သတင်း

အမျိုးသမီးငယ်ကို ချုပ်နှောင်ညှဉ်းပန်းပေါင်းသင်းသူကို အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ရေး အယူခံ ၀င်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ထိုးကြိတ် ရိုက် နှက် ကာ နေအိမ် အတွင်း သံကြိုးဖြင့် ချည်နှောင် ပိတ်လှောင်ပြီး ခိုးယူပေါင်းသင်း ခဲ့သည့် သူကို ထောင် ဒဏ် ၂ နှစ် အမိန့်ချမှတ်မှုအပေါ် မကျေနပ်သည့်အတွက် တရားလိုဘက်က အမြင့် ဆုုံး ပြစ်ဒဏ် ချမှတ်နိုုင်ရေး အယူခံဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလခန့်က အောင်မင်္ဂလာ အဝေးပြေးရှိ လက်မှတ် အရောင်းဌာနတခုတွင် အလုပ်လုပ်ကိုင်နေသည့် ၁၈နှစ် အမျိုးသမီးတဦးကို တလခန့်ကြာ နေအိမ်တွင် သံကြိုးဖြင့် ချည် နှောင် သော့ခတ်ပိတ်လှောင်ကာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အသက် ၃၂ နှစ်အရွယ် ကိုကျော် လင်း ထွန်း ကို နှိပ်စက်ခံရသည့် အမျိုးသမီး၏ မိခင်က တရားလိုပြုလုပ်ကာ မြောက်ဥက္က လာပ မြို့နယ်၊ ဝေဘာဂီရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ကိုကျော်လင်းထွန်းသည် နေအိမ်တွင်  အဆုုိပါ အမျိုးသမီး၏ ခြေထောက်ကို သံကြိုးနှင့် ချုပ်နှောင် ပြီး အလိုမတူဘဲ သားမယားပြုကျင့်ခြင်း၊ လက်သီးနှင့်ထိုးနှက်ခြင်း၊ စတီးဓားဖြင့် ဆွဲခြစ်ခြင်း၊ ကြက် မွှေး လက်ကိုင်ရိုးဖြင့် ရိုက်နှက်ခြင်း၊ ပျဉ်ပြားဖြင့် ရိုက်နှက်ခြင်း၊ ဆံပင်များကိုု မညီမညာ ညှပ် ပစ် ခြင်း များ အပြင် နေအိမ်တွင် ၁ လခန့် သော့ခတ် ပိတ်လှောင်ထားခဲ့ သည့်အတွက် မြောက် ဥက္က လာပ တရားရုံး၊ တွဲဘက်မြို့နယ် တရားသူကြီးမှ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၆၅ (လူကို လျှို့ ၀ှက်စွာ မတရားသဖြင့် ချုပ်နှောင်ထားရန် အကြံဖြင့် ခိုးယူမှု သို့မဟုတ် ချုပ်နှောင်မှု)၊ ရာဇသတ် ကြီးပုဒ်မ ၃၂၃ (သာမန် နာကျင်စေမှု)ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရှိရသည်။

ယင်းအမှုကို မြောက်ဥက္ကလာပတရားရုံးတွင် ရုံးချိန်းပေါင်း ၃၀ ဖြင့် တရားလိုပြ သက်သေ၈ ဦး၊ တရားခံပြ သက်သေ နှစ်ဦးကို ရုံးတင်စစ်ဆေးခဲ့ပြီး အပြီးသတ်စီရင်ချက်ကို ၂၀၁၆ ခုနှစ် စက်တင် ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းထည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သဖြင့် အယူခံဝင်၍ ပြစ်ဒဏ် အမြင့်ဆုုံးချမှတ်နုုိင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရားလိုု ရှေ့နေ ဒေါ်လှလှရီက ပြောသည်။

“ပုဒ်မ ၃၆၅ အရ ပြစ်ဒဏ်က ထောင်ဒဏ် ရ နှစ်အပြင် ငွေဒဏ်လည်း ချလို့ရတယ်။ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် တနှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ရတယ်။ အခုက ပုဒ်မ နှစ်ခုကို တပေါင်းတည်း  ၂ နှစ် ဆိုတော့ အမျိုးသမီးရဲ့ ခံရတဲ့အနေအထားနဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးတာကို လိုချင်တဲ့အတွက် အပေါ်ရုံးကို ပြစ်ဒဏ်တိုးဖို့အတွက် ပြင်ဆင် ရုံးတက်မှာ ဖြစ်ပါတယ်” ဟု  တရားလို ရှေ့နေ ဒေါ်လှလှရီ က ဆိုသည်။

ယင်းအမှုတွင် ချုပ်နှောင် နှိပ်စက်ခံရသူ အမျိုးသမီးကမူ တရားရုုံးက ချမှတ်သော ပြစ်ဒဏ်သည် နည်းပါးကြောင်း ပြောဆုုိသည်။

“သမီး ၁၀ တန်းတုန်းက သူနဲ့ ကြိုက်ဖူးပါတယ်။ သူက ရှုပ်တဲ့အတွက် နောက်ပိုင်း သမီး အဆက် ဖြတ်လိုက်တာပါ။ သူနဲ့ အဆက်ဖြတ်လိုက်တာ ကြာပြီ။ တရက် သမီးအလုပ်ကို လိုက်လာတယ်။ သမီးကို ခေါင်းပုတ်တယ်။ သမီး သူ့ကို တွေ့တော့ အမေ့ကို ဖုန်းဆက်မလို့ နောက်ဖေးကို သွား တယ်။ သူလိုက်လာတယ်။ သမီးကို ဓားနဲ့ ထောက်ပြီး သူနဲ့ အတူ ပါလာတဲ့ကားနဲ့ ခေါ်သွားတယ်။ သမီးကို အိမ်မှာ သံကြိုးခတ်ထားတယ်။ အစာကိုလည်း ကျွေးချင်မှ ကျွေးတယ်။ ကျွေးရင်လည်း ပန်းကန်ကို ပြစ်ကျွေးတယ်။ တလလုံး သူလုပ်ချင်သလို လုပ်တယ်” ဟု ကာယကံရှင် အမျိုးသမီးက ဆိုသည်။

အဆုုိပါ အမျိုးသမီးငယ် ပြန်လည် ရပ်တည်ရေးနှင့် အမျိုးသမီး အမှု ဆက်လက် လုပ်ဆောင် နိုင်ရန် အခရာအဖွဲ့က ကူညီပေးနေကြောင်း၊ အခရာအဖွဲ့သည် အမျိုးသမီးများ အခွင့်အရေး ဆုံးရူံး နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေအရ ထိရောက်သော အရေးယူမှုများ ဖြစ်ပေါ်လာရေး အတွက် အမျိုးသမီးများဘက်မှ လိုက်ပါကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading