သတင်း

တောင်ဒဂုံ သက်မပြည့် အိမ်အကူမိန်းကလေး နှိပ်စက်ခံရမှု စတင်စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ အသက် မပြည့်သေးသည့် အိမ်အကူမိန်းကလေးအား ညှဉ်းပန်းနှိပ်စက်ခဲ့သည် ဆိုသော အိမ်ရှင် ၄ ဦးကို စက်တင်ဘာ ၂၆ ရက်က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ စတင် ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက“တောင်ဒဂုံမြို့နယ်၊ တော်ဝင်အိမ်ရာ ဦးဝိစာရလမ်းမှာဖြစ်တဲ့ အဲဒီအမှုကိုလည်း လူကုန်တား ဥပဒေ ၂၄/၃၂ နဲ့ အမှုဖွင့်ထားပြီး တရားခံတွေကို ၂၆ ရက်မှာ ထောင်ကိုပို့ထားပြီး ဖြစ်တယ်။ တရားလိုများ သက်သေစစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံထားဆဲ ဖြစ်တယ်” ဟု ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းရှိ နေအိမ်တခုတွင် အိမ် အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ် အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက်ကို သံဆူး ကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက်နှိပ်စက်ခဲ့သည့် အိမ်ရှင်ဖြစ်သူ ဒေါ်အေးဝင်း အပါအဝင် သား၊ သမီးနှင့် သားမက် တို့ကိုပါ ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အိမ်တွင်း အကြမ်းဖက်မှုများဖြစ်သည့် ရန်ကုန်မြို့ အင်း၀ အပ်ချုပ်ဆိုင် အမှု၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၈ နှစ် အရွယ်မိန်းကလေး မစုဝေကို ကြိုးတုပ်ရိုက်နှက်မှုနှင့် တောင်ဒဂုံမြို့နယ်၊ တော်ဝင်အိမ်ရာတွင် ဖြစ်ပွားခဲ့သည့် အသက် ၁၅ နှစ်အရွယ် မသန်းသန်းအိကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်မှုတို့နှင့် သက်ဆိုင်သည့် တရားခံများကို အရေးယူ ထားမှု အခြေအနေများနှင့် ပတ်သက်ပြီး တိုင်းလွှတ်တော် ကိုယ်စလှယ်များက မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီး တင်အောင်ထွန်း က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

လက်ရှိတွင် အင်း၀ အပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး တရားခံမိသားစုများ အားလုံးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ် ကြောင်းနှင့် အသက် ၈ နှစ်အရွယ် မစုေ၀ ကြိုးတုပ်ရိုက်နှက်ခံရသည့် အမှု ကြန့်ကြာနေရခြင်းသည် ရုံးချိန်း ပုံမှန် မလာရောက်ခြင်းကြောင့် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

“ဗဟန်းအမှု ကြန့်ကြာနေတာဟာ သက်သေမစုံတဲ့အတွက်၊ ရုံးချိန်းပုံမှန်မလာရောက်တဲ့ အတွက်ကြောင့် နောက်ကျ နေ တာ ကို ပြန်စိစစ်ချက်အရ တွေ့ရတယ်။ မနက်ဖြန်မှာ သက်သေတွေအားလုံး စစ်ဆေးပြီး ဖြစ်တဲ့အတွက်ကြောင့် မကြာမီ ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ကြောင်းလည်း သိရတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၇ မှု ရှိခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ရန်ကုန်တိုင်းတွင် လူကုန်ကူးခံရသည့် အမှုပေါင်း ၁၆ မှု ရှိကြောင်းနှင့် ထိုအမှု ၁၆ မှုတွင် ဖမ်းဆီးရမိထားသည့် တရားခံ ၂၉ ဦးရှိပြီး တရားခံပြေး ၂၄ ဦး ရှိနေကြောင်း၊ အမှု ၁၆ မှုတွင် လူကုန်ကူးခံရသူ စုစုပေါင်း ၃၃ ဦး ရှိကြောင်းလည်း ဗိုလ်မှူးကြီး တင်အောင်ထွန်းက ထည့်သွင်း ပြောဆိုသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading