• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုမှု ရဲစခန်း စစ်ချက်ယူနေ

by ထွန်းထွန်း
31 October 2016
in သတင်း
A A
မစန္ဒီမြင့်အောင် ရဲ စခန်းတွင် စစ်ချက်ပေးနေစဉ် / Soe Kayti Oo / facebook

မစန္ဒီမြင့်အောင် ရဲ စခန်းတွင် စစ်ချက်ပေးနေစဉ် / Soe Kayti Oo / facebook

31.2k
VIEWS
Share on FacebookShare on Twitter

လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘုတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းစိုင်းစွာ ပြောဆိုသည်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသူ မစန္ဒီမြင့်အောင် နှင့် တရားလို မလင်းလဲ့လဲ့လှိုင် တို့ကို စစ်ချက် ရယူနေဆဲ ဖြစ်ကြောင်း ပဲခူးမြို့ အမှတ် ၂ ရဲစခန်းက သတင်းရရှိသည်။

အမှုစစ် ဒုရဲအုပ် သန်းထွန်းက “ကျနော်တို့ သက်သေတွေခေါ်ပြီး နှစ်ဖက် စစ်ချက်ယူတယ်၊ သက်သေမခိုင်သေးလို့ ဖမ်းဆီး လို့ မရသေးဘူး၊ CID က အကြောင်းပြန်လာတဲ့ အပေါ် မူတည်ပြီး ဆက်လုပ်သွားမှာပါ”ဟု ဧရာဝတီ သို့ ပြောသည်။

RelatedPosts

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
2
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
1
ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

23 May 2025
635

လက်ရှိတွင် မစန္ဒီမြင့်အောင် သုံးစွဲခဲ့သည့် လက်ကိုင်ဖုန်းနှင့် Facebook အကောင့်တို့အား ရဲစခန်းက သိမ်းယူထားပြီး မှုခင်း တပ်ဖွဲ့ (CID) ထံ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

မစန္ဒီမြင့်အောင်သည် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရိုင်းစိုင်းစွာ ပြောဆိုသည်ဟုဆိုကာ ပဲခူးမြို့တွင်နေထိုင်သူ မလင်းလဲ့လဲ့လှိုင်က တရားလိုပြုလုပ်၍ အောက်တိုဘာ ၂၈ ရက်နေ့က ပဲခူးမြို့အမှတ် ၂ ရဲစခန်း တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရဲစခန်းက တရားလို နှင့် အမှုဖွင့် ခံရသူ ၂ ဦးစလုံးကို သီးခြားစီ ခေါ်ယူပြီး စစ်ချက်ယူနေခြင်း ဖြစ်ကြောင်း သိရ သည်။

တရားလို မလင်းလဲ့လဲ့လှိုင်၏ ဖခင်ဖြစ်သူ ဦးဌေးနိုင်က “သမီးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖေ့စ်ဘုတ် မှာ ရိုင်းစိုင်းစွာ ပြောဆို နေတာတွေကို မခံနိုင်လို့ တိုင်ကြားခဲ့တာပါ၊ သက်သေ အထောက်အထား အနေနဲ့လည်း ဓာတ်ပုံ ၁၈ ပုံကို ရဲ ထံ ပေးထား ပါတယ်”ဟု ပြောသည်။

အမှုဖွင့်တိုင်ကြားခံရမှုနှင့် ပတ်သက်၍ ကိုယ်တိုင် ရဲစခန်းတွင် ၂ ကြိမ်ထွက်ဆိုချက် ပေးခဲ့ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောဆိုချက်ဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့် အတိုင်း ပြောဆို ဝေဖန်ခဲ့ခြင်း ဖြစ်ကြောင်း မစန္ဒီမြင့်အောင် က ပြောဆိုသည်။

မစန္ဒီမြင့်အောင် က “နိုင်ငံတော်အတိုင်ပင်ခံကို ကျမအနေနဲ့ ဖေ့စ်ဘုတ်မှာ ပို့စ်တင်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခဲ့တာ မရှိ ပါ ဘူး၊ Comments တွေမှာ ကျမကို တိုက်ခိုက်လာတာတွေ ရှိရင်တော့ ပြန်လည်တုံ့ပြန် ပြောဆိုခဲ့တာတွေ ရှိပါတယ်၊ အမှု ဖွင့်ခံရတဲ့အပေါ် အမှား မလုပ်ထားတဲ့အတွက် ကြောက်တာမျိုး၊ နောင်တ ရတာမျိုး မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အမှုဖွင့်ခံထားရသည့် မစန္ဒီမြင့်အောင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီကို အားပေး ထောက်ခံသူဖြစ်ပြီး ပဲခူးတက္ကသိုလ်တွင် ပထဝီ ဘာသာရပ်ဖြင့် ပထမနှစ် စာမေးပွဲ ဖြေဆိုထားသူ ဖြစ်ကြောင်း သိရသည်။

ပဲခူးအမှတ် ၂ ရဲစခန်းက အမှုနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးချိန်တွင် တိုင်ကြားခံရသူ မစန္ဒီမြင့်အောင်ကို USDP ပါတီဝင် များက လာရောက် အားပေးထောက်ခံခဲ့ကာ တိုင်ကြားသူ မလင်းလဲ့လဲ့လှိုင် အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက လာရောက် အားပေးခဲ့သည်။

ထို့နည်းတူ ဦးနေမျိုးကျော် ဆိုသူက ဇော်ဇော်(ခ) ငဖာ ဆိုသူကို ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက် စာမျက်မှာတွင် ပုတ်ခတ် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မကြာသေးခင်က ရန်ကုန်တိုင်း မြောက်ဒဂုံ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး ရုံးတင် တရားစွဲမှု တခုလည်း ဖြစ်ပွားနေသည်။

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ဖမ်းဆီးရမိသည့် ကား ၂ စီးနှှင့် တရားခံ ၂ ဦး  / ရဲဇာနည် / Facebook

သိန်းပေါင်း ၇ သောင်းကျော် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှု စုံစမ်းစစ်ဆေးဆဲ

အောက်တိုဘာလဆန်း မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သော စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ  /  နန်းလွင်နှင်းပွင့် / ဧရာဝတီ

စစ်ပွဲများ ချက်ချင်းရပ်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.2k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate