သတင်း

အမျိုးသားသင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်အရေး အမေရိကန် ဆက်လက်ကူညီမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုုးရသစ်က ကြိုးပမ်းလျက်ရှိသော ငြိမ်းချမ်းရေးအောင်မြင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်လက် အားပေးကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုုင်ငံဆိုုင်ရာ အမေရိကန်သံအမတ်ကြီး မာစီရယ်လ် ကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံအမတ်ကြီး မာစီရယ်လ် က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို စက်တင်ဘာလ ၂၇ ရက်နေ့က ရောက်ရှိခဲ့ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် ထိုုသုု့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုုတ်ပြန်ထားသည်။

ရန်ကုုန် အမေရိကန်သံရုုံး၏ ထုုတ်ပြန်ချက်တွင် သံအမတ်ကြီး မာစီရယ်လ်က မြန်မာနိုင်ငံကကြိုးစားအားထုတ်နေသော ငြိမ်းချမ်းရေး အောင်မြင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး ကိစ္စများ တွင် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးကူညီသွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့သည်ဟုု ဖော်ပြထားသည်။

ကချင် ဒုက္ခသည်စခန်းသို့ရောက်ရှိခဲ့သော သံအမတ်ကြီး မာစီရယ်လ်က လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သားများ ဒုက္ခရောက်နေရသည့် အကြောင်း ပိုမိုသိရှိနိုင်ရန်နှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒုက္ခရောက်နေကြရသည့် ဒုက္ခသည်များ၏ ကိုယ်တွေ့ အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး မာစီရယ်လ်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ဒုက္ခသည်များ၊ ဘာသာရေး ခေါင်းဆောင်များအပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မြစ်ကြီးနားအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း သီးခြားတွေ့ဆုံမှုရှိခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံချိန်တွင် လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေး အခြေအနေ၊ ဒုက္ခသည်အရေးနှင့် ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး အရေးနှင့် မြေမြှုပ်မိုင်း ကိစ္စရပ်များအရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ၎င်း၏ ခရီးစဉ်အတွင်း မြစ်ကြီးနားရှိ မနောကွင်းတွင်ပြုလုပ်သော လူပေါင်း နှစ်ရာခန့်ပါဝင်သော စုံညီပွဲတခုကို အတူ တက်ရောက်ဆင်နွှဲခဲ့ပြီး ထိုအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အကြောင်းနှင့် အမေရိကန်-မြန်မာ မိတ်ဘက်ဆက်ဆံရေးအသစ်တရပ်က ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတလွှားရှိပြည်သူလူထုများအတွက် အပြုသဘောဆောင်သည့် သက်ရောက်မှုရှိကြောင်း သံအမတ်ကြီး က ရှင်းလင်းပြောဆိုုခဲ့သည်ဟုု သိရှိရသည်။

အမေရိကန် သံအမတ်ကြီး မာစီရယ်လ် ၏ ခရီးစဉ်မတိုင်မီရက်ပိုင်းအတွင်း ကချင်လွတ်မြာက်ရေးတပ်မတော် (KIA) နှင့် အစိုးရတပ်မတော်တို့ အကြား KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များလည်း ထပ်၍ တိုးလာကြောင်း ကချင်ဒုက္ခသည် အရေးကူညီပေးနေသူတဦးက ပြောသည်။

သံအမတ်ကြီး မာစီရယ်လ် ၏ ယခုခရီးစဉ်သည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံအမတ်ကြီး တာဝန်ထမ်း ဆောင်စဉ်ကာလ ပထမဆုံး ခရီးစဉ်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အပြီး တပတ်အတွင်း သွားရောက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သော အမေရိကန် သံအမတ်ကြီး မာစီရယ်လ် ၏ ခရီးစဉ်အပေါ် နိုုင်ငံရေးအသိုုင်းအဝိုုင်းက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြကြောင်း သုုံးသပ်ပြောဆိုုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading