• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အတွင်းဝန်ရုံး ပြင်ဆင်နေမှု ရန်ကုန်အစိုးရ ကြီးကြပ်မည်

by ကျော်ဖြိုးသာ
21 October 2016
in သတင်း
A A
ရန်ကုန်မြို့လည်ရှိ အထင်ကရ အတွင်းဝန်ရုံး / တင်ထက်ပိုင် / ဧရာဝတီ

ရန်ကုန်မြို့လည်ရှိ အထင်ကရ အတွင်းဝန်ရုံး / တင်ထက်ပိုင် / ဧရာဝတီ

9.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ကိုလိုနီခေတ်လက်ရာ အဆောက် အဦးများထဲမှ တခုဖြစ်သည် အတွင်းဝန်ရုံးကြီးကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရာတွင် စီမံခန့်ခွဲမှုများပြုလုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်း အစိုးရက ဘုတ်အဖွဲ့တခု ဖွဲ့စည်း လိုက်ကြောင်း ရန်ကုန်တိုင်း အစိုးရ လျှပ်စစ်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဗိသုကာများ နှင့် အင်ဂျင်နီယာများ အဓိက ပါဝင်သည့် အဖွဲ့ဝင် ၇ ဦးပါဝင်သော ဘုတ်အဖွဲ့က သက်တမ်း ၁၂၆ နှစ် ရှိပြီဖြစ် သော အဆောက်အဦး၏ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ (လက်ရှိ အချိန်တွင် အနော်မာ အနုပညာ အဖွဲ့ က ဆောင်ရွက် နေသည်) နှင့် အနော်မာ အုပ်စုအတွက် လုပ်ငန်းဖက်ရွေးချယ်ခြင်း အပါအဝင် အဖွဲ့၏ လုပ် ငန်း ကဏ္ဍအချို့၏ အကောင်အထည်ဖော်မှုများကိုလည်း စီမံခန့်ခွဲ သွားမည်ဟု ဘုတ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဒေါ်နီလာကျော် က ဧရာဝတီသို့ ပြောသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
50
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
94
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
85

ယခင်စစ်အစိုးရအဖွဲ့ဝင်ဟောင်းတဦး ဖြစ်သည့် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်၏ မိသားစုဝင်များ ပိုင်ဆိုင်သည့် အနော်မာ အနုပညာ အဖွဲ့က အတွင်းဝန်ရုံးကြီး၏ ဗိသုကာလက်ရာများကို ပြင်ဆင် ထိန်းသိမ်းရန်၊ သမိုင်းပြတိုက်နှင့် အနု ပညာနှင့် ယဉ်ကျေးမှု စန်တာ တခု ကာလရှည်ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ၂၀၁၂ ခုနှစ်တွင် ခွင့်ပြုချက် ရရှိခဲ့သည်။

အတွင်းဝန်ရုံး အဆောက်အဦး၏ ထူးခြား အရေးပါသော သမိုင်းကြောင်းကြောင့် ပုဂ္ဂလိက အဖွဲ့ အစည်းတခုသို့ လွှဲပြောင်းပေး အပ်ရာတွင် တခြားအဆောက်အဦးများကို ပုဂ္ဂလိကပိုင်ပေးသည်နှင့် မတူဘဲ ကွဲပြားမှု ရှိသည်ဟု ဒေါ်နီလာကျော်က ပြောသည်။ ကြီးကြပ်ရေး အဖွဲ့က ရန်ကုန် မြို့လယ်ရှိ ၁၆ ဧက ကျယ်ဝန်းသည့် ခြံဝန်း အတွင်းမှ အနီ ရောင် အုတ်သား အတွင်းဝန်ရုံး အဆောက် အဦးကို အနုပညာ စန်တာ တခုအဖြစ် ပြောင်းလဲရာတွင် လန်ဒန်မြို့မှ Somerset House ကို နမူနာယူရန် ရည်ရွယ်ထားသည် ဟုလည်း သူက ထပ်ပြောသည်။

“ဒါကြောင့် အဓိက တာဝန်ယူဆောင်ရွက်မယ့် အနော်မာကို ထိမ်းသိမ်းစောင့်ရှောက်ရေးနဲ့ လုပ်ငန်း ဆောင်ရွက်ရေး တွေမှာ ကူညီဖို့ ကျမတို့က ကြီးကြပ်ရေး အဖွဲ့ဖွဲ့လိုက်တာ ဖြစ်ပါတယ်။ အားလုံး မှန်မှန်ကန်ကန် ဖြစ်ပေါ်လာရေး အတွက် ကျမတို့က ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ (Yangon Heritage Trust)၊ အနော်မာ အုပ်စုတို့နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ် နီလာကျော်က ပြောသည်။

ကျန်ရစ်သည့် ကိုလိုနီခေတ် အဆောက်အဦးများထဲတွင် အမှတ် ၃၀၀ သိမ်ဖြူလမ်းတွင် ၁၈၉၀ ခုနှစ်က တည်ဆောက်ခဲ့ပြီး ဝိတိုရိယခေတ်ပုံစံ အဆောက်အဦးဖြစ်သည့် အတွင်းဝန်ရုံး သည် မြန်မာနိုင်ငံတွင် သမိုင်းအရ အရေးပါလှသည့် အဆောက်အဦး ဖြစ်သည်။ ထိုအဆောက်အဦး သည် ကိုလိုနီခေတ်က အစိုးရ အုပ်ချုပ်ရေး၏ ရုံးချုပ်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် တွင် မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ထို အတွင်းဝန်ရုံး အဆောက် အဦ၏ အနောက်ဘက် ဆောင် အပေါ်ထပ်မှ အခန်းတခန်းတွင် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

အတွင်းဝန်ရုံး၏ အလယ်ဗဟို ကွက်လပ်တွင် အလံတိုင် တတိုင် ရှိပြီး အဆိုပါ အလံတိုင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာနိုင်ငံ အလံကို ပထမဆုံးလွှင့်တင်ခဲ့သည့် နေရာ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် အတွင်းဝန်ရုံးက ဝန်ကြီးများရုံး ဖြစ်လာခဲ့သည်။ စစ်အစိုးရက ၎င်းတို့၏ အုပ် ချုပ်ရေး မြို့တော် အဖြစ် နေပြည်တော်ကို တည်ထောင်ခဲ့သည့် ၂၀၀၅ ခုနှစ် အထိ ဝန်ကြီးများ ရုံး အဖြစ်ရှိခဲ့ပါသည်။

၂၀၀၅ နောက်ပိုင်းတွင် အတွင်းဝန်ရုံးကြီးကို အသုံးပြုခြင်းမရှိဘဲ ပိတ်ထားခဲ့ရာ ၂၀၁၂ တွင် အနော်မာ အဖွဲ့က လုပ်ကိုင် ခွင့် ရခဲ့သည်။

အနော်မာ အဖွဲ့၏ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုးသွင်ထွန်းက အဆုံး အဖြတ်ပေးနိုင်သည့် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်သည့် အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသည်ကို ကြိုဆိုကြောင်းပြောသည်။

“အတွင်းဝန်ရုံးက အမျိုးသား အမွေအနှစ်ပါ။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်တဲ့ နေရာမှာ အရမ်းကို သတိထားရပါတယ်။ အခုလိုမျိုး အဖွဲ့ ရှိလာတော့ ဘာတွေ လုပ်လို့ ရတယ်၊ ဘာတွေ လုပ်လို့ မရဘူးဆိုတာ တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ပေးနိုင်မှာ ဖြစ်တဲ့ အတွက် အများကြီး အထောက်အကူဖြစ်မှာပါ” ဟု ဦးစိုး သွင်ထွန်းက ပြောသည်။

အနော်မာ အဖွဲ့ အနေနှင့် အတွင်းဝန်ရုံး ကို ပုဂ္ဂလိက ပိုင်ပြုလုပ်ခဲ့သည့် အတွက် ယခုနှစ်အတွင်း ဝေဖန်ခြင်း ခံခဲ့ရသည်။ အတွင်းဝန်ရုံးသည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဆက်စပ်နေသောကြောင့် အတွင်းဝန်ရုံးကို ပြည်သူကသာ ပိုင်ဆိုင်သင့်ကြောင်း ဝေဖန်သူကတို့ ဆိုကြသည်။

အဆိုပါ ဝေဖန်မှု နှင့် ပတ်သက်၍ ဦးစိုးသွင်ထွန်းက အနော်မာ အဖွဲ့ ၏ ရည်ရွက်ချက်မှာ အတွင်းဝန်ရုံး ကို လူထု အတွက် ဖွင့်ပေးရန် ဖြစ်ကြောင်း ဟိုတယ် သို့မဟုတ် ရှော့ပင်းမော ဖွင့်လှစ်ရန် မဟုတ်ကြောင်း ထိုစဉ်က ပြောကြားခဲ့ သည်။

အနော်မာ အဖွဲ့ အနေဖြင့် အတွင်းဝန်ရုံး ကို လွန်ခဲ့သည့် ၄ နှစ် ကထဲက လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သော်လည်း ယခု အချိန်အထိ ပြင်ဆင် မွမ်းမံမှု အနည်းငယ်သာ လုပ်ရသေးကြောင်း အဘယ်ကြောင့်ဆိုသော် ရန်ကုန်တိုင်း အစိုးရ အဖွဲ့၏ ခွင့် ပြုချက်ကို စောင့် ဆိုင်းနေ၍ ဖြစ်ကြောင်း သူက ရှင်းပြသည်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုချက်ကို ၂၀၁၅ ခု နှစ်မှသာ ရရှိခဲ့သည်ဟု သိရသည်။

“အဲဒီ အချိန်အတွင်းမှာ မြေရှင်းတာလောက်ပဲ ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်” ဟု ဦးစိုးသွင် ထွန်း ကပြောသည်။

သို့သော်လည်း Yangon Heritage Trust မှ အကူအညီ ပေးသည့် အတွင်းဝန်ရုံး ထိန်းသိမ်းရေး စီမံခန့်ခွဲမှု လမ်းညွန်ချက်များ (Conservation Management Plan) ရရှိသည့် ယမန်နှစ် စက်တင်ဘာလနောက်ပိုင်းတွင် ပြုပြင်မွမ်းမံမှုများကို မြင်တွေ့လာရသည်။

“အခုလက်ရှိကတော့ အဆောက်အဦး မျက်နှာစာ သန့်ရှင်းရေးတွေ လုပ်နေပါတယ်။ ဒါပေမယ့် တခြားအလုပ်တွေကိုတော့ ကြီးကြပ်ရေး အဖွဲ့ဆီက တခြား ညွှန်ကြားချက်တွေ ရတဲ့ အထိ စောင့်ဆိုင်းရမယ် ပြောလို့ ရပ်ထားပါတယ်” ဟု ဦးစိုးသွင်ထွန်း ကပြောသည်။

ပြင်ဆင်မွမ်းမံပြီးပါက တောင်ဘက်နှင့် အနောက်ဘက် ဆောင်မှ အပေါ်ထပ် အခန်းများ နှင့် ပါလီမန် အဆောက်အဦဟောင်းတို့ အများပြည်သူအတွက် ယဉ်ကျေးမှု နှင့် သမိုင်း ပြတိုက်များ နှင့် အနုပညာ ပြခန်း အဖြစ် ဖွင့်လှစ်မည်ဖြစ်သည်။။ အရှေ့ဘက်ဆောင်ကို ရုံးခန်းနေရာ အဖြစ် ငှားရမ်းမည်ဖြစ်ပြီး မြောက်ဘက်မှ အဆောက်အဦငယ်များက စားသောက်ဆိုင်များ ဖြစ်လာမည်ဟု သိရသည်။

“အဆောက်အဦး ပြင်ဆင်မွမ်းမံမှုနဲ့ ထိန်းသိမ်းမှု စရိတ်ကို ကာမိဖို့ လွယ်မှာ မဟုတ်တဲ့ အတွက် နေရာ ၃ ပုံ ၁ပုံ လောက်ကို တော့ စီးပွားရေး အတွက် သုံးပါမယ်။ ရုံးခန်းနဲ့ စားသောက်ဆိုင်နေရာတွေ အတွက်ကတော့ နိုင်ငံခြားသား ပါတနာ ခေါ်ထားပါတယ်” ဟု သူက ပြောသည်။ စီးပွားဖက်၏ အမည်ကို ထုတ်ဖော်ပြောဆိုရန် ဦးစိုးသွင်ထွန်းက ညင်းပယ်ခဲ့ပြီး အစိုးရ နှင့် ချုပ်ဆိုထားသော စာချုပ်အရ အစိုးရ ခွင့်ပြုလျှင် လုပ်ငန်း ဆောင်ရွက်ရန် ပါတနာ ခေါ်ဆိုခွင့်ရှိကြောင်း နှင့် ရန်ကုန်တိုင်း အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု ပြောသည်။

အနော်မာ အဖွဲ့ ကို မွမ်းမံပြင်ဆင်ရေး အတွက် လေ့ကျင့် ရေး အကူအညီများ ပေးနေသည့် Yangon Heritage Trust မှ ဒါရိုက်တာ လည်းဖြစ်၊ ကြီးကြပ်ရေး အဖွဲ့ဝင် တဦး ဖြစ်သည့် ဒေါ်မိုးမိုးလွင်က ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းက သတင်းကောင်းဟု ပြောသည်။ “ဒီလိုမျိုး နိုင်ငံတော် အဆင့် စီမံကိန်း တခုမှာ အစိုးရရဲ့ ပါဝင် ပတ်သက်မှုက စီမံခန့်ခွဲရေးပိုင်းတွေမှသာ မက အကောင် အထည်ဖော်ဆောင်ရွက်မှုအပိုင်းမှာပါ တိုးတက်မှုတွေ ရှိပါလိမ့်မယ်။” ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။

အစိုးရ နှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်အရ အနော်မာအဖွဲ့ အနေဖြင့် အတွင်းဝန်ရုံး အဆောက်အဦးတွင် နှစ်ပေါင်း ၅၀ လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ပြီး တကြိမ်လျှင် ၁၀ နှစ် နှင့် ၂ ကြိမ် သက်တမ်းတိုးခွင့်လည်း ရရှိမည် ဖြစ်သည်။ စုစုပေါင်း ရင်းနှီးမြှုပ် နှံမှုမှာ အမေရိ ကန် ဒေါ်လာ သန်း ၅၀ ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်း တွင်ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ “Board of Trustees Formed to Spearhead Secretariat Renovations” ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

Your Thoughts …
Tags: အတွင်းဝန်ရုံး
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

by ဒဂုန်တာရာ
14 July 2024
2.2k

‘‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်...ကျနော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ် တုန်လာသည်...

ထိန်းသိမ်းပြုပြင်ထားသော ရန်ကုန်မြို့ရှိ သမိုင်းဝင် အတွင်းဝန်ရုံးဟောင်း အဆောက်အဦကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက မြင်ရစဉ် / Yangon Heritage Trust

အတွင်းဝန်ရုံးတွင် ၈၈၈၈ ပြတိုက်အတွက် နေရာမရှိဟု ဆို

by ကျော်ဖြိုးသာ
30 July 2019
6.5k

သမိုင်းဝင် အတွင်းဝန်ရုံးမှာ သမိုင်းဝင် ၈၈ အရေးတော်ပုံအထိမ်းအမှတ် ပြတိုက်အတွက် နေရာမရှိဘူးလို့ သိရတာ ဝမ်းနည်းစရာကောင်းပါတယ်

De’Be’au Wellness Centre မြန်မာ မြန်မာ ဖွင့်လှစ်ထားသည့် အတွင်းဝန်ရုံးဝင်း အတွင်းနေရာ  / ထက်ဝေ / ဧရာဝတီ

အတွင်းဝန်ရုံးသည် ထူးခြားနေရာဖြစ်၍ ကျန်းမာရေးစင်တာအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဟု လုပ်ငန်းရှင်ပြော

by အောင်သီဟ
29 October 2019
15.1k

လတ်တလောတွင် “De’Be’au Wellness Centre မြန်မာ” အမည်ရှိ ကျန်းမာရေး စင်တာ အနေဖြင့် အလှအပ ရေးရာ ဝန်ဆောင်မှုများ နှင့် နှိပ်နယ်ပေးသော ဝန်ဆောင်မှုများကို အဓိက လုပ်ကိုင်မည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အထင်ကရနေရာ...

နိုင်ငံရေး အကျဉ်းသားဟောင်း ထိန်လင်းက သူ၏ “မကြာသေးမီက ထွက်ခွာသွားသော” အမည်ရှိ အနုပညာလက်ရာ / ထက်ဝေ  / ဧရာဝတီ

မိမိအဇ္ဈတ္တကို ပြန်ကြည့်ခိုင်းသော အနုပညာ

by Marie Starr
26 January 2019
6k

နေ့စဉ် နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ပြသမည်ဖြစ်သည်။ ဝင်ကြေးမှာ အခမဲ့ဖြစ်သည်။

ပြီးခဲ့သည့် အာဇာနည်နေ့က မြင်တွေ့ရသည့် အတွင်းဝန်ရုံး / ဂျေပိုင် / ဧရာဝတီ

အတွင်းဝန်ရုံး အများပြည်သူပိုင် ဖြစ်တော့မလား

by စမ်းယမင်းအောင်
16 August 2016
1.5k

“ဒါက မြို့ပြ အမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်နဲ့ သမိုင်းအမွေအနှစ်နေရာ တခုပါ။ အဲဒီလို အဆောက်အအုံမျိုးကို အစိုးရကပဲ ကိုင်ပြီး ပြည်သူတွေအတွက် ဖွင့်ပေးသင့်ပါတယ်” ဟု ဦးမော်လွင်က ပြောသည်

Next Post
ရန်ကုန် ဈေးကြီး တစ်ခုထဲရှိ ကုန်စုံဆိုင်တဆိုင်တွင် တံဆိပ်မျိုးစုံဖြင့် ရောင်းချနေသော စားသုံးဆီဘူးများ

ကင်ဆာကို ဖိတ်ခေါ်နေသော ရောနှောဆီ နှင့် ပြန်ကြော်ဆီများ (၂)

စကပ်တိုဝတ်လို့ ကြိမ်ဒဏ် ၄၀ ရိုက်ခံခဲ့ရသူ အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာ ဖြစ်လာ

စကပ်တိုဝတ်လို့ ကြိမ်ဒဏ် ၄၀ ရိုက်ခံခဲ့ရသူ အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာ ဖြစ်လာ

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate