သတင်း

နေပြည်တော် တပ်ကုန်းတွင် မူးယစ်ဆေးနှင့် ပတ်သက်ပြီး လုံခြုံရေး စိုးရိမ်မှု ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါး သုံးစွဲရမ်းကားမှုများကြောင့် လူ့အသက်သေဆုံးမှုအထိ ဖြစ်ပွားလာရသည့် တပ်ကုန်းမြို့ကို လုံခြုံရေး တိုးမြှင့်ပေးရန် နေပြည်တော် ကောင်စီ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး မင်းနောင်ထံ တောင်းဆိုထား ကြောင်း တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်က ပြောသည်။

“နယ်/လုံ ဝန်ကြီးကို တောင်းဆိုရတာက မြို့ခံလူထုက တင်ပြလို့ပါ။ ကျနော် လိုက်စစ်ကြည့်တော့ လူငယ်တွေ မူးယစ် ဆေးဝါး သုံးစွဲနေတာ၊ ဆိုးသွမ်းနေတာတွေ တော်တော်များများ တွေ့ရတယ်။ အဓိက က မူးယစ်ဆေးဝါးကို အခြေခံပြီး ဖြစ်လာတာပါ”ဟုလည်း ဦးကျော်တင့်က ပြောဆိုသည်။

တပ်ကုန်းမြို့ပေါ်တွင် ညပိုင်းအချိန်၌ ဈေးဆိုင်၊ စတိုးဆိုင်၊ ဖုန်းဆိုင်နှင့် လူနေအိမ်များ အဖောက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံ တဦးဖြစ်သည့် ဦးစိုးကြီးကလည်း ဧရာဝတီကို ပြောသည်။

တပ်ကုန်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မူးယစ်ပြဿနာများအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်က တင်ပြလာသဖြင့် နေပြည်တော်ကောင်စီ လွှတ်တော ်ကိုယ်စားလှယ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို တပ်ကုန်း မြို့နယ် တွင် လာမည့် အောက်တိုဘာလ ၈ ရက်၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် ကလည်း ပြောပြသည်။

“ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ Figure ထောက်ပြောရရင်တော့ မှုခင်းက သိသိသာသာ တိုးလာတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်တင်ပြလာတော့ အဖြေရှာတဲ့အနေနဲ့ လူထုတွေ့ဆုံပွဲတခု လုပ်မယ်။ မှုခင်းကျဆင်းရေး စီမံချက်မြို့နယ်ထဲကို တပ်ကုန်းကို ထည့်ဖို့လည်း စီစဉ်နေတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က တပ်ကုန်းမြို့နယ် အခြေခံပညာ၊ အထက်တန်းကျောင်း ထမင်းစား ကျောင်း ဆင်းချိန် နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်နေ အရက်မူးသူ၊ ဆေးသုံးစွဲထားသူများဟု ယူဆရသည့် လူငယ် ၃ ယောက်က တတိယတန်း စာသင်ခန်းအတွင်းသို့ ဝင်ရောက်၍ ကလေးငယ်များထံမှ ငွေပေးရန် အတင်းအကျပ် ခြိမ်းခြောက် တောင်းဆိုမှုတခု ဖြစ်ပွားခဲ့ကြောင်း ဦးကျော်တင့်က ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးကြီး ဇော်ခင်အောင်က “အဲဒီ ပြဿနာတက်တာ ဟုတ်တယ်။ ကလေးတွေကို စနောက်တဲ့ သဘောမျိုး လုပ်သွားတယ်။ တောင်းတာက ပိုက်ဆံ ၂၀၀ ပါ။ ဆေးစစ်ကြည့်တော့ မှုးယစ်ဆေးသုံးထားတာ မရှိဘူး”ဟု ဆို သည်။

ထို့အပြင် စက်တင်ဘာလ ၂၃ ရက်က တပ်ကုန်းမြို့နယ် ကြို့ပင်သာကျေးရွာတွင် ဆေးသုံးစွဲထားသည်ဟု ယူဆရသူ တဦး က ဓားဖြင့် လိုက်ခုတ်သဖြင့် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ မူးယစ် သောက်စားထားသော လူငယ် များသည် တပ်ကုန်းမြို့ရှိ လူစည်ကားရာ လမ်းမပေါ်တွင် အများပြည်သူ သွားလာရာ၌ အခက်အခဲဖြစ်ရန် ဆိုင် ကယ် များ အုပ်စုလိုက်မောင်းနှင်ခြင်း၊ ရန်ဖြစ်ခြင်း ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်က ဆက်ပြောသည်။

“မူးယစ်ဆေးဝါး သုံးစွဲမှု များပြားတာက အဓိက အကြောင်းရင်းပါ။ တပ်ကုန်းမြို့နယ်မှာ မူးယစ်ဆေးဝါး ဖြတ်သန်း သွားလာ တဲ့ လမ်းကြောင်းတခု ရှိနေတယ်။ အဲဒီလမ်းကြောင်းကို အဓိကဂိတ်တွေ ထားပြီးတော့ တားဆီးစစ်ဆေးမယ်။ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုကို အဓိက နှိမ်နင်းပေးမယ်ဆိုရင် မှုခင်းလည်း ကျဆင်းသွားမှာပါ”ဟုလည်း ဦးကျော်တင့်က ဆို သည်။

တပ်ကုန်းမြို့နယ်အနီးရှိ ကျေးရွာတခုတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် လက်လုပ်စက်တလုံးရှိပြီး တရက်လျှင် ဆေးပြား ၆ သောင်းခန့် ထုတ်လုပ်နေသည်ကို ကြားသိရကြောင်း၊ လာမည့်အောက်တိုုဘာလ ၈ ရက်တွင် ကျင်းပမည့် မှုခင်းကျဆင်း ရေး လူထုတွေ့ဆုံပွဲ၌ တပ်ကုန်းမြို့နယ်၏ လိုအပ်ချက်များကို အစိုးရထံ တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း ဦးကျော်တင့် က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading