သတင်း

ဗြိတိန်နိုင်ငံသား ၂ ဦး အချင်းများရာမှ လူသတ်မှုဖြစ်ဟု ရဲ တပ်ဖွဲ့ပြော

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ၃၉ လမ်းတွင် ဗြိတိန် နိုင်ငံသား၂ ဦး အချင်းများရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ကျုးလွန်သူကို ဖမ်းမိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းက ပြောသည်။

ကျူးလွန်သူနှင့် အသတ်ခံရသူ ၂ ဦး သည် Horizon International School မှ ကျောင်းဆရာများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ထံမှ သိရသည်။

နိုဝင်ဘာ ၅ ရက်နေ့က အသက် ၄၇ နှစ်အရွယ် Mr. Peter Gray Ferguson က သူ၏ မိတ်ဆွေဖြစ်သည့် အသက် ၂၅ နှစ် အရွယ် Mr. Harris John Italo Binotti ၏ ကျောက်တံတားမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ နေအိမ်သို့ အလည်အပတ် လိုက် သွားရင်း စကားများ ရန်ဖြစ်ခဲ့သည်ဟု Mr. Harris John Italo Binotti ၏ ချစ်သူ Mrs. Elsie Devolder က Mr. Peter Gray Ferguson ၏ ထိုင်းနိုင်ငံသူ Mrs. Supatchaya Sichompoo ထံ ဖုန်းဆက်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသူ Mrs. Supatchaya Sichompoo က Mr. Harris John Italo Binotti ကို ဖုန်းဆက်မေးမြန်းခဲ့ရာ ၎င်း၏ ခင်ပွန်းသည် အိပ်ပျော်နေကြောင်း ပြောဆိုခဲ့ပြီး နောက်ပိုင်း ဖုန်းအဆက်အသွယ် မရတော့ဟု ပြောဆိုထားကြောင်း ရဲ တပ်ဖွဲ့ ထံမှ သိရသည်။

ထို့ကြောင့် နိုဝင်ဘာ ၆ ရက်တွင် Mrs. Supatchaya Sichompoo နှင့် Mrs. Elsie Devolder တို့က ကျောက်တံတား မြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ နေအိမ်တွင်း ဝင်ရောက် ကြည့်ရှုရာတွင် အသက် ၄၇ နှစ်အရွယ် Mr. Peter Gray Ferguson မှာ ဦးခေါင်းနှင့် ရင်ဘတ်တွင် ဖူးရောင်ဒဏ်ရာများ ရရှိကာ ပက်လက်အနေအထားဖြင့် သေဆုံးနေသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က ကျုးလွန်သူသည်ဟု ယူဆထားသူ Mr. Harris John Italo Binotti သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ တဆင့် ထိုင်း လေကြောင်းလိုင်းဖြင့် နိုဝင်ဘာ ၅ ရက် ညနေပိုင်းကတည်းက ထွက်ခွာသွားကြောင်း သိရသည်။

“ဖြစ်တာက ဟုတ်ပါတယ်။ International School ကပါ။ အခုကတော့ ကျူးလွန်သူက လေဆိပ်ကနေ ထွက်သွားပြီ။ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ကို အထက်ကို တင်ပြပြီး ဆင့်ကဲ ဆင့်ကဲ လုပ်ဆောင်နေပါတယ်။ သူတို့အချင်းချင်း ဘာကိစ္စကြောင့် သတ်တာကိုတော့ စုံစမ်းစစ်ဆေးနေဆဲ အခြေအနေပဲ ရှိပါသေးတယ်”ဟု ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုရဲမှူး တိုးမြို့က ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ကျူးလွန်သူ ဗြိတိန်နိုင်ငံသား Mr. Harris John Italo Binotti ကို ပုဒ်မ ၃၀၂ အရ ကျောက်တံတားမြို့မ ရဲစခန်းက အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading