• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟုမ္မလင်း- မုံရွာသွား အမြန်ရေယာဉ် တိမ်းမှောက်မှု ဆရာ၊ ဆရာမ ၄၀ ခန့် ပါဝင်

by သူဇာ
18 October 2016
in သတင်း
A A
ဟုမ္မလင်း- မုံရွာသွား အမြန်ရေယာဉ် တိမ်းမှောက်မှု ဆရာ၊ ဆရာမ ၄၀ ခန့် ပါဝင် /  ပြေကျော် / ဧရာဝတီ

ဟုမ္မလင်း- မုံရွာသွား အမြန်ရေယာဉ် တိမ်းမှောက်မှု ဆရာ၊ ဆရာမ ၄၀ ခန့် ပါဝင် / ပြေကျော် / ဧရာဝတီ

38.7k
VIEWS
Share on FacebookShare on Twitter

ဟုမ္မလင်း- မုံရွာသွား အမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူများစာရင်းကို ပြန်လည်စိစစ်မှုများအရ မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ၊ ဆရာမ ၃၇ ဦး ပါဝင်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောသည်။

“လာပေးထားတဲ့ ပျောက်ဆုံးစာရင်းတွေထဲမှာ ပညာရေးဝန်ထမ်း ဘယ်လောက်ပါမလဲဆိုပြီး ဒီနေ့စီစစ်လိုက်တဲ့ အထဲမှာ ၃၇ ဦးခန့် ရှိတယ်။ ထပ်လဲတိုးနိုင်သေးတယ်။ ဆရာ၊ ဆရာမ အလောင်းတွေ သေဆုံးသူတွေထဲက မနေ့က ပိုင်ရှင်ပေါ်လာတဲ့ အလောင်းတလောင်းပါတယ်။ ကျန်တာတွေတော့ မသိရသေးဘူး” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဧရာဝတီကို ပြောသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
42
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
30
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
51

ယနေ့ (အောက်တိုဘာလ ၁၈ ရက်) ညနေ ၄ နာရီအထိ ရရှိထားသည့် သေဆုံးသူစာရင်း စုစုပေါင်း ၃၈ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ဦးစဝီလီဖရန့်က ဆက်ပြောသည်။

ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးပျောက်ဆုံးနေသူများတွင် ဟုမ္မလင်းမြို့နယ်၊ ခုံတန်းကြီးကျေးရွာ မူလတန်းကျောင်းမှ ဆရာမတချို့ပါဝင်ကြောင်းနှင့် စာရင်းများအရ ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်၊ မော်လိုက် စသည့် မြို့နယ်များရှိ အခြေခံပညာရေးကျောင်းများတွင် တာဝန်ကျနေသည့် ဆရာ၊ ဆရာမများ ပါကြောင်း ပျောက်ဆုံးစာရင်း ဖွင့်ထားသည့် မိသားစုများထံမှ သိရသည်။

“ကျနော့် ညီမလေးက ခုံတန်းကြီးကျေးရွာ မူလတန်းကျောင်းမှာ နေ့စားလပေးနဲ့ အလုပ်ဝင်နေတာ ၃ လပဲ ရှိသေးတယ်။ မတိမ်းမှောက်ခင် ညပိုင်း ၁၀ နာရီလောက်က ကျနော်နဲ့ ဖုန်းပြောဖြစ်သေးတယ်။ သူတို့တွေ upper တွဲမှာ လိုက်လာတယ်။ အပြင်မှာ လူတွေအရမ်းများတယ် ဆူညံနေတာပဲလို့ ပြောတယ်။ upper တွဲမှာ တခြားဆရာမတွေနဲ့ အတူတူ နေကြတယ်လို့ ပြောတယ်။ နောက်ပြီး ချောင်းဦးက မင်္ဂလာဆောင်ကိုသွားဖို့ မိသားစု တစုလဲ သူတို့နဲ့ တူတူပါတယ်လို့ ပြောတယ်” ဟု ပျောက်ဆုံးစာရင်းဖွင့် ရှာဖွေနေဆဲဖြစ်သည့် ဆရာမခိုင်ချိုချိုမော်၏ အစ်ကိုဖြစ်သူ ကိုဝေယံက ပြောသည်။

ထို့အပြင် ရေယာဉ်တိမ်းမှောက်မှုတွင် မုံရွာမြို့၊ သံလာရပ်ကွက်၌ နေထိုင်သည့် ဆရာ၊ ဆရာမ ၄၊ ၅ ဦးခန့် အပါအဝင် အဝေးသင်ကျောင်းသား ၇ ဦးခန့် ပါဝင်သည်ကို ကြားသိရကြောင်းနှင့် ယင်းသူများထဲတွင် အဝေးသင်တက္ကသိုလ် ကျောင်းသူတချို့ လွတ်မြောက်လာကြကြောင်း ကိုဝေယံက ဆက်ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အဖွဲ့ဝင်ဆရာ၊ ဆရာမများက ဒေသခံများနှင့်ပူးပေါင်းပြီး ရေယာဉ်တိမ်းမှောက်မှု၌ သေဆုံးပျောက်ဆုံးသည့် ဆရာ၊ဆရာမ စာရင်း အမှန်ရရှိရန် လိုက်လံကောက်ခံမှုများ ရှိနေကြောင်း အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာသန်းနိုင်ဦး ပြောသည်။

“ ကျနော်တို့ ရရှိတဲ့စာရင်းတွေထဲမှာ အစိုးရခန့်ထားတဲ့ ပညာရေးဝန်ထမ်းရော ဆွဲခန့်တွေပါ ပါတယ်။ ဆွဲခန့်ဆိုတာက ကျောင်းတွေကနေ ဆရာ၊ ဆရာမ လိုအပ်ချက်နဲ့ တနှစ်တခါခန့်တဲ့ ဘွဲ့ရသူတွေပါ။ ဆုံးရူံးသွားရတဲ့ ပညာရေးဝန်ထမ်းတွေအတွက် နိုင်ငံတော်အဆင့် ထုတ်ပြန်စေချင်တယ်။ ကူညီပေးမှုတွေ ဖြစ်စေချင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ် မုံရွာတက္ကသိုလ်မှ မြန်မာစာလက်ထောက်ကထိက ဦးကျော်ဝေဖြိုးက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် နံနက် ၅ နာရီ အချိန်ခန့်က ဟုမ္မလင်း- မုံရွာသို့ ပြေးဆွဲနေသည့် အောင်စိုးမိုးကျော် ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်း မြစ်အတွင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရေယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေ့တွင် ပြန်လည်ကယ်ဆယ်ခဲ့မှုကြောင့် အသက်ရှင်သူဦးရေ ၁၅၄ ဦးနှင့် သေဆုံး ၄ ဦးကို တွေ့ရှိခဲ့သည်။

Your Thoughts …
Tags: အမြန်ရေယာဉ်တိမ်းမှောက်မှု
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် စျေးတစျေးတွင် စားသုံးဆီဆိုင်တဆိုင် ခွက်ခြင်ဖြင့် ရောင်းနေသည်ကို တွေ့ရစဉ်

ကင်ဆာကို ဖိတ်ခေါ်နေသော ရောနှောဆီ နှင့် ပြန်ကြော်ဆီများ (၁)

နေပြည်တော်ရှိ အခမ်းအနားတခုတွင် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရသည့် ဦးစိုးသိမ်း / ထက်နိုင်ဇော် / ဧရာဝတီ

ဒေါ်ခင်ဌေးကြွယ်ကို ခုံရုံးအဖွဲ့ဝင် အဖြစ်မှ ပယ်ဖျက်နိုင်ရန် ဦးစိုးသိမ်း ကြိုးပမ်းနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate