သတင်း

နယ်သာလန်နိုင်ငံသားအမှု သဘက်ခါ အပြီးသတ်အမိန့်ချမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဓမ္မာရုံမှ အသံချဲ့စက်ကြိုးနှင့်ပလပ်တို့အား ဆွဲဖြုတ်ခြင်းကြောင့် ပုဒ်မ ၂ ခုဖြင့် တရားစွဲခံထားရသည့် နယ်သာလန်နိုင်ငံသား၏အမှုကို လာမည့် အောက်တို ဘာ ၆ ရက်နေ့၌ အပြီးသတ်အမိန့်ချမည်ဟု မဟာအောင်မြေမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးဝင်းနိုင်က ပြော သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခန့်အချိန် မဟာအောင်မြေမြို့နယ်အတွင်းက ဓမ္မာရုံတရုံမှ  ဖွင့်ထားသည့် အသံချဲ့စက်၏ ဆူညံသံအား မခံနိုင်၍ ပလပ်များဆွဲဖြုတ်ခဲ့သည့်အတွက် နယ်သာလန်နိုင်ငံ သား Mr. Klaas Haijtema အား ပြည်ဝင်ခွင့် ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် လူဝင်မှုကြီးကြပ်ရေး အက် ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့်လည်းကောင်း၊ ဓမ္မာရုံဝတ်ရွတ်အသင်းခေါင်းဆောင်မှ ဗုဒ္ဓဘာသာနှင့် ရိုးရာထုံး တမ်းဓလေ့ကို နှောင့်ယှက်သည်ဆိုကာ သာသနာညိုးနွမ်းစေမှု ပုဒ်မ (၂၉၅) ဖြင့်လည်းကောင်း ပုဒ်မ ၂ ခုဖြင့် တရားစွဲ ဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို ယနေ့ ၅ ကြိမ်မြောက် ရုံးထုတ်၍ တရားခံနှင့် တရားခံပြ သက်သေ ၁ ဦးတို့ကို  စစ်ဆေးခဲ့ပြီး တရားခံပြသက်သေအဖြစ် အဆိုပါ နယ်သာလန်နိုင်ငံသား၏ ချစ်သူအမျိုးသမီး Ms. Nathalea Stoop (နယ်သာလန်နိုင်ငံသူ)အား ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

တရားခံပြသက်သေ Ms. Nathalea Stoop က အခင်းဖြစ်သည့် စက်တင်ဘာ ၂၃ ရက်ညပိုင်းက နောက် တနေ့ မနက်ပုဂံသွားဖို့ စောစောအိပ်ရာဝင်ရန် ပြင်ဆင်နေသည့်အချိန် ဆူညံသံများ ကြားရသောကြောင့်  မစ္စတာကလပ်က သွားရောက်ကြည့်ရှုမည်ဟု ဆိုကာ ဟိုတယ်အခန်းမှ ထွက်သွားသည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

“တခဏအကြာ သူ(မစ္စတာကလပ်)ပြန်လာတယ်၊ ကလေးများ သီချင်းဆိုနေသည်ကို တွေ့တဲ့အတွက် ဆောင်းဘောက်မှာ တပ်ထားတဲ့ ပလပ်တွေကို ဖြုတ်ခဲ့တယ်လို့ ကျမကိုပြန်ပြောပြတယ်” ဟု သူမက တရားရုံးတွင်ထွက်ဆိုခဲ့သည်။

ပထမဆုံးရုံးထုတ်သည့်နေ့က မစ္စတာကလပ်ကိုယ်တိုင် ရုံးတော်တွင် ၎င်းနေရာအား ဘာသာရေးအဆောက် အအုံမှန်းမသိကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုအား တမင်ရည်ရွယ်အနှောင့် အယှက်ပြုခြင်းမဟုတ်ဟု ထွက်ဆိုခဲ့သည်။

ယင်းအမှုကိစ္စနှင့် ပတ်သက်၍ တရားခံရှေ့နေအဖြစ် အခမဲ့ဆောင်ရွက်ပေးသည့် ရှေ့နေ ဦးလှကိုက “မစ္စတာကလပ်ဟာ ဆူညံသံကြောင့် နားမခံနိုင်ဘဲ ဒေါသမထိန်းနိုင်ဘဲ လုပ်ခဲ့တာဖြစ်ပါတယ်။ ဥပဒေမှာ ရည်ရွယ်ချက်မရှိရင် ပြစ်မှုမမြောက်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ခုစွဲထားတဲ့ပုဒ်မ ၂၉၅ နဲ့ လုံး၀ အကျုံးမဝင်တာ ထင်ရှားပါတယ်” ဟု တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်။

ထို့ကြောင့် ၎င်းပြစ်မှုမမြောက်လျှင် လဝကဥပဒေကိုလဲ ကျုးလွန်ရာမရောက်သည့်အတွက် တရားသေ လွှတ်ပေးရန် ရှေ့နေဦးလှကိုက ရုံးတော်တွင် လျှောက်ထားခဲ့သည်။

သို့ရာတွင် တရားလို၏ ရှေ့နေက နိုင်ငံခြားသားတစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို ချိုးဖောက်သည့် အတွက် ဥပဒေနှင့် ထိုက်သင့်သည့် အပြစ်ဒဏ်အား အမိန့်ချသင့်ကြောင်း လျှောက်ထား ခဲ့ပြီးနောက် အဆိုပါအမှုကိစ္စအား အောက်တိုဘာ ၆ ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု တရားသူကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading