သတင်း

ငွေဆောင်ကမ်းခြေဆင်းလမ်းများ ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများ ဆန္ဒဖော်ထုတ်

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ငွေဆောင်ရှိ ကမ်းခြေဆင်းလမ်းများနှင့် မြို့တွင်းဆက်သွယ်သည့်လမ်းများကို ဟိုတယ်လုပ်ငန်း ရှင်တချို့က ကျူးကျော်ပိတ်ဆို့နေသည့်အတွက် တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖွင့်လှစ်ပေးရန် ငွေဆောင် ဒေသခံများက ယမန်နေ့နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခင်က ငွေဆောင်ကမ်းခြေသို့ ဆင်းသည့်လမ်းနှင့် မြို့တွင်းဆက်သွယ်သည့် လမ်း ၉လမ်း ရှိခဲ့သော်လည်း

၇ လမ်းကို ဟိုတယ်လုပ်ငန်းရှင်များက ကျူးကျော်ပိတ်ဆို့ကာ အုတ်တံတိုင်းခတ်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ဒေသခံများနှင့် ခရီးသွားများ အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ငွေဆောင်ဒေသခံ ဦးအေးမြင့်က ဧရာဝတီကို ပြောသည်။

“ငွေဆောင်မှာ အရင်တုန်းက အများပိုင် ကမ်းခြေဆင်းလမ်း ၅လမ်းရှိတယ်။ အခု ၄လမ်းကို ဟိုတယ်လုပ်ငန်း ရှင်တွေက ပိတ်ဆို့ပြီး အပိုင်စီးသွားလို့ ကမ်းခြေဆင်းလမ်း ၁ လမ်းပဲရှိတော့တယ်။ နောက်ပြီး မြို့မ ရပ်ကွက်နဲ့ ကွက်သစ်ရပ်ကွက် ဆက်ထားတဲ့လမ်း ၄လမ်းရှိတာမှာလည်း ၃လမ်းက ကျူးကျော်ခံရလို့ ၁လမ်းပဲ ကျန်တော့ တယ်။ ဒီလိုဖြစ်နေတာတွေကို မြို့ကအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တင်ပြပေမယ့် ဘာမှလုပ်ဆောင်ဖြေရှင်း ပေးတာမရှိလို့ ဆန္ဒဖော်ထုတ်တာပါ”ဟု သူက ပြောသည်။

တာဝန်ရှိသူများ အနေဖြင့် ငွေဆောင်ကမ်းခြေဆင်းလမ်းနှင့် မြို့တွင်းလမ်းများ ကျူးကျော်ခံနေရမှု ပြဿနာများ အား ဖြေရှင်းမပေးပါက ၁၅ ရက်လျှင် ၁ ကြိမ် ငွေဆောင်ဒေသတွင် ဆန္ဒဖော်ထုတ်ပွဲများ ပုံမှန်ပြုလုပ်သွားမည် ဟု ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။

ဆန္ဒဖော်ထုတ်သူ ဒေသခံများမှာ ယနေ့ နံနက် ၁၀ နာရီကစတင်၍ မြို့မလမ်းဘေးတွင် စုဝေးဟော ပြောမှုများ လုပ်ဆောင်ခဲ့ပြီးနောက် လူအင်အား ၅၀ ခန့်ဖြင့် မြို့မလမ်းတလျှေက် လှည့်လည်ဆန္ဒပြခဲ့ပြီး နေ့လည် ၁၂ နာရီ တွင် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“အဘွားတို့ ငွေဆောင်မှာ အရင်တုန်းက ကမ်းခြေဆင်းလမ်းတွေရှိခဲ့ပေမယ့် အခုကျတော့ ကမ်းခြေ ဆင်းလမ်း မရှိ၊ မြိုမရပ်ကွက်နဲ့ ကွက်သစ်ရပ်ကွက် ဆက်သွယ်ထားတဲ့လမ်းကလည်း ကောင်းကောင်း မရှိတော့ မီးလောင် တာတွေ ဖြစ်လာရင်၊ ဆူနာမီလိုသဘာဝဘေးတွေ ဖြစ်လာရင် အကုန်လုံး ဒုက္ခရောက်ကုန်ကြမှာ။ ဒါကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ ငွေဆောင်က ကမ်းခြေဆင်းလမ်း ကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်”ဟု ငွေဆောင်မြို့မရပ်ကွက်မှ ဒေသခံ ဒေါ်အုန်းကြွယ်က ပြောသည်။

ငွေဆောင်ကမ်းခြေမှာ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု နှစ်စဉ်တိုးတက်နေသည့် ကမ်းခြေ တခုဖြစ်ပြီး အထူးသဖြင့် ပြည်ပခရီးသွားဧည့်သည်များ အထူးနှစ်ခြိုက်စွာ လာရောက်လေ့ရှိသည့် ကမ်းခြေတခု လည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading