သတင်း

ကျွန်ပြုခံ ရေလုပ်သားများ လုပ်ခလစာ ပြန်လည်ရရှိရေး အစိုးရကူညီရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းရှိ ရေလုပ်ငန်းတွင် ကျွန်ပြုစေခိုင်းခြင်းမှ လွတ်မြောက်လာကြသည့် ရေလုပ်သားများက ၎င်းတို့နစ်နာခဲ့ရသည့် လုပ်ခလစာများ ပြန်လည်ရရှိရေးအတွက် အစိုးရက ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုက် သည်။

ထိုရေလုပ်သားများသည် ထိုင်းငါးဖမ်းလှေများမှတဆင့် လူကုန်ကူးခံရပြီး အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းသို့ ရောက်ရှိ ခဲ့ကြသူများ ဖြစ်သည်။

၎င်းတို့ကို အင်ဒိုနီးရှား ဘန်ဂျီနာဖူဆာကာ ကုမ္ပဏီနှင့် ထိုင်း ဆေးလ်ဗားစီး ကုမ္ပဏီတို့က ရေလုပ်သားများအဖြစ် နှစ်ချီ ခိုင်း စေ ခဲ့ပြီး လုပ်ခလစာများ မရရှိခဲ့သည့်အပေါ် နစ်နာခဲ့ရသည့် ရေလုပ်သား ၅၁၃ ဦးက စုပေါင်း တောင်းဆိုခြင်း ဖြစ်သည်။

ရေလုပ်သားများက ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ရုံး၌ သတင်း မီဒီယာများနှင့် တွေ့ဆုံပြီး အစိုးရက ကူညီပေးရန် တောင်းဆိုကြောင်း အသိပေး ပြောဆိုခြင်း ဖြစ်သည်။

ရေလုပ်သား တဦးဖြစ်သူ ဦးလှိုင်မင်းက “ကျနော်တို့ ပြန်ရောက်ပြီး ၆ လအတွင်း လုပ်ခလစာ ရရှိအောင် လုပ်ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပေမယ့် အခုထိ ဘာမှမရသေးဘူး။ အစိုးရအနေနဲ့လည်း ကူညီထောက်ပံ့မှု မရှိ သလောက် ပါပဲ”ဟု ပြောသည်။

ရေလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်မှာ တနှစ်ခန့် ရှိပြီဖြစ်သော်လည်း ၎င်းတို့စားဝတ်နေရေး အတွက် လုပ်ကိုင်ရာတွင် အခက်အခဲအမျိုးမျိုး ရှိနေပြီး တချို့မှာ ထိုင်းနိုင်ငံသို့ ပြန်လည်သွားရောက် လုပ်ကိုင်နေရမှုများ ရှိနေ ကြောင်းလည်း ဦးလှိုင်မင်းက ဆက်ပြောသည်။

ဘန်ဂျီနာကျွန်းတွင် ၂၂ နှစ်ကြာ လုပ်ကိုင်ခဲ့ရသည့် ဦးမြင့်နိုင် ကလည်း“ကျနော် နှစ်တွေအကြာကြီး လုပ်ခဲ့ရပေမယ့် ၅ နှစ်ကျော် စာ လုပ်အားခလေးကိုပဲ ပြန်တောင်းဆိုထားတာပါ။ ညှဉ်းပန်းဖိနှိပ်ခံပြီး လုပ်ခဲ့ရတဲ့ ချွေးနည်းစာလေးကို ပြန်လို ချင်ပါတယ်”ဟု ပြောသည်။

ဘန်ဂျီနာ ကျွန်းပေါ်နှင့် ငါးဖမ်းလှေများတွင် စေခိုင်းခံရမှုများ အတွင်း သေဆုံးခဲ့သူ အမြောက်အများ ရှိခဲ့ကြောင်း ပြန်လည် လွတ်မြောက်လာကြသည့် ရေလုပ်သားများက ပြောဆိုသည်။

အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ကျွန်းများတွင် ရေလုပ်သားများအဖြစ် ကျွန်ပြုခိုင်းစေခံနေရမှုများကို AP သတင်းဌာနက ဖော်ထုတ်ရေးသားမှုကြောင့် ၎င်းတို့ ပြန်လည် လွှတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် မေလ နှင့် ဇွန်လ အတွင်း မြန်မာရေလုပ်သား ၅၇၅ ဦး ကို အစိုးရ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ကယ်ထုတ် ခေါ်ဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading