သတင်း

ရနောင်းလူသတ်မှု စွပ်စွဲခံ မြန်မာများဘက်မှ နောက်ဆုံးကြားနာ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိုင်းအထက်တန်းကျောင်းသူ တယောက်အား သတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော မြန်မာ ရွှေ့ပြောင်းလုပ်သား ၄ ယောက် အမှုကို စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းတရားရုံးတွင် ၁၂ ကြိမ်မြောက်ကြားနာခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ရွေ့ပြောင်းလုပ်သားများ အခွင့်အရေးကို အကူအညီပေးသော ဖောင်ဒေးရှင်းတခု၏ အစီရင်ခံစာအရ အသက် ၁၇ နှစ်အရွယ် ကျောင်းသူ Orawee Sampaotong အား လူမဆန်စွာ ဓားဖြင့် ထိုး၍ သတ်ခဲ့သည့် အမှုအတွက် တရားရုံးက နောက်ဆုံးအကြိမ် ကြားနာခြင်း ဖြစ်ကြောင်း သိရသည်။ နောက်တကြိမ်အမှုကြားနာခြင်းကို အောက်တိုဘာလ ၅ ရက်နေ့ သတ်မှတ်ခဲ့ပြီး တရားလိုများက ၎င်းတို့၏ မျက်မြင်သက်သေများကို တင်ပြသွားမည် ဖြစ်သည်။ တရားရုံးတွင် သက်သေတင်ပြသူများ၌ ထိုင်းလုုပ်ငန်းရှင်များလည်း ပါဝင်သည်။

မိုးဇင်အောင်၊ ဇော်လေး၊ မောင်စိန်းနှင့် ကျော်စိုးဝင်း တို့သည် လူသတ်မှု့ဖြစ်ပွားချိန်က ဆိပ်ကမ်းမှ မိုင် ၆၀ အကွာအဝေးတွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။ သို့သော် လူသတ်မှု ဖြစ်ပွားပြီးနောက် တလနီးပါး ကြာမြင့်မှ အဖမ်းခံခဲ့ရသည်။ ၎င်းတို့ကို ရဲများက ရက်ပေါင်းများစွာ နှိပ်စက်ခဲ့ကြောင်း ပြောသည်။

တရားခံဟု စွပ်စွဲခံထားရသော မြန်မာရွေ့ပြောင်း လုပ်သားများ၏ အသက်မှာ မှတ်တမ်းများတွင် ၁၈ နှစ်မှ ၁၅ နှစ်အထိ စာရင်းသွင်းသော်လည်း ၄ ယောက်အနက် ၂ ယောက်မှာ ၁၅ နှစ် နှင့် ၁၆ နှစ် ဖြစ်ကြောင်း ၎င်းတို့၏ မိဘများက ပြောသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ခွင့်ပြုချက်ရရှိရန် ၎င်းတို့၏ အသက်ကို လိမ်လည်ခဲ့ခြင်း ဖြစ်သည်။

မှတ်တမ်းများ၊ သက်သေခံ အထောက်အထားများများနှင့် မျက်မြင်သက်သေများကို ပြင်ဆင်ခဲ့ကြောင်း Foundation for Education Development (FED) တည်ထောင်သူ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

“တရားရုံး အမှုကြားနာတာက အခုထိတော့ မျှတနေသေးတယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ စွပ်စွဲခံရသူတွေဘက်က လိုက်ပေးတဲ့ ကျနော်တို့ ရှေ့နေတွေကလည်း ကောင်းကောင်း ပြင်ဆင်ထားပါတယ်”ဟု စက်တင်ဘာလ ၃၀ရက်နေ့က ဧရာဝတီသို့ ပြောသည်။ အဆိုပါ စွပ်စွဲခံများ ဘက်မှ မျက်မြင်သက်သေများ စာရင်းတွင် စွပ်စွဲခံရသူများ၏ ဆွေမျိုးသားချင်းများ၊ ထိုင်းအလုပ်သမားများ၊ ရွေ့ပြောင်းအလုပ်အသား ခေါင်းဆောင်များ၊ ထိုင်းအထူးရဲတပ်ဖွဲ့နှင့် ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ စသည်ဖြင့် အင်အားတောင့်တင်းစွာ ပါဝင်ပါသည်။

အခင်းဖြစ်ပွားရာတွင် Orawee Sampaotong ကို သတ်သူဟု ယူဆရသော မျိုးရိုးဗီဇ DNA ရယူခဲ့ရာ အဆိုပါ စွပ်စွဲခံထားရသော မြန်မာလုပ်သားများနှင့် တဦးမျှ ကိုက်ညီခြင်းမရှိပါ။

သြဂုတ်လ ၃၁ရက်တွင် ကျောင်းသူ Orawee Sampaotong သေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့သော ရနောင်း ဆေးရုံအုပ်ကြီး Kittin Mewutsom ကလည်း ယင်းလူသတ်မှုတွင် မြန်မာလုပ်သား လေးဦးပါဝင်သည်ဟု မယုံကြည်ပေ။

ယခုနှစ် နိုဝင်ဘာလတွင် အမှုကြားနာမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် အစောပိုင်းတွင် အမိန့်ချမှတ်သွားမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ တချိန်တည်းတွင် ဦးထူးချစ်နှင့် FED က ထိုင်းနိုင်ငံတွင် အမှုရင်ဆိုင်နေရသော မြန်မာနိုင်ငံသား လေးဦးအတွက် တရားမျှတမှု ရှိနေရန် မြန်မာအစိုးရ၏ နောက်ထပ် အကူအညီထောက်ပံ့မှုများကို တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွငိ ရွေ့ပြောင်းလုပ်သားများမှာ ရာဇဝတ်မှုများအတွက် မကြာခန ကြားဝင်ခံပေးနေရသည့် အချက်ကို ဦးထူးချစ်က ထောက်ပြခဲ့သည်။

“မြန်မာအစိုးရ ဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ အစိုးရနဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်းတွေက NGOတွေ CBO တွေနဲ့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရွေ့ပြောင်းလုပ်သား အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွကို တရားဝင် အကူအညီပေးဖို့ ကာကွယ်ဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်” ဟု ဦးထူးချစ်ကပြောသည်။

ယခု ရနောင်းလူသတ်မှုကို ခိုတောင်ကျွန်း လူသတ်မှုနှင့် နှိုင်းယှဉ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရခြင်းတွင် မြန်မာရွေ့ပြောင်းလုပ်သား ၂ ဦးအား ဖမ်းဆီး၍ တရားစွဲခဲ့သည်မှာ ၃ လကြာမြင့်ခဲ့ပါသည်။ သက်သေခံများကို ထိန်းချုပ်ခြင်း၊ စုံစမ်းစစ်ဆေးမှု ကာလအတွင်း စွပ်စွဲခံသော မြန်မာလုပ်သား ၂ဦးကို ညှင်းပန်းနှိပ်စက်ခြင်းတို့ကြောင့် လူ့အခွင့်အရေး အဖွဲ့များက ထိုင်းရဲတပ်ဖွဲ့ကို ကန့်ကွက်ခဲ့သော်လည်း ထိုစွပ်စွဲခံရသော မြန်မာ၂ဦးကို သေဒဏ်ချမှတ်ခဲ့ပါသည်။ ၎င်းတို့ ၂ ဦးမှာ သေဒဏ်ချမှတ်မှုကို အယူခံဝင်ခဲ့ပြီး လက်ရှိတွင် ထောင်ထဲ၌ ထိန်းသိမ်းခံရဆဲ ဖြစ်သည်။

ရနောင်းလူသတ်မှုနှင့် ပတ်သက်ပြီး ကုုန်ကျစရိတ်ကိုု ဦးဇော်ဇော်၏  ဧရာဝတီဖောင်းဒေးရှင်း က လှူဒါန်းထောက်ပံ့ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading