သတင်း

လွှတ်တော်ကိုယ်စားလှယ် နှင့် ပဋိပက္ခ မိုတယ်ရွှေပြည်သာ ရှင်းလင်း

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သစ္စာပန်းခြံလမ်းရှိ မိုတယ်ရွှေပြည်သာက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း အား အမှုဖွင့်ထားရခြင်းနှင့်ပတ်သက်၍ ယနေ့ မိုတယ်ရွှေပြည်သာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ကြောင်း သိရသည်။

“အဓိကရည်ရွယ်ချက်က လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း ပြောတာဟာ ကျနော်တို့ဘက်က မတရားပြောတာ လို့ ပြောတဲ့အတွက် ကျနော်တို့ဘက်က မှန်ကန်ကြောင်းဆိုတာကို ပြသတဲ့ သတင်းစာ ရှင်းလင်းပွဲပါ”ဟု မိုတယ်ရွှေ ပြည်သာ ၏ Supervisor ကိုမောင်မောင်လေးက ဧရာဝတီကို ပြောသည်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း သည် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီခန့် က မိုတယ် ရွှေပြည်သာသို့ တခြားသူနှစ်ဦးနှင့်အတူ ကာရာအိုကေ ဆိုရန် ရောက်ရှိလာခဲ့ရာ ဟိုတယ်ဝန်ထမ်းများနှင့် အချင်း များခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့ ညနေတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကိုမောင်မောင်လေးက “ဦးဉာဏ်လင်း ဆိုတာဟာ လွှတ်တော် ကိုယ်စားလှယ် တယောက်။ သိက္ခာရှိတဲ့ လူတယောက် ဖြစ်တယ်။ ကျနော်တို့ ဟိုတယ်ထဲကိုလာပြီးတော့ မင်းမဲ့စရိုက်နဲ့ လာသောင်းကျန်းသွားတာကို ကျနော်တို့က ဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟုလည်း ပြောဆိုသည်။

မိုတယ်ရွှေပြည်သာ ဖွင့်လှစ်ထားသည်မှာ တနှစ်ခန့်ကြာပြီဖြစ်ပြီး ကာရာအိုကေ ဖွင့်ထားသည်မှာလည်း လာရောက် တည်းခိုသည့် ဧည့်သည်များအတွက် ဖျော်ဖြေမှုတခုအဖြစ် ဖွင့်ပေးထားခြင်းဖြစ်ပြီး ၁ နာရီ အခမဲ့ သီဆိုခွင့်ပေးထား ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အမှုဖွင့်ခံရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း က “လောလောဆယ် တုံ့ပြန်ဖို့ မရှိပါဘူး။ မရှိဘူး ဆိုတာက ကျနော် သူတို့စွဲထားတဲ့ ပုဒ်မတွေ တခုမှ မကျူးလွန်ခဲ့ဘူး။ အဲဒီကို သွားတဲ့ အဓိကရည်မှန်းချက်က ဒေသခံ ပြည်သူတွေက တိုင်ကြားတာရှိတယ်။ အဲဒီတိုင်ကြားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ မှန်လားမမှန်ဘူးလား လေ့လာဖို့ သွားတာ”ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက မိုတယ်သို့သွားရောက်မည်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲစခန်းများသို့ ကြိုတင် အကြောင်းကြားထားပြီး ဖြစ်သော်လည်း တပြိုင်တည်း ဝင်သွားပါက မိုတယ်ပိုင်ရှင် အနေဖြင့် ပြစ်မှု ကျူးလွန် သကဲ့သို့ဖြစ်မည် စိုးရိမ်သောကြောင့် ပြည်သူများ တိုင်ကြားထားမှု ဟုတ်မဟုတ် လေ့လာသည့်သဘောဖြင့်သာ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ဦးဉာဏ်လင်း က“ကာရာအိုကေ ဆိုဖို့တာ မှားတယ်။ ဒေသခံတွေတိုင်တာ အတည်ယူလို့မရဘူး။ မဟုတ်ဘဲလုပ်လိုက် ရင် ကာယကံရှင်နစ်နာမယ်။ အဲဒီလိုမျိုး နာရီဝက်တန်သည်၊ တနာရီတန်သည် ခဏထိုင်မယ်။ အအေးလေး ဘာလေး သောက်မယ်။ ဘာမှမဖြစ်ဘူးဆို ပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။ တခုတော့ ရှိတာပေါ့။ အဲဒီမှာ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ လာတာ မဟုတ်ဘူး။ သာမန် Customer တဦးအနေနဲ့ လာလိုက်တာကို ကလေးတွေ အနေ နဲ့ နည်းနည်းစိုးရိမ်သွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”ဟုလည်း ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း အပါအဝင် ၃ ဦးကို ရွှေပြည်သာ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုုဒ်မ ၂၉၄(ဆဲဆိုမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၁၁၄(အားပေးကူညီမှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading