ပင်လယ်စာ လုပ်ငန်းတွင် နိုင်ငံတကာ ဖိအားပေးမှုနှင့် ရင်ဆိုင်ရပြီးနောက် ထိုင်းနိုင်ငံက ကျွန်ပြုခံရသူများကို လျှော်ကြေး ပေးမည်ဟု လွန်ခဲ့သော တနှစ်က ကတိပြုခဲ့သလို ရေလုပ်ငန်းရှင်ကြီးများ ကလည်း ရေလုပ်ငန်းတခုလုံးကို၎င်းတို့၏ အလုပ်သမားများနှင့်သာ လုပ်ဆောင်ရန် ကတိပြုခဲ့သည်။
ယခုုအချိန်အထိ အဆုုိပါ ကတိပြုမှုမှာ ဖြစ်မလာသေးဘဲ ယခင်က ကျွန်ပြုခံခဲ့ရသော ပုဇွန်အခွံချွတ်သူ တချို့ကို နိုင်ငံမှ မောင်းထုတ်ခြင်းနှင့် ပုဇွန်အခွံချွတ် အလုပ်ရုံများကို ထိရောက်စွာ စစ်ဆေးခြင်းမရှိဘဲ လုုပ်ငန်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။
အမေရိကသို့ ပုဇွန်တင်ပို့သည့် တချို့သော ထိုင်းကုမ္ပဏီများတွင်သာ ယခင်က ပိတ်လှောင် ခံခဲ့ရသည့်အလုပ်သမား များ ပိုမိုကောင်းမွန်သော အခွင့်အရေးနှင့် အလုပ် ရလာကြရသော်လည်း တချို့မှာ အစောင့်အကြပ်များ ချထားသည့် ဂိုထောင်ကြီးများတွင် ကြားခံလူများ အသုံးပြုကာ အဝေးက ထိန်းချုပ်ခိုင်းစေခံနေရဆဲ ဖြစ်ကြောင်း အေပီသတင်းဌာန က သတင်းဖော်ပြသည်။
ပုဇွန်ထုုတ်လုုပ်ရေး အလုပ်ရုံများသည် သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမား လုံခြုံရေး စည်းမျဉ်းများကို ချိုးဖောက်လေ့ရှိသည်။ ယခုနှစ်အတွင်း စစ်ဆေးခဲ့သည့် ပုဇွန်ထုုတ်လုုပ်ရေး အလုပ်ရုံ ၁၀၉ ခု အနက် ရ၅ ရာခိုင်နှုန်းသော အလုုပ် ရုုံများ က ဥပဒေ ချိုးဖောက်မှုများတွေ့ခဲ့ရသဖြင့် အလုုပ်ရုုံ ၂၄ ခုကို ပိတ်ရန် ထုုိင်းအာဏာပုုိင်များက အမိန့် ထုတ်ခဲ့ရသည်။
နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ရ၀၀၀ ဝင်ငွေရှိသည့် ထိုင်းနိုင်ငံ ပင်လယ်စာ တင်ပို့လုပ်ငန်း၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်း တင်ထားသည့် လူ့အခွင့်အရေးအဖွဲ့များ၊ မီဒီယာများ၏ သတင်းပေးပုုိ့ အစီရင်ခံချက်များ ကြောင့် နိုင်ငံတကာ ဖိအားပေးမှု ဖြစ်ပေါ်လာခဲ့သည်။
ဘန်ကောက်မြို့ပြင် စမွတ်စခုန်ရှိ ဂစ် “Gig” ပုဇွန်အခွံချွတ်စက်ရုံမှ ကျွန်ပြုခြင်းကို အေပီ သတင်း ဌာနက ၂၀၁၅ ခုုနှစ်တွင် သတင်းဖော်ပြခဲ့သည်။ ထိုအလုပ်ရုံတွင် အလုပ်သမား ၁၀၀ ခန့်မှာ ပိတ်လှောင်၍ တနေ့ ၁၆ နာရီ အထိ အတင်းအကျပ် စေခိုင်းခံနေရခံရပြီး ပုဇွန်ခေါင်းများ၊ အမြီးများနှင့် ကလီစာများ အလုုပ်သမားများက မရပ်မနား ဖယ်ထုတ် အလုုပ်လုုပ်ပေးခဲ့ရသည်။ ထို ပုဇွန်များမှာ Red Lobster, Whole Foods နှင့် Wal-Mart အပါအဝင် အဓိက အမေရိကန် ကုမ္ပဏီများနှင့် စူပါမားကတ်များ၏ ဖြန့်ဖြူးရေးသို့ ရောက်သွားခဲ့ကြသည်။
အလုပ်သမားများအနက် တဦးဖြစ်သူ ကိုတင်ညိုဝင်းက ထွက်ပြေးပြီး ရဲသို့ အကြောင်းကြားသဖြင့် ရဲက ထိုအလုပ်ရုံကို ဝင်ရောက်စီးနင်း၍ သူ၏ ဇနီးအပါအဝင် ကျန်အလုပ်သမားများကို ကယ်ထုတ်လိုုက်ရသည်။ ထို ဇနီးမောင်နှံမှာ တနှစ်နီးပါးမျှ ထိုင်းအစိုးရ၏ ထိန်းသိမ်းခံခဲ့ရပြီး ယခုုအခါ မြန်မာသို့ ပြန်လည် ပြည်နှင်ခံခဲ့ရသည်။
အမှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ် အတွင်း လူကုန်ကူးခံရသူများနှင့် သက်သေများသည် ထိုင်းနိုင်ငံတွင် တနှစ်အထိ နေထိုင် အလုပ် လုပ်ကိုင်နိုင်သည် ဟု ထိုင်းအစိုးရကကြေညာထားသည်။ ယခုနှစ်တွင်မူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံ၏ ပြုပြင်မှုများကို ချီးကျူးပြီးကမ္ဘာ့လူကုန်ကူးမှု အမည်ပျက်စာရင်းမှ ဖယ်ရှားပေးခဲ့သည်။
သုုိ့ရာတွင် ပြုပြင်ပြောင်းလဲမှုများသည် စာရွက်ပေါ်တွင်သာရှိပြီး ကိုတင်ညိုဝင်း ကဲ့သို့သော သတင်းဖော်ထုတ်သူများကို ငွေပေးချေ ခြင်း၊ ကျွန်ပြု ခံရသူများကို လျှော်ကြေးပေးခြင်း၊ ပညာပေးခြင်း၊ အလုပ်အကိုင်နှင့် အခြားအထောက်အပ့ံများ ပေးခြင်းတို့ ထုုိင်းအစုုိးရက လုုပ်ဆောင်သည်ဟုု ဆုုိသော်လည်း လက်တွေ့တွင်မူ ကိုတင်ညိုဝင်းနှင့် သူ၏ ဇနီးကမူ အစားအသောက်ပင် မရရှိခဲ့ကြပေ။
“သူတို့က ကျနော်တို့ကို လူလို့သဘောထား ဆက်ဆံတာ မရှိဘူး။ ခွေးလိုပဲ ဆက်ဆံတယ်” ဟု ကိုတင်ညိုဝင်းက သူတို့ကုုိ ရဲများက ဆွဲထုတ် မသွားမီ ပြောကြားခဲ့သည်။
ထို ဇနီးမောင်နှံသည် ခေတ်သစ်ကျွန်စနစ်၏ သားကောင်များ ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ထိုင်းနိုင်ငံသို့တရားမဝင်လာရောက်ခဲ့သူများဖြစ်သည်ဟုု ရဲက ပြောသည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ Nattamon Punbhochar ကမူ ထို ဇနီးမောင်နှံတို့သည် မည်သည့်အခါကမျှ လျှော်ကြေးတောင်းခံခဲ့ခြင်း မရှိကြောင်းနှင့် မြန်မာနှင့် ထိုင်းအကြား နားလည်မှု စာချွန်လွှာနှင့် အညီ ၄င်းတုုိ့ကုုိ ပြည်နှင်သည် ဟု ဆိုသည်။
ကိုတင်ညိုဝင်းအမှုတွင် ပုဇွန်အခွံချွတ် အလုပ်ရုံပိုင်ရှင် အပါအဝင် ၅ ဦးကို စွဲချက်တင်ထားပြီး အာမခံဖြင့် ပြင်ပတွင်နေထိုင်နေကြသည် ဟု စမွတ်စခုံ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်မှူးကြီး Prasert Siriphanapitat က ပြောသည်။
လွန်ခဲ့သောနှစ်ကမူ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ သပိတ်မှောက် ခံရမှုကြောင့် အဓိက ပင်လယ် အစားအစာ လုပ်ငန်းအုပ်စုများနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးသူများသည် ပုဇွန်ပြုပြင်လုပ်ငန်းကိုလက်ခွဲမပေးဘဲ လုပ်ငန်း အစမှ အဆုံးကို ၎င်းတုုိ့၏ အပုုိင် အလုပ်သမားများဖြင့်သာ လုပ်ဆောင်ရန်နှင့် အလုပ်သမားများကို ကာကွယ်ရန်ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ဒါဇင်ပေါင်း များစွာသော ပုဇွန်ပြုပြင် အလုပ်ရုံများ ဆက်လက် လည်ပတ်နေကြသည်။
၎င်းတို့အနက် တချို့မှာ စက်ရုံကြီးများ ဖြစ်ပြီး တချို့မှာ ကားဂိုထောင် သာသာမျှသာ ရှိသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံ မပေါ်ပေါက်စေရန် ကြီးကြပ်မှုလည်း မရှိသလောက် ဖြစ်သည် ဟု အလုပ်သမား အကျိုးဆောင်များက ပြောသည်။
ရပ်ကွက်လမ်းများ သို့မဟုတ် ခြံစည်းရိုး နောက်တွင် လက်ဖြင့် ပုဇွန်အခွံ ချွတ်နေကြသော အလုပ်သမားနှင့် စည်ကားနေသည့် စမွတ်စခုံ ပုဇွန်အလုပ်ရုံ အနည်းငယ်သို့ အေပီသတင်းဌာနက မကြာသေးမီက သွားရောက်ခဲ့သည်။
“ကျနော်တို့ စည်းကမ်းတွေကို ရာနှုန်းပြည့် လိုက်နာနေကြတာ”ဟု Boonchai ပင်လယ်စာ လုပ်ငန်းမှ ဒါရိုက်တာ Taweesak Suralertrungson ကပြောသည်။
စာရွက်စာတမ်းများ အရ Boonchai Seafood သည် အမေရိကသို့ တင်ပို့သည့် ထိပ်တန်း ထိုင်းလုပ်ငန်း May Ao Food ကုုမ္ဗဏီ အတွက် ပုဇွန်ပြုပြင်ပေးနေသည် ဟု သိရသည်။
Boonchai ၏ လုပ်ငန်းများသည် အစိုးရ၏ စစ်ဆေးမှုတွင် အောင်မြင်ထားပြီး လက်ခွဲ ကြားလူ မသုံးရန် ကတိပြုထားသည်။ ကမ္ဘာ့ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်တွင် May Ao ၏ ပုဇွန်များသည် ခေါင်းချိုး အခွံခွာခြင်းကို ၎င်း၏ ကုမ္ပဏီက ပိုင်ဆိုင်ပြီး အပြည့်အဝ ထိန်းချုပ်ထားသော စက်ရုံများအတွင်း၌သာ လုပ်ရမည် ဟု ဖော်ပြထားသည်။
May Ao သည် ကြားလူ ရေထွက်ကုန် ပြုပြင်မှု ပပျောက်ရေး ကတိပြုထားသည့် ထိုင်းအေးခဲ အစားအစာလုပ်ငန်း အသင်း Thai Frozen Foods Association (TFFA) ၏ အဖွဲ့ဝင် ဖြစ်သည်။
May Ao နှင့် TFFA အရာရှိများကမူ အစတွင် ပုဇွန်အခွံချွတ်ခြင်းကို ကုမ္ပဏီပို်င် လုပ်ငန်းဖြင့်သာ လုပ်သည်ဟု ပြောပြီးနောက်မှ လက်ခွဲချထားခြင်းကို ဝန်ခံသည်။ TFFA ဥက္ကဋ္ဌ Poj Aramwattananont က May Ao ၏ စက်ရုံသည် သေးငယ်လွန်း၍ လုပ်ငန်းအားလုံးကို မကို်င်တွယ်နိုင်ဘဲ အခြား ဂိုထောင်များတွင် ကြိုတင်ပြုပြင်ခြင်းသည်လည်း တရားမဝင်သော ကိစ္စ မဟုတ်ဟု ပြောသည်။
“ကျနော်တို့က ရာနှုန်းပြည့်တော့ စည်းကမ်းနဲ့ မညီပါဘူး။ ပြဿနာကတော့ အမြဲရှိမှာပဲ။ ဒါပေမယ့် ရှားရှားပါးပါးပါ” ဟု သူက ပြောသည်။
တချို့သော ထိုင်းပင်လယ်စာ တင်ပို့သူများသည် လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြသည်။ Thai Union သည် အလုပ်သမား ၁၂၀၀ အလုပ် လုပ်နိုင်သည့် ကျယ်ပြန့်သန့်ရှင်းသော အခွံချွတ်ရုံ တခုဖွင့်ထားပြီး အလုပ်သမားများလည်း အခွင့်အလမ်းနှင့် ဆုကြေးများ ရကြသည်။
“ကျနော် အခွင့်အရေးတွေ ပိုရလာတယ်။ ကျနော် ကြိုက်တယ်” ဟု အသက် ၂၃ နှစ် အရွယ် မြန်မာရွှေ့ပြောင်း လုပ်သား ကိုသက်ပိုင်ဦးက ပြောသည်။
ယခင်က သူသည် ၆ နှစ် လုံးလုံး တနေ့ ၁၅ နာရီအဆိုင်းတွင် နားရက်မရှိ အလုပ် လုပ်ခဲ့ရပြီး ယခု အခါ လစာပိုရသလို နားရက်လည်း တပတ် တရက် ရသည်ဟု သူက ပြောသည်။
မြန်မာနိုင်ငံမှပင်လာသော အသက် ၃၅ နှစ်အရွယ် မယုဝါက သူ၏ ယခင်စက်ရုံတွင် သော့ပိတ် ခံခဲ့ရပြီး နေ့တွက်ဖြင့် လုပ်အားခ မပေးဘဲ ကီလိုဂရမ်ဖြင့် ပေးချေခံရသည်ကို သတိရကာ မျက်ရည်ကျသည်။
သူက “ကျမကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ သူဌေးက သဘောကောင်းတယ်။ အရင်ထက် အများကြီးပိုကောင်းတယ်” ဟု ပြောသည်။
AP သတင်းဌာနမှ Martha Mendoza ၏ Promises Unmet for Workers in Thai Shrimp Industry ဆောင်းပါးကို ဘာသာပြန်ဆုုိသည်