သတင်း

ထီးနန်းဆက်ခံမှု နောက်ကျခြင်းကို ပြည်သူတို့ မစိုးရိမ်ဖို့ ထိုင်းအိမ်ရှေ့မင်းသားပြော

ထိုင်းအိမ်ရှေ့မင်းသား မဟာဝိဇယ လောင်ကွန်းက ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟောင်း ပရမ်တင်ဆူလာနွန်ဒါနှင့် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာတို့ကို စနေနေ့ ည ရနာရီက နန်း တော်၌ တွေ့ဆုံပြီးနောက် ထိုင်းပြည်သူများအနေဖြင့် ထီးနန်းဆက်ခံမှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှု မရှိရန် ပြောကြားလိုက်ပါတယ်

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်နေ့ (ကြာသာပတေးနေ့) ညနေ ၃နာရီခွဲခန့် ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဂျ် ကံတော်ကုန်သွားပြီးနောက် နန်းဆက်ခံရေးနှင့် ပတ်သက်ပြီး သားဖြစ်သူ အိမ်ရှေ့မင်း သား မဟာဝိဇယ လောင်ကွန်းက သူ့အနေဖြင့် ပူဆွေးသောက ရောက်နေချိန်တွင် ထီးနန်းဆက်ခံရေး နှင့် ပတ်သက်ပြီး မပြုလုပ်လိုကြောင်း၊ အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားလိုက်သည့်အတွက် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် ထိုသို့ ပြောကြားခြင်းဖြစ်ပါတယ်။

မင်းသား မဟာဝိဇယ လောင်ကွန်းက ထိုင်းဘုရင်စနစ်တွင် ထီးနန်းဆက်ခံခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်သာမက ရိုးရာဓလေ့ထုံစံ နန်းတွင်းဥပဒေများအရပါ အသေးစိတ်ဆောင်ရွက်ထားပါကြောင်း ပြည်သူများအနေဖြင့် ထီးနန်းဆက်ခံ ရေးနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြခြင်းမရှိရန် ပြောကြားလို ကြောင်းဆိုပါတယ်။

အိမ်ရှေ့မင်းသား ထီးနန်းဆက်ခံခြင်းမရှိသေးသည့် ကာလအတွင်း ထီးနန်းကို ဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ သက်တော်ရှည် ပရမ်တင် ဆူလာနွန်ဒါက ယာယီတာဝန်ယူမှာ ဖြစ်တယ်လို့ သိရပါ တယ်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တော်ဝင်မိသားစု ဥပဒေ နန်းတွင်းဓလေ့ထုံးတမ်းစဉ် လာများ အရ ဘုရင်သည် တစ်စုံတစ်ယောက်အား ကိုယ်စား အုပ်ချုပ်ရန် တာဝန်လွှဲပေးနိုင်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်ကြီး ပရမ်ဟာ ထိုင်းဘုရင်ကြီးရဲ့ သူငယ်ချင်းတဦးဖြစ်သလို၊ ထိုင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်သလို လက်ရှိ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌလည်း ဖြစ်သလို စစ်တပ်အပေါ်မှာလည်း သြဇာညောင်းသူတဦးဖြစ်ပါတယ်။

ထီးနန်းအမွေခံ မင်းသား ၀ိဇယလောင်ကွန်းနှင့် ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်၊ လက်ရှိဝန်ကြီးချုပ် ပရာယွဒ်တို့ စကားပြောဆိုပြီးနောက် ည ၁၂နာရီတွင် မင်းသား၏ ပြောကြားချက် ကို ဝန်ကြီးချုပ်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွဒ်က မင်းသား ၀ိဇယ လောင်ကွန်း၏ ဆန္ဒနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကိုလည်း အသိပေးခဲ့ပြီးဖြစ်သလို၊ ပြည်သူများကိုလည်း အသိပေးလိုသည့်အတွက် ပြောကြား ခြင်းဖြစ်ကြောင်းဆိုပါတယ်။

ထိုင်းဥပဒေရေးရာ ကျွမ်းကျင်သူများကတော့ မမျှော်လင့်ထားသည့် အပြောင်းအလဲများက ဥပဒေရေး ရာအရ နောက်ဆက်တွဲ ကိစ္စများအပေါ် ကြီးမားစွာ သက်ရောက်စေနိုင်ပြီး၊ ယခင်ဘုရင့်ကောင်စီကို ဦးဆောင်ရသော ဝန်ကြီးချုပ်ဟောင်း တဦးက ယခုအခါ လစ်လပ်နေသည့် ပလ္လင်လွတ် တခုအတွက် ကိုယ်စား အုပ်ချုပ်ပေးရသူ အဖြစ် ဆောင်ရွက်ရတော့မည်ဟု အဓိပ္ပါယ်ရောက်သွားကြောင်း ဆိုပါတယ်။

ထိုင်းဘုရင်၏ ရုပ်ကလာပ်ကို အများပြည်သူဖူးမြော်နိုင်ရန် အောက်တိုဘာ ၂၈ရက်မှှ စတင်ခွင့်ပြုပေး မည်ဖြစ်ပြီး၊ တော်ဝင်မိသားစုတို့၏ သတ်မှတ်ချက်များအတိုင်း လပေါင်းများစွာ ထားရှိပြီးမှ စျာပနအခမ်းအနားပြုလုပ်မည်ဖြစ်ပါတယ်။

Loading