သတင်း

တပ်ချုပ် ဥရောပခရီးစဉ် မြန်မာ့တပ်မတော်နှင့် လူ့အခွင့်အရေး အဓိက ပါဝင်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee-EUMC Meeting) တက်ရောက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံကို ပြီးခဲ့တဲ့ စနေနေ့ညက ထွက်ခွာသွားခဲ့ပါတယ်။

ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမီခေးလ် ကောစ်တာရာကောစ်ရဲ့ဖိတ်ကြားချက်အရသွား ရောက်တဲ့ ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဥရောပသမဂ္ဂဆိုင်ရာအကြီးအကဲများ၊ ဥရောပနိုင်ငံ အလိုက် ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေပါတယ်။

ဒါဟာ ၁၉၈၈ခုနှစ်နောက်ပိုင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တဦး အနေနဲ့ နေတိုးအဖွဲ့ဝင် ဥရောပသမဂ္ဂနိုင်ငံ များဆီ ပထမဆုံးအကြိမ်သွားရောက်ခြင်းလို့ဆိုနိုင်ပါတယ်။

တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ရင် Standard Army ဖြစ်ရေးဆိုတဲ့ စကားရပ်ကို အမြဲပြောဆိုလေ့ရှိတဲ့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တရုတ်၊ ရုရှားတို့နဲ့သာမက အမေရိကန်၊ ဥရောပ နိုင်ငံတွေက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ဂျပန်နိုင်ငံကိုလည်း ကာကွယ်ရေးဝန်ကြီး ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။

NLD ပါတီအာဏာရပြီးတဲ့နောက် ဇွန်လအတွင်းက လာရောက်ခဲ့တဲ့ ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မီခေးလ် ကော့စ်တာရာကောစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် တပ်မတော်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်ချက်တွေ၊ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို အသိအမှတ်ပြုခဲ့ ပါတယ်။

ဒါအပြင် မြန်မာ့တပ်မတော်နဲ့ ဥရောပသမဂ္ဂတို့အကြား စစ်ဘက်သံတမန်ထားရှိရေး၊ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်းအပါအဝင် လေ့ကျင့်ရေး သင်တန်းကိစ္စရပ်များ၊ ရေရှည်လုပ်ဆောင်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်ချမ်းရေးနဲ့ ပတ်သက်ပြီး EU မှ ကူညီရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

ဒီလိုဆွေးနွေးရာမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နာမည်ထွက်နေတဲ့ အပေါ်မှာ လည်း ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌက ထောက်ပြခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် လုံး၀ လက်ခံမှာမဟုတ်ပဲ ပြင်းထန်စွာ အရေးယူမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

တကယ်လည်း ရှမ်းပြည်မြောက်ပိုင်း မိုင်းယော်မြို့နယ်က ရွာသား ၅ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှတ် ၁၀ (စကခ) စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် ယာယီ တပ်မမှူး ဗိုလ်မှူးကြီးမျိုးအောင်၊ ဟိုပန်အခြေစိုက် အမှတ်၃၆၂ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးတင်မျိုးဇော်၊ ဒုတိယ စစ်ဦးစီးမှူး ဗိုလ်မှူးအောင်နေဖြိုးနှင့် စရဖအရာရှိ ဗိုလ်ကြီး လင်းနိုင်စိုး၊ တပ်ကြပ်ကြီး စိန်ဝင်းမောင်၊ တပ်ကြပ်ကြီး မောင်အုန်းနှင့် တပ်ကြပ် မောင်မောင်ထွေးတို့ကို ထောင်ဒဏ်ချမှတ်ကာ လူသိရှင်ကြား အရေး ယူမှုလုပ်ဆောင်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယခုဥရောပခရီးစဉ်အတွင်းမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ မြန်မာ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်ရဲ့ လူ့အခွင့်အရေးကိစ္စတွေကိုလည်း ဆက်လက်ဆွေးနွေးမှာတော့ အသေအချာ ပါ။

နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂကာကွယ်ရေး ဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ကာကွယ်ရေး အခင်းအကျင်းနဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ” ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးတင်ပြသွားမယ်လို့ သိရပါတယ်။

အမေရိကန်အပါအဝင် EU ဥရောပသမဂ္ဂနိုင်ငံများဟာ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ဆဲဖြစ်ပေမယ့် အခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တကောင်းအင်စတီကျု့မှ စစ်ဘက်ရေးရာလေ့လာသူ ကိုရဲက ရုရှား၊ တရုတ်တို့နဲ့သာ ကာလကြာရှည် စစ်ရေး ဆက်ဆံမှုတွေ ရှိတဲ့ မြန်မာတပ်မတော်အနေနဲ့ အမေရိကန်၊ အီးယူစတဲ့နိုင်ငံတွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေတာဟာ မြန်မာတပ်မတော်အတွက် ဒီမိုကရေစီအယူအဆတွေနဲ့ ပြန်လည်ထိစပ်နိုင်မယ်ဆိုတဲ့ အယူအဆတွေ အားကောင်းလာတာကို တွေ့ရတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading