• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ပတွင် အလုပ်လုပ်မည့်သူများ အတွက် Job Passport စနစ် စီစဉ်နေ

by ခင်ဦးသာ
14 October 2016
in သတင်း
A A
ထိုင်း-မြန်မာ နယ်စပ်တံတားပေါ်တွင် တွေ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ /  ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ်တံတားပေါ်တွင် တွေ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ / ဧရာဝတီ

3k
VIEWS
Share on FacebookShare on Twitter

ပြည်ပနိုင်ငံများ၌ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများသည် ၂၀၁၇ ခုနှစ်မှစတင်၍ အလုပ်သမား နိုင်ငံကူးလက်မှတ် Job Passport ဖြင့်သာ လုပ်ကိုင်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

Job Passport စနစ်သို့ ပြောင်းလဲရန် စီစဉ်ခြင်းသည် အလုပ်အကိုင်ပွဲစားများ ပပျောက်လိုခြင်း၊ ပြည်တွင်းပြည်ပ၌ ဗီဇာ လျှောက်ထားရာတွင် အခက်အခဲ မရှိစေခြင်းတို့ကြောင့် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျုုိးအောင်က ဧရာဝတီကို ပြောပြသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.2k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
84
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.3k

လက်ရှိတွင် ပြည်တွင်း၌ အလုပ်သီးသန့်နိုင်ငံကူးစာအုပ် မရှိခြင်းကြောင့် ဗီဇာလျှောက်ထားရာတွင် လူများစုံပြုံနေပြီး အချိန်ကြန့်ကြာမှုရှိနေကြောင်း၊ ပြည်ပနိုင်ငံသို့ သွားရောက်သည့်အချိန်၌ လူအများအပြားကို ခရီးသွားဗီဇာဖြင့်သာ အလုပ်အကိုင်ပွဲစားများက ပို့ဆောင်ပေးနေခြင်းကြောင့် ပြည်ပလေဆိပ်တချို့၌ တားဆီးကန့်သတ်ခံရမှု ပြဿနာများ ရှိနေကြောင်းလည်း ဦးမျိုးအောင်က ပြောသည်။

“တကယ်လို့ Job Passport သီးသန့်လုပ်ဆောင်ပေးရင် မြန်ဆန်သွားမယ်။ ပြည်ပပို့တဲ့အခါမှာလည်း တရားဝင် အလုပ် ခေါ်စာနဲ့ပဲ သွားရမယ်ဆိုတော့ လေဆိပ်တွေမှာ ပြဿနာနည်းသွားမယ်။ ဥပမာ- မလေးရှားကို ခရီးသွားဗီဇာနဲ့ လူရာချီပြီး ပွဲစားတွေက ပို့လွှတ်လိုက်လို့ လေဆိပ်မှာ တားဆီးကန့်သတ် ခံရတာမျိုးတွေ ရှိခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားတဦးအတွက် တရားဝင်သတ်မှတ်စျေးသည် ကျပ်ငွေ ၁ သိန်းခွဲ သတ်မှတ်ထားသော်လည်း အေဂျင်စီများထံသို့ ကျပ် ၅ သိန်း ဝန်းကျင် ပေးဆောင်နေကြရသည်ဟုလည်း ဦးမျိုးအောင်က ဆက်ပြောသည်။

တရားဝင် Job Passport ဖြင့် လာရောက် ခွင့်ပြုပါက တရားဝင် အလုပ်သမားဖြစ်သဖြင့် ဖမ်းဆီး စစ်ဆေးခံရမှုများလည်း နည်းပါးသွားနိုင်မည်ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဒုဥက္ကဌ ဦးအောင်ကျော်က ပြောဆိုသည်။

Job Passport အစီအစဉ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်းကို ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာမှု မရှိ သည့် အလုပ်သမား အေဂျင်စီများကို ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၂၆၀ ကျော် ရှိသည့်အနက် ဥပဒေလိုက်နာမှု မရှိသည့် အေဂျင်စီ တချို့ကို စစ်ဆေးအရေးယူနေကြောင်းနှင့် ပြောင်းလဲဆောင်ရွက်မည့် Job Pastport စနစ်ကြောင့် အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေး၊ လာဘ်ယူမှုများ မရှိစေရေး ဆောင်ရွက်သွားမည်ဟု ဦးမျိုးအောင် ဆက်ပြောသည်။

Job Passport အစီအစဉ်သည် ပြည်ပသွားမည့် အလုပ်သမားများအတွက် ကောင်းမွန်သည့် အခြေအနေ ဖြစ်လာနိုင်သည် ဟု ယူဆသော်လည်း Job Passport ဟု ကန့်သတ်ချက်ကြောင့် ပြည်ပရောက်သည့်အခါ ခွဲခြားဆက်ဆံခံမှုများ ရှိလာနိုင် ကြောင်း၊ ထို့အတူ Job Passport ကိုင်ဆောင်ထားသူများသည် လူမှုရေး၊ ပညာရေး စသည့် အခွင့်အရေးများ ဆုံးရှုံးမှု ရှိလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေကြသူများက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက “အစိုးရဌာနတွေက ပွဲစားတွေနဲ့ ပူးပေါင်း ပြီး အကျင့်ပျက်ခြစားနေတဲ့ ဝန်ထမ်းတွေကို ထိရောက်တဲ့ အရေးယူမှု မရှိသေးသရွှေ့ အလုပ်သမားတွေအတွက် ဘယ် စနစ် ကိုပဲ ကျင့်သုံးကျင့်သုံး ကောင်းမွန်လာစရာအကြောင်း မရှိသေးဘူး”ဟု ဧရာဝတီကို ပြောသည်။

မြန်မာအလုပ်သမား အများစုသည် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား စသည့် နိုင်ငံများသို့ အများဆုံး သွားရောက် အလုပ်လုပ်ကိုင် နေကြောင်း၊ ပြည်ပနိုင်ငံများ၌ သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅ သန်း ကျော် ရှိသည့် အနက် ထိုင်းနိုင်ငံ၌ ၄ သန်း ကျော် ရှိကြောင်း သိရသည်။

သို့သော် ထိုင်းနိုင်ငံ၌ တရားဝင် အလုပ်သမားဦးရေသည် ၁ ဒသမ ၇ သန်း ဝန်းကျင်ရှိကြောင်း မြန်မာသံရုံးက ထုတ်ပြန် ထားသည်။

Your Thoughts …
Tags: ပြည်ပ အလုပ်အကိုင်
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

No Content Available
Next Post
ရခိုင်ပြည်နယ် မောင်တောမြို့ အဝင်ဝ မုခ်ဦး  / နိရဥ္စရာ

ရခိုင်အရေး စိုးရိမ်မှုမြင့်မားဟု နိုင်ငံရေး အသိုင်းအဝိုင်း ပြော

ကြံရည်ချိုမြ  သောက်ကြရအောင်

ကြံရည်ချိုမြ သောက်ကြရအောင်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

24 hours ago
4.1k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate