သတင်း

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာ ၂ ဦး အယူခံ အလားအလာကောင်း

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင်ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုတွင် သေဒဏ်ချခံထား ရသော မြန်မာ နိုင်ငံသား၂ ဦး တင်ပြထားသော အယူခံအပေါ် အယူခံတရားရုုံးတွင် အစိုးရရှေ့နေများ၏ ဖြေရှင်း တင်ပြချက် ပြီးဆုံးသွားပြီဖြစ်ပြီး အယူခံ အလား အလာကောင်းမွန်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဗြိတိသျှလူငယ်နှစ်ဦးကို သတ်ဖြတ်မှုနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ကော်စမွီတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ပြီး တရားခံ ရှေ့နေများဘက်မှ အယူခံ တင်သွင်းမှုကို ထိုင်းအယူခံတရားရုံးက ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က လက်ခံခဲ့ပြီး ထိုအယူခံ ကိုု စစ်ဆေးခဲ့ကြောင်း၊ မြန်မာ လူငယ်နှစ်ဦးဘက်မှ အကျိုးဆောင်ရှေ့နေများ၏ တင်ပြချက်များနှင့်ပတ်သက်၍ အယူခံတရားရုံးက စစ်ဆေးသုံးသပ်ပြီးနောက် အစိုးရရှေ့နေများဘက်သို့ စစ်ဆေးခဲ့ရာ ပြစ်ဒဏ်ချမျတ်ခြင်းတွင် အားနည်းချက်များ ရှိနေသဖြင့် ဖြေရှင်းချက် အကြိမ်ကြိမ် တောင်းဆိုခဲ့ရကြောင်း၊ အစိုုးရရှေ့နေများက ပြန်လည် ဖြေရှင်းချက်ပေးရာမှာ နောက်ဆုံးတင်ပြသည့် စက်တင်ဘာ ၂၇ ရက်နေ့ အထိ ဖြေရှင်းချက်ပေးမှု စုစုပေါင်း ၉ ကြိမ်ရှိခဲ့ကြောင်း သိရှိရသည်။

အယူခံတရားရုံးက အစိုုးရရှေ့နေများထံမှ ဖြေရှင်းချက် အကြိမ်ကြိမ်တောင်းဆိုခံနေရခြင်းသည် အောက်ရုံး (ကော့စမွီတရားရုံး) က စစ်ဆေး အမိန့်ချမှတ်ခဲ့သည့် အမှုတွဲတွင် အားနည်းချက်များရှိနေသည်ကို ပေါ်လွင်စေ ကြောင်း၊ အယူခံတရားရုံး အနေဖြင့် အကယ်၍ တရားမျှတစွာ ဆောင်ရွက်မှု မပြုပေးခဲ့လျှင် အမြင့်ဆုံး တရားရုံးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်းအမှု အထူးစုံစမ်းရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ရှေ့နေ ဦးအောင်မျိုးသန့် က “အမှုတွဲတခုလုံးကို အယူခံတရားရုံးက သုံးသပ်ပြီးပြီဆိုတဲ့သဘောပါ။ သုံးသပ်ပြီးသွားတဲ့ အခါ ကြတော့ အောက်ရုံးသည် သေဒဏ်ချထားတဲ့ အမိန့်ဖြစ်ပေမယ့်လည်း ဒီအပေါ်မှာ သံသယဖြစ်စရာတွေ၊ ဒါမှမဟုတ် မရှင်းလင်း တာတွေ ရှိတယ်ဆိုတဲ့ အချက်ကို တရားသူကြီးက တွေ့တဲ့သဘောပါ။ တွေ့တဲ့အတွက်ကြောင့်မို့ ဖြေရှင်းရမယ့်သူဟာ အစိုးရ ရှေ့နေဘက်က ဖြစ်တယ် ဆိုပြီးတော့ အခုလိုဖြေရှင်းခိုင်းတယ်။ ဒီလိုဖြေရှင်းခိုင်းတယ်ဆိုခြင်းအားဖြင့် အမှုနဲ့ ပတ်သက်လို့ အောက်ရုံးမှာ သေဒဏ်ချထား ပေမယ့်လည်း အားနည်းချက်တွေရှိတယ်ဆိုတာ ပေါ်လွင်စေခဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အမှုရင်ဆိုင်နေရစဉ်ကာလအတွင်း ထိုင်းအကျဉ်းထောင်တွင် နေထိုုင်နေရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ ကျန်းမာရေး အခြေနေနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများလည်း ကောင်းမွန်ကြောင်း၊ ထို့ပြင် မကြာခင်ရက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများနှင့် သံရုံးမှ ဖွဲ့ပေးထားသော လိပ်ကျွန်းအမှု အထူးစုံစမ်းရေး အဖွဲ့တာဝန်ရှိသူများ အကျဉ်းထောင်သို့ သွားရောက်၍ မြန်မာနိုင်ငံသား၂ ဦးကို တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးအောင်မျိုးသန့်က “ဒီအဆင့်မှာ ဥပဒေက လူသားကိုစောင့်ရှောက်တယ်ဆိုတဲ့ အတိုင်း ဥပဒေအတိုင်း ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ဒီကလေးတွေက ဒီမှာ လွတ်သွားမှာပါ။ လွတ်သွားရင်တော့ အန်ကယ်တို့ဘက်က ဘယ်လိုမှ အထက်ရုံး တက်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် ဒီမှာ ကျေနပ်တဲ့အထိ မရဘူးဆိုရင်တော့ အန်ကယ်တို့ အထက်ရုံးတက်ဦးမှာပါ” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံရပြီး ပြစ်မှု ကျူးလွန်သည်ဟုု ဆိုုကာ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က လူသတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ကြောင်း မူလက ထွက်ဆိုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး အမှုကို မကျူးလွန်ကြောင်း ပြန်လည် ထွက်ဆိုခဲ့ကြ ကြောင်း၊ သိုု့ရာတွင် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့ ၂ ဦးကိုု လူသတ်မှုအပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံး သေဒဏ် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading