ကုန်အမှတ် တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ အမျိုးသမီး များအား အကြမ်းဖက်မှုကာကွယ် စောင့်ရှောက်ရေး ဥပဒေ တုုိ့ဖြစ်ကြောင်း သိရှိရသည်။
ထုုိ့ပြင် ပေါက်ဈေးအောက်လျှော့၍ ရောင်းချခြင်းကို တားဆီးရေးဥပဒေ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး ဥပဒေ၊ ထောက်ပံ့ တင်ပို့မှုအပေါ် အကာအကွယ်ပေးရေးဥပဒေ၊ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ၊ နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးပညာ ဥပဒေ၊ မသင်မနေရ ပညာရေး ဥပဒေ ၊Information and Technology Law(IT Law)၊ မြန်မာ့ ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးဥပဒေ ဖြစ်ကြောင်း သိရှိရသည်။
လွှတ်တော်သုုိ့ တင်ပြသည့် ဥပဒေများတွင် အလှကုန်ပစ္စည်းဥပဒေ၊ ကုန်သွယ်ရေကြောင်း သွားလာရေး တူးမြောင်း ဥပဒေ၊ နိုင်ငံခြား သား အလုပ်သမား ဆိုင်ရာဥပဒေ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ ၊ စက်မှုဇုန်ဥပဒေ ၊ ဓာတ်ခွဲခန်းဆိုင်ရာ အရည်အသွေးစစ်ဆေးရေးဥပဒေ ၊အမျိုးသားပြတိုက်နှင့် ပြတိုက်များဥပဒေ ၊ အမျိုးသားစာ ကြည့် တိုက် ဥပဒေ ၊ အပင်နှင့် အပင်ထွက်ပစ္စည်းများ ပိုမွှားရောဂါထိန်းချုပ်ရေးဥပဒေ၊ ကျောင်းပြင်ပနှင့် တသက်တာ ပညာရေးဥပဒေ ၊ အခြေခံပညာရေးဥပဒေ ၊ ပုဂ္ဂလိက သင် ပညာရေးဥပဒေ၊ အဆင့်မြင့်ပညာရေးဥပဒေ တုုိ့လည်း ပါ၀င်သည်။
ထုုိ့ပြင် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည် နယ် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများ၊ ကြွေးမြီဆိုင်ရာ သတင်း အချက် အလက်ဥပဒေ၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအား အကာအကွယ်ပေးရေး ဥပဒေ ၊ မြန်မာနိုင်ငံ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဥပဒေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဝန်ထမ်းဆိုင်ရာဥပဒေ ၊ကုန်းလမ်းပို့ ဆောင်ရေးအဖွဲ့ ဥပဒေ၊ မြန်မာ့ လေဆိပ် များ အာဏာပိုင်ဥပဒေ ၊ တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေ ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူး ကောင်စီ ဥပဒေ တုုိ့လည်း ပါ၀င်သည်။
အလားတူ မြန်မာနိုင်ငံဆေးဝါး ကောင်စီဥပဒေ ၊ တိုင်းရင်းဆေးပညာဖြင့် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆိုင် ရာဥပဒေ ၊ HIV ပိုး ကူးစက်ခံရသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ ၊ဆေးပစ္စည်းကိရိ ယာဥပဒေ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ် လွှင့်ခြင်း လုပ်ငန်း အဖြစ်သို့ ပြောင်းလဲသည့် ဥပဒေ ၊တိရစ္ဆာန်မွေးမြူရေးနှင့် ကျန်းမာ ရေးဥပဒေ ၊ အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေ၊ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ၊ အဆောက် အအုံနှင့် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးဥပဒေနှင့် တံတားကြီး များဥပဒေတို့လည်း ပါ၀င်သည်။