သတင်း

အကြိမ် ၂၀ မြောက် ဖုုိရမ် ၂၀၀၀ ညီလာခံ ချက်သမ္မတ နုုိင်ငံတွင် ကျင်းပ

ချက်သမ္မတနုုိင်ငံ၊ ပရာဟာမြို့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် ဖုုိရမ် ၂၀၀၀ ညီလာခံ ဖွင့်ပွဲအခမ်းအနားကိုု အောက်တုုိဘာလ ၁၆ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၇ နာရီခွဲက စတင်ကျင်းပရာ နုုိင်ငံတကာမှ နုုိ်င်ငံရေး ခေါင်းဆောင်များ၊ သက်ဆုုိင်ရာ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူများ၊ စိတ်ဝင်စားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် စလိုုဗက်ကီးယားနုုိင်ငံ သမ္မတ မစ္စတာ Andrej Kiska နှင့် ထုုိင်ဝမ်နုုိင်ငံ ဒုု သမ္မတဟောင်း Annette Lu တုုိ့က အမှာစကား ပြောကြားကြသည်။

ဆလုုိဗက်ကီးယား သမ္မတ Andrej Kiska က ကြီးထွားလာနေသော လူမျိုးရေး မုုန်းတီးမှုကိစ္စအပေါ် စုုိးရိမ်ကြောင်း ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်း ပြောဆုုိသည်။

“ဒီကနေ့ ကျနော်တုုိ့ရှေ့မှာ မြင်တွေ့နေရတဲ့ မယုုံနုုိင်ဖွယ်ရာ မြင်ကွင်းတွေက အတော်ပဲ စုုိးရိမ်ပူပန်မိစေတာပါ။ လူ့အခွင့်အရေးနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ တုုိးတက်မြင့်မားလာနေတဲ့ ဒီရာစုုနှစ်တွေကိုု စိတ်မမှန်သူ တယောက် တလေကသာပဲ နောက်ပြန်လှိမ့်ဖုုိ့ ကြိုးစားနေတယ်။ ကျနော်တုုိ့လူအဖြစ် ပြန်ဝင်စားခဲ့ရင်တောင် ကျနော်တိုု့ကိုု အလွန်ပဲအန္တရာယ် များစေတယ် ဆုုိတာပါပဲ” ဟုု ၄င်းက ဆုုိသည်။

ဥရောပ၏ မလှမပ သမုုိင်းတခုုဆီသုုိ့လည်း ပြန်လှည့်သွားရန် ကြိုးစားနေမှုများကိုု မြင်တွေ့ရသည့်အတွက် စိတ်မသက်မသာ ဖြစ်နေရကြောင်း ၄င်းက ဆက်လက် ပြောဆုုိသည်။

မျိုးဆက်တုုိင်းသည် မိမိတုုိ့၏ လွတ်လပ်မှုအတွက် စိန်ခေါ်မှုတုုိင်းရင် ရဲရဲရင်ဆုုိင်ကာ တုုိက်ပွဲဝင်ရန် တာဝန်ရှိပြီး အဆုုိပါ တာဝန်ကိုုလည်း ရယူရဲသင့်ကြောင်း ၎င်းက ထပ်လောင်း ပြောဆုုိသည်။
အစွန်းရောက်ဝါဒီများနှင့် အာဏာရှင်များနှင့် ရင်ဆုုိင်နေရသည့် ခြိမ်းခြောက်မှုများအား ဒီမုုိကရေစီနှင့် လွတ်လပ်မှု အခြေခံကောင်းများ ရှိထားပြီးဖြစ်သည့် ဥရောပတုုိက်သားများက အောင်မြင်စွာ ချေမှုန်းသွားနုုိင်မည်ဟုု ၄င်းက ယုုံကြည်ကြောင်းလည်း ထောက်ပြ ပြောဆုုိသည်။

၁၉၉၇ ခုုနှစ်မှ စတင်ကာ ဖုုိရမ် ၂၀၀၀ ညီလာခံများကိုု သက်ဆုုိင်ရာ ခေါင်းစဉ်များဖြင့် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုုနှစ် ၂၀၁၆ ခုုနှစ်အတွက် အကြိမ် ၂၀ မြောက် ဖုုိရမ် ၂၀၀၀ ညီလာခံကိုု အောက်တိုုဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ “The Courage to Take Responsibility” အမည်ဖြင့် ကျင်းပခြင်းဖြစ်သည်။

၂၀၁၃ ခုုနှစ်က ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် ဖုုိရမ် ၂၀၀၀ ညီလာခံသုုိ့ ထုုိစဉ်က မြန်မာ အတုုိက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုုကြည်လည်း တက်ရောက်ခဲ့သည်။

ယခုုနှစ်တွင်မူ ဖုုိရမ် ၂၀၀၀ ဖောင်ဒေးရှင်းမှ နုုိင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ်၊ နုုိင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုုကြည် အား ဖိတ်ကြားထားခဲ့သော်လည်း တက်ရောက်နုုိင်ခြင်း မရှိကြောင်း သိရသည်။
သိုု့သော် မြန်မာနုုိင်ငံမှ ပွင့်လင်း မြန်မာ့ရှေ့ဆောင် (Open Myanmar Initiative) မှ ၃ ဦးနှင့် People In Need တွင် သင်တန်း တက်ရောက်နေကြသည့် မြန်မာ ၃ ဦးတုုိ့ တက်ရောက်ကြသည်။

ဖုုိရမ် ၂၀၀၀ ဖောင်ဒေးရှင်း၏ နုုိင်ငံတကာ အကြံပေး ဘုုတ်အဖွဲ့တွင် မြန်မာနုုိင်ငံမှ နုုိဗဲလ် ငြိမ်းချမ်းရေး ဆုုရှင် ဒေါ်အောင်ဆန်းစုုကြည်၊ တိဗက် ဘာသာရေး ခေါင်းဆောင် နုုိဗဲလ် ငြိမ်းချမ်းရေး ဆုုရှင် ဘုုန်းတော်ကြီး ဒလုုိင်းလားမားနှင့် ကမ္ဘာကျော် ပုုဂ္ဂိုလ်များ ပါဝင်သည်။

အောက်တိုုဘာလ ၁၈ ရက်နေ့တွင် တိဗက် ဘာသာရေး ခေါင်းဆောင် ဘုုန်းတော်ကြီး ဒလုုိင်း လားမားက The World and Its Current Challenges (ကမ္ဘာကြီးနှင့် လက်ရှိ စိန်ခေါ်မှုများ) ခေါင်းစဉ်ဖြင့် ပါဝင် ဆွေးနွေးမည်ဖြစ်ပြီး Secular Ethics ခေါင်းစဉ်ဖြင့် လူထုုဟောပြောပွဲတခုုကိုုလည်း အောက်တိုုဘာလ ၁၉ ရက်နေ့တွင် ဟောပြောမည်ဖြစ်သည်။

ဒီမုုိကရေစီနှင့် လူ့အခွင့်အရေး စံတန်ဖုုိးများ ကမ္ဘာတခွင် ပိုုုုိမုုိ ထွန်းလင်းတောက်ပစေရန် ရည်ရွယ်ချက်ဖြင့် ဖုုိရမ် ၂၀၀၀ ဖောင်ဒေးရှင်းကိုု ကွယ်လွန်သူ ချက်နုုိင်ငံ သမ္မတဟောင်း မစ္စတာ ဗားစလပ် ဟာဗဲလ်၊ ဂျပန်နုုိင်ငံ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟဲအိ ဆာဆာကာဝါ (Yohei Sasakawa) နှင့် အမေရိကန် ပြည်ထောင်စုုမှ နုုိဗဲလ် ငြိမ်းချမ်းရေးဆုုရှင် အယ်လီ ဝီဆယ်လ် (Elie Wiesel) တုုိ့က ဦးဆောင်၍ ၁၉၉၆ ခုုနှစ်က စတင်ထူထောင်ခဲ့သည်။

Loading