လိင်ဆက်ဆံပြီးတဲ့ အချိန်မှာ အမျိုးသားတွေ အနေနဲ့ ပုံမှန်မဟုတ်တဲ့ ခံစားမှုတချို့ (လူတိုင်းမှာတော့ မဟုတ်ပါဘူး) ရှိတတ် တာ ကို သတိထားမိချင် ထားမိပါလိမ့်မယ်။ အမှတ်တမဲ့နေလိုက်ကြသူတွေ ရှိသလို အဲဒါကို စဉ်းစားပြီး ခေါင်းရှုပ်တဲ့ သူ တွေ လည်း ရှိပါတယ်။ တကယ်တော့ မိမိမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာ တစုံတရာ မရှိဘူးဆိုရင် သိပ်ပြီး စိုးရိမ်ဖို့ မလို တာတွေ လည်း ရှိပါတယ်။ ဒါကြောင့် စိုးရိမ်စရာလည်း မလိုတဲ့ လိင်ဆက်ဆံမှုရဲ့ ဘေးထွက်ဆိုးကျိုးလို့လည်း ဆိုနိုင်တဲ့ ကိစ္စတချို့ကို ဖော်ပြလိုက်ပါတယ်။
အိပ်ပျော်သွားခြင်း သို့မဟုတ် အိပ်ချင်လာခြင်း
နယ်သာလန်နိုင်ငံက သုတေသီတွေက အမျိုးသားတွေရဲ့ ဦးဏှောက်ကို လိင်မဆက်ဆံခင်၊ လိင်ဆက်ဆံနေချိန်နဲ့ လိင် ဆက်ဆံ ပြီးတဲ့ အချိန် တွေမှာ စကန်ဖတ်ပြီး သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်အရ လိင်ဆက်ဆံမှုရဲ့ အထွဋ် အထိပ်ကို ရောက်တဲ့ အချိန်မှာ ဦးဏှောက်တွင်းမှာ သွေးစီးဆင်းမှုက သိသိသာသာ ပြောင်းလဲသွားပါတယ်။ အထွတ် အထိပ်ကို ရောက်ချိန်မှာ ဦးနှောက် ဘယ်ဘက်ခြမ်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ သွေး စီးဆင်းမှု မရှိတော့ပါဘူး။ ဦးနှောက် ဘယ်ဘက်ခြမ်းက ဆုံးဖြတ်ချက်ပြုလုပ်ရာမှာ ပါဝင်တဲ့ အပိုင်း ဖြစ်ပါတယ်။
“သွေးစီးဆင်းမှုနည်းသွားတဲ့ အတွက် neurons (အာရုံကြောဆဲလ်) အများစုကို လှုံ့ဆော်မပေးနိုင်တော့ဘူး။ အဲဒါကြောင့် အိပ် ချင်လာတာဖြစ်ပါတယ်။” လို့ ဆန်ဒီယေဂိုမှာ ရှိတဲ့ Institute for Sexual Medicine က ဒါရိုက်တာ ဒေါက်တာ Irwin Goldstein ကပြောပါတယ်။
ဓာတုဗေဒ နည်းအရပြောရမယ်ဆိုရင်တော့ သုတ်ထုတ်လွှတ်ပြီးချိန်မှာ endorphin လို့ခေါ်တဲ့ ဟိုမုန်းတွေ ထုတ်လုပ် မှု အလွန်မြင့်တက်သွားပါတယ်။“endorphin က မော်ဖင်းနဲ့ သဘောသဘာဝ တူတယ်” လို့ နယူးယောက်မှာ ရှိတဲ့ Mount Sinai ဆေးကျောင်းက ဆီးလမ်းကြောင်း ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ Jonathan Schiff က ပြောပါတယ်။
လိင်တံ နာကျင်ခြင်း
လိင်ဆက်ဆံပြီးတဲ့ နောက်မှာ အမျိုးသား အင်္ဂါ နာကျင်မှုက စက္ကန့်ပိုင်း မိနစ်ပိုင်းလောက် ခဏတဖြုတ်ပဲဆိုရင် ပုံမှန်လို့ပြော နိုင်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ “အရှိန် ပြင်းပြင်းနဲ့ သုတ်လွှတ်တဲ့ အချိန်မှာ ကြွက်သားတွေ ကျုံ့သွားတာကြောင့် နာကျင်မှု အနည်းငယ်ခံစားရနိုင်ပါတယ်။” လို့ ဒေါက်တာ Jonathan Schiff ကဆိုပါတယ်။
သုတ်လွှတ်တဲ့ အရှိန်က အများဆုံး တနာ ရီကို ၂၅ မိုင်နှုန်းလောက် အထိရှိနိုင်ပါတယ်။ တကယ်လို့ နာကျင်မှုက ကြာရှည် နေမယ်၊ နာရီပိုင်း၊ ရက်ပိုင်းလောက်အထိ ဆက်လက်နာကျင်နေမယ် ဆိုရင်တော့ လိင်ဆက်ဆံမှုကနေ တဆင့်ကူးစက်တဲ့ ရောဂါ (STD)ပိုး တမျိုးမျိုး ဝင်ရောက်မှုကြောင့်လည်း ဖြစ်နိုင်တဲ့ အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။
လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားရန် ခက်ခဲခြင်း
လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားဖို့ ကြိုးစားရင် ဆီးလမ်းကြောင်းက တစ်ဆို့နေသလိုမျိုးခံစားရနိူင်ပါတယ်။ “သုတ်လွှတ်တဲ့ အချိန်မှာ သုတ်ရည်ရှေ့ကို ထွက်နိုင်ဖို့ အတွက် အတွင်းကြွက်သားတွေက ဆီးအိမ်အဝကိုတင်းတင်း ကျပ်ကျပ်ပိတ်ဆို့ ထားလိုက်ပါတယ်။ အဲဒီလိုမပိတ်ရင် သုတ်ရည်တွေက အတွင်းကို လှည့်ပြီး ဆီးအိမ်ထဲ ဝင်သွားနိုင်ပါတယ်။” လို့ ဒေါက်တာ Jonathan Schiff က ရှင်းပြပါတယ်။
အဲဒီကြွက်သားတွေ ပြန်ပြီးပြေလျော့သွားဖို့ အချိန် အနည်းငယ်လိုပါတယ်။ ဒါကြောင့် ဆီးမသွားခင် အချိန်ယူပြီး ကြွက်သား တွေ ပြေလျော့သွားမယ့် အချိန်ကို စောင့်တာ ပိုကောင်းတယ်လို့လည်း ဒေါက်တာ Jonathan Schiff က အကြံပြု ခဲ့ပါတယ်။
လိင်တံ ချက်ခြင်း ပြန်လည်တင်းမာနိုင်မှု မရှိခြင်း
“အထွတ်အထိပ်ကိုရောက်ပြီးချိန်မှာ အာရုံကြောတွေက လိင်အင်္ဂါတဝိုက်မှာ အာရုံခံစားနိုင်စွမ်းကို ပြန်လည် တည်ဆောက် ရပါတယ်။” လို့ ဒေါက်တာ Jonathan Schiff ကပြောပါတယ်။ အဲဒီအချိန်မှ ဦးနှောက်တွင်းမှာ သွေးစီးဆင်းမှုကလည်း ပြန် လည် စတင်နေချိန် ဖြစ်တဲ့အတွက် နောက်တကြိမ် လိင်အင်္ဂါ ပြန်လည်တောင့်တင်းလာဖို့ အတွက် ပုံမှန် အခြေအနေ ကို ပြန်ရောက်ဖို့ လိုပါတယ်။
“ဒါပေမယ့် အမျိုးသမီးတွေကတော့ ဒီလို ပြန်လည်တည်ဆောက်ချိန် မလိုအပ်တဲ့ အတွက် အထွတ်အထိပ် ခံစားမှုကို အ ကြိမ်ကြိမ် ရနိုင်ပါတယ်။” လို့ ဒေါက်တာ Irwin Goldstein ကပြောပါတယ်။
အဲဒီလို ပြန်လည်စောင့်ဆိုင်းရတဲ့ အချိန်က အသက်အရွယ်ကို လိုက်ပြီး ကွာခြားပါတယ်။ အသက် ၂၀ကျော် အရွယ်မှာ ၅ မိနစ်လောက်ဆိုရင် အသင့် ပြန်ဖြစ်နိုင်ပေမယ့် အသက်ကြီးလာရင်တော့ နာရီနဲ့ ချီပြီး ကြာပါတယ်။ အသက် ၅၀ ကျော် အမျိုးသားတွေ ဆိုရင် ရက်အနည်းငယ် လောက်အထိ စောင့်ရနိုင်ပါတယ်။
ကပ္ပယ်အိတ် ကျုံ့သွားခြင်း
“သုတ်လွှတ်လိုက်တဲ့ အချိန်မှာ ကပ္ပယ်အိတ်ကြွက်သားတွေက ကျုံ့သွားပြီးတော့ ဝှေးစေ့ (ဥ)တွေကို ကိုယ်ခန္ဓာနဲ့ နီးအောင် အထက်ကို ဆွဲကပ်လိုက်တဲ့ အတွက် ဝှေးစေ့ (ဥ)တွေ သေးသွားတယ်လို့ ခံစားရတတ်ပါတယ်။ ရေအေးအေးနဲ့ ထိလိုက် ရင် ဖြစ်တတ်သလိုမျိုးပါပဲ။” လို့ ဒေါက်တာ Jonathan Schiff ကပြောပါတယ်။
ခြေချောင်းများကြွက်တက်သလို ဖြစ်ခြင်း
“လူတယောက်က လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်ကို တကယ် ရ မရဆိုတာကို သူရဲ့ ခြေချောင်းလေးတွေ လှုပ်ရှားမှုကို ကြည့်ပြီး ဖော်ထုတ်လို့ရပါတယ်။” လို့ ဒေါက်တာ Irwin Goldstein ကပြောပါတယ်။
လိင်ဆက်ဆံစဉ်အတွင်းမှာ ကျောရိုးမှာရှိတဲ့ အာရုံကြောတွေထဲက S2၊ S3 နဲ့ S4လို့ ခေါ်တဲ့ အာရုံကြောတွေ အလုပ်အများ ကြီးလုပ်ကြရပါတယ်။ သုတ်လွှတ်ဖို့ အတွက် လိင်အင်္ဂါတဝိုက်က ကြွက်သားတွေကို ညှစ်ရာမှာလည်း သူတို့က ကူညီရ ပါတယ်။ တကယ်လို့ ပြင်းထန်အားကောင်းတဲ့ အထွဋ်အထိပ်ခံစားမှုကို ရပြီဆိုရင် အနားမှာရှိတဲ့ S1 လို့ခေါ်တဲ့ အာရုံကြော ကိုလည်း လှုံဆော် သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ S1 က ခြေထောက်ရဲ့ အပြင်ဖက်အပိုင်း အထူးသဖြင့် ခြေချောင်း လေးတွေရဲ့ အာရုံခံစားမှုကို သိစေတဲ့ အာရုံကြောဖြစ်ပါတယ်။
Source: menshealth.com