သတင်း

ကျိုက်ထီးရိုးဆံတော်ရှင်သို့ ယခုနှစ် ထိုင်းခရီးသွားများ ပိုမိုလာရောက်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီသို့ ယခုနှစ်လာရောက်ဖူးမြှော်သည့် နိုင်ငံခြား ခရီးသွားများ၌ ထိုင်းနိုင်ငံသားများက အများဆုံးဖြစ်ကြောင်း၊ တလလျှင်ဖျမ်းမျှ ထိုင်းနိုင်ငံသား ၃၇၀၀ ကျော် လာရောက်ကြောင်း သိရသည်။

“ ထိုင်းက အများဆုံးပဲ၊ ဒုတိယ ကတော့ ဗီယက်နမ်လူမျိုးတွေပါ၊ နိုင်ငံခြားသားခရီးသွားတွေမှာ ထိုင်းက တဝက်လောက်ပါတယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် တန်ခိုးကြီးတာကြောင့် အများအပြားလာရောက်ဖူးမြှော်တာ လည်းဖြစ်ပါတယ်”ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးသိန်းဇော်က ဧရာဝတီသို့ပြောသည်။

ယခုနှစ် မေလအတွင်း ကျိုက်ထီးရိုး တောင်ပေါ်သို့လာရောက်သည့် နိုင်ငံခြားဧည့်သည် ၈၇၅၀ ဦးတွင် ထိုင်း ဧည့်သည် ၅၃၁၂ ဦး၊ ဇွန်လတွင် နိုင်ငံခြား ဧည့်သည် ၅၁၃၅ ဦးတွင် ထိုင်းဧည့်သည် ၃၃၆၁ဦး၊ ဇူလိုင်လတွင် နိုင်ငံခြား ဧည့်သည် ၆၂၇၃ဦးတွင် ထိုင်းဧည့်သည် ၄၂၃၃ဦး ရှိပြီး၊ သြဂုတ်လ အတွင်း ၆၁၅၈ ဦးတွင် ထိုင်း ဧည့်သည် ၃၇၄၁ဦး ရှိကြောင်း သိရသည်။

ကျိုက်ထီးရိုး ဆံတော်ရှင်သို့ လာရောက်သည့် နိုင်ငံခြားသားများမှာ ရင်ပြင်ပေါ်တဦးလျှင် မြန်မာကျပ်ငွေ ၆ထောင် အခွန်ပေးဆောင်ရကြောင်း၊ နိုင်ငံခြားသားများလည်ပတ်ရန် ကန့်သတ်ထားသည့် နေရာမရှိ ကြောင်း၊ လုံခြုံရေးအတွက် Tourist Police မှလည်း တာဝန်ယူထားကြောင်း ဦးသိန်းဇော်က ပြောသည်။

ထိုင်းဧည့်လမ်းညွန်အမျိုးသမီးတဦးက “ ဒီနှစ်ထိုင်းဧည့်သည်တွေ အလာများတယ်။ ထိုင်းခရီးသွားတိုင်း လိုလို ကျိုက်ထီးရိုး မသွားတာ မရှိသလောက်ပါပဲ။ အဓိကတော့ ကျိုက်ထီးရိုးက နာမည်ကြီးလို့ တန်ခိုးကြီးလို့ပါ။ သူတို့ က တောင်ပေါ်မှာ ညအိပ်ပါတယ်။ မနက်အစောကြီး ဘုရားဖူးပြီး တောင်ခြေကို ပြန်ဆင်းကြပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

နိုင်ငံခြား ဧည့်သည်များသည် ကျိုက်ထီးရိုး တောင်ပေါ်ရင်ပြင်ရှိ ရိုးရိုးလေးဟိုတယ်နှင့် ကျိုက်ထိုဟိုတယ်တွင် ညအိပ် တည်းခိုကြသည်။

ပြည်တွင်းပြည်ပ ခရီးသွားများ အများအပြားလာရောက်သည့် ကျိုက်ထီးရိုးတောင်တော်ဒေသတဝိုက် ဥပဒေ ဘောင်ကို ကျော်၍ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို  ယဉ်ကျေးမှုဝန်ကြီးဌာနက သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရိုးရိုးလေးကုမ္ပဏီက ဆောက်လုပ်ထားသော ဟိုတယ်(၇)လုံး၊ အခန်း(၂၄၁)ခန်းကို ဟိုတယ်နှင့် ခရီးသွား လာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ချိန် အတွင်းပြင်ဆင် တည်ဆောက်၍ ဆောက်လုပ်ထားသော ဟိုတယ်ဆောင်များကိုလည်း တည်ဆဲဥပဒေ လုပ်ထုံးလုပ် နည်းများနှင့် အညီဖြစ်စေရေး၊ ဝတ္တကမြေအတွင်း ရိုးရိုးလေးကုမ္ပဏီ တည်ခိုးခန်း အဖြစ် တည်ဆောက်ထားသော ရွှေနန်းကျင်ဓမ္မာရုံ၊ ထောက်လှမ်းရေးဓမ္မာရုံတို့ကို ဘုရားဖူးပြည်သူများ အခမဲ့ တည်းခိုနိုင်ရန် လက်ရှိ အခြေအနေအတိုင်း ကျိုက်ထီးရိုးဂေါပက (အသစ်) ထံစနစ်တကျ လွဲှပြောင်းရေး၊ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့်ချုပ်ဆိုထားသောစီးပွားရေးလုပ်ငန်းဆိုင်ရာ ကန်ထရိုက် စာချုပ် များကို ဖျက်သိမ်းပေးရေး နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသော အခွန် အရပ်ရပ်ကို တည်ဆဲ ဥပဒေနှင့်အညီ စစ်ဆေးမှုခံယူ၍ ပေးသွင်းပါရန် အတွက် ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို ဝန်ခံကတိပြုစေခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading