သတင်း

အမေရိကန် ဗိုလ်ချုပ်ကြီး အန်ထော်နီ မြန်မာပြည်လာမည်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် ပြည်ထောင်စုရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဒေသ ကွပ်ကဲရေးမှူး ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် (Anthony Crutchfield) အောက်တိုဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်သည် မြန်မာနိုင်ငံတွင် ၃ ရက်ခန့် နေထိုင်မည်ဖြစ်ပြီး မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

ယခုခရီးစဉ်သည် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို ဖျက်သိမ်းမည်ဟု ပြောကြားခဲ့သော်လည်း မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားအကြား စစ်ရေးဆက်သွယ်မှုရှိနိုင်သေးကြောင်း အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ပြောဆိုချက်များ ပေါ်ထွက်လာသည်နှင့် တိုက်ဆိုင်နေသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း မြန်မာအပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းရန် တောင်းဆိုထားသော်လည်း အမေရိကန် အထက်နှင့် အောက်လွှတ်တော်များတွင် ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် မြန်မာစစ်တပ်၏ ပါဝင်ဆောင်ရွက်မှုနှင့် မြောက်ကိုရီးယားနှင့် ဆက်ဆံပတ်သက်နေခြင်းကို သံသယရှိနေကြသေးသည်။

သို့သော် လက်ရှိနိုင်ငံရေးအနေအထားထိ ရောက်အောင် လမ်းဖွင့်ခဲ့ကြသော မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုပြီး အမေရိကန်စစ်တပ်နှင့် မြန်မာစစ်တပ်တို့ အကြား ပူးပေါင်းဆောင်ရွက်မှု ပြန်လည်ထူထောင်ရန် နိုင်ငံတကာကျွမ်းကျင်သူ ပညာရှင်များနှင့် အမေရိကန် မူဝါဒ ချမှတ်သူများကို တောင်းဆိုအကြံပေးချက်များ ရှိနေသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်နေ့က မြန်မာ့တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် အမေရိကန်ပြည်ထောင်စု Rhode Island ပြည်နယ် US Naval War College (NWC) ကောလိပ်တွင် နိုင်ငံတကာ ရေကြောင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်က ခွင့်ပြုခဲ့သည်။

ယခုလာရောက်မည့် ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်မှာ အနောက်ဗာဂျီးနီးယား ပြည်နယ် Marshall တက္ကသိုလ်ကျောင်းဆင်းတဦးဖြစ်ပြီး၊ တက္ကဆက်ပြည်နယ် ဖို့ဒ်ဟုဒ် ယန္တရားတပ်တွင် စတင်တာဝန်ထမ်း ဆောင်ကာ လေကြောင်းတပ်ရင်းသို့ ပြောင်းရွေ့ခဲ့ပြီး ပင်လယ်ကွေ့စစ်ပွဲတွင် သဲကန္တရ ဒိုင်းနှင့် သဲကန္တရ မုန်တိုင်း စစ်ဆင်ရေးများတွင် ပါ၀င်ခဲ့သူဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် စစ်ဦးစီးတက္ကသိုလ်တက်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အမှတ် (၂) လေကြောင်းတပ်ရင်းကြီးသို့ ပြောင်းရွေ့ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အာဖဂန်နစ္စတန် စစ်မြေပြင် သို့ ပြောင်းရွေ့ခဲ့ပြီးနောက် ပစ္စဖိတ်တပ်တော်စု၌ ထပ်မံတာဝန်ထမ်းဆောင်ခဲ့သည်။ အမေရိကန်တပ်မတော်၏ ကာကွယ်ရေးဆိုင်ရာ ဆုတံဆိပ် ၁၅ ခုကို ရရှိထားသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇူလိုင်လကလည်း ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြင့်ဖို့ ဆွေးနွေးခဲ့ကြသေးသည်။

ထိုတွေ့ဆုံမှုအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တပ်မတော်၏ မြေယာစွန့်လွှတ်မှုများကို နှစ်ဦးနှစ်ဖက်ဆွေးနွေးကြသော်လည်း အမေရိကန် စစ်တပ်အနေဖြင့် မြန်မာစစ်တပ်ကို တိုက်ခိုက်ရေးဆိုင်ရာ သင်တန်းပေးဖို့ မရှိသလို စစ် လက်နက်ပစ္စည်း ထောက်ပံ့ပေးတဲ့ ဆက်ဆံရေးမျိုးလည်း ရှိမှာမဟုတ်ဘူးလို့ ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်က ထိုစဉ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုလာရောက်မည့် ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်မှာ အနောက်ဗာဂျီးနီးယား ပြည်နယ် Marshall တက္ကသိုလ်ကျောင်းဆင်းတဦးဖြစ်ပြီး၊ တက္ကဆက်ပြည်နယ် ဖို့ဒ်ဟုဒ် ယန္တရားတပ်တွင် စတင်တာဝန်ထမ်း ဆောင်ကာ လေကြောင်းတပ်ရင်းသို့ ပြောင်းရွေ့ခဲ့ပြီး ပင်လယ်ကွေ့စစ်ပွဲတွင် သဲကန္တရ ဒိုင်းနှင့် သဲကန္တရ မုန်တိုင်း စစ်ဆင်ရေးများတွင် ပါ၀င်ခဲ့သူဖြစ်သည်။

၁၉၉၃ခုနှစ်တွင် စစ်ဦးစီးတက္ကသိုလ်တက်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင်  တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အမှတ် (၂) လေကြောင်းတပ်ရင်းကြီးသို့ ပြောင်းရွေ့ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အာဖဂန်နစ္စတန် စစ်မြေပြင် သို့ ပြောင်းရွေ့ခဲ့ပြီးနောက် ပစ္စဖိတ်တပ်တော်စု၌ ထပ်မံတာဝန်ထမ်းဆောင်ခဲ့သည်။

သူဟာ အမေရိကန်တပ်မတော်၏ ကာကွယ်ရေးဆိုင်ရာ ဆုတံဆိပ် ၁၅ ခုကို ရရှိထားသူလည်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading