အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ပြီး ယမန်နေ့ညပိုုင်း ရန်ကုန်မြို့သို့ပြန် လည် ရောက်ရှိလာသော နုုိင်ငံတော်အတုုိင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုုကြည်၏ ကျန်းမာရေးသည် လတ်တ လော အလုုပ်များ ရွှေ့ဆုုိင်းပြီး အနားယူရန် လိုုအပ်နေ ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုုကြည်သည် အစာအိမ်ရောင်ရမ်းခြင်း၊ အရုုိးကျီးပေါင်းတက်ခြင်း ဝေဒနာများ ခံစားနေရသော်လည်း စုုိးရိမ်စရာ မရှိကြောင်း ၊ဒေါ်အောင်ဆန်းစုုကြည်ကုုိဆရာဝန်ကြီးများဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ်များ များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခရီးစဉ် အတွင်း စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ်ရောင်ရမ်းခြင်း နှင့်ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီး ပေါင်းတက်ခြင်း တုုိ့ကုုိ တွေ့ရှိရကြောင်း၊ ကျန်းမာရေးအခြေအနေမှာ အထူး စိုးရိမ်ဖွယ်ရာ မရှိဘဲ ကောင်းမွန်လျက် ရှိပြီး အချိန် အနည်းငယ် အနားယူရန် လိုအပ်သည်ဟုု နိုုင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ်ရုုံးက သတင်း ထုုတ်ပြန် ထားသည်။
သမ္မတရုုံး ဒုုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက “စီးပွားရေးလုုပ်ငန်းရှင်တွေနဲ့ တွေ့မယ့် ပွဲ လည်း ရွှေ့ဆုုိင်း ထားပါတယ်။ သူကျန်းမာရေးက ရက်အနည်းငယ် အနားယူဖုုိ့လိုုပါတယ်။ စိုုးရိမ်စရတော့မရှိပါဘူး။ စီးပွားရေး လုုပ်ငန်းရှင်တွေနဲ့ တွေ့မယ့်ပွဲက အချိန်ပြန် သတ်မှတ်မှာပါ” ဟုု ဧရာဝတီသုုိ့ပြောသည်။
NLD ပါတီမှ ဗဟုုိအလုုပ်အမှုဆောင် ဦးဝင်းထိန်ကမူ ဒေါ်အောင်ဆန်းစုုကြည်သည် ရန်ကုုန်မြို့ တက္ကသုုိလ်ရိပ် သာလမ်း နေအိမ်တွင် အနားယူနေကြောင်း ပြောသည်။
ေးါ်အောင်ဆန်းစုုကြည် အလုုပ်တာဝန်များစွာ ယူထားပြီး အစုုိးရအဖွဲ့၏ အောင်မြင်မှုသည် သူ၏ ဦးဆောင်မှု ပေါ်တွင် အဓိက မူတည်နေကြောင်း၊ ဒေါ်အောင်ဆန်းစုုကြည်သည် အလုုပ်တာဝန်များစွာ ပိနေကြောင်း ICG(International Crisis Group) က ဇူလုုိင်လ ၂၉ ရက်နေ့က တရားဝင်ထုုတ်ပြန်ပြောဆိုုခဲ့သည်။