သတင်း

တန်ဖိုးနည်း အိမ်ရာဝယ်ယူရန် စီးပွားရေးသမားများ ဝင်ရောက်မှုရှိနေဟု ဆို

Want create site? Find Free WordPress Themes and plugins.

တန်ဖိုးနည်း အိမ်ရာများဝယ်ယူရန် ငွေစုစာအုပ်စာရင်း ဖွင့်လှစ်ရာတွင် ကနဦးပေးသွင်းရမည့် ၃၀ ရာခိုင်နှုန်းကို အမှန် တကယ် နေထိုင်မည့်သူ မဟုတ်သည့် စီးပွားရေးသမားများက ဝင်ရောက်ပေးသွင်းမှုများ ရှိနေကြောင်း ဆောက်လုပ် ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဝင်းဇော်က “သတင်းတွေ ရနေတယ်။ လူတွေကို ခေါ်ပြီးတော့ ၃၀ ရာခိုင်နှုန်း ပြည့်အောင် ထည့်ပေးတယ်။ ပြီးမှ လုပ်အားခ သက်သက်ပြန်ပေးတယ်။ ဒါက သူတို့က ပြန်ရောင်းချတာမျိုး လုပ်ဖို့”ဟု ပြောသည်။

ပြီးခဲ့သည် အောက်တိုဘာ ၂၁၊ ၂၂၊ ၂၃ ရက်များက တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲ ပြုလုပ်ပြီးသည့်နောက်ပိုင်း တန်ဖိုး နည်း အိမ်ရာ ရောင်းချမှုအပေါ်တွင် စိတ်ဝင်စားမှု များလာခဲ့ရာ အဆိုပါပွဲတွင် ငွေစုစာအုပ် ပြုလုပ်သူများလည်း ရှိခဲ့ပြီး ဘဏ်တွင် စုဆောင်းငွေများလည်း မြင့်တက်လာခဲ့သည်။

အဆိုပါဘဏ်မှ တာဝန်ရှိသူ တဦးကလည်း “စုဆောင်းငွေတွေ တက်နေပေမယ့် တချို့က ကိုယ်ပိုင်ငွေနဲ့ လာရောက် စုဆောင်းသူတွေ ရှိသလို နောက်ခံတခုကိုယူပြီး စုဆောင်းငွေ လာရောက် ဖွင့်သူတွေ ပါလာတယ်”ဟု ပြောသည်။

လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် စိတ်ဝင်စားမှု များနေသော်လည်း အိမ်ရာဝယ်ယူနိုင်ရန် ကနဦး ပေးသွင်းရမည့် ငွေပမာဏကို ပေးသွင်းနိုင်ရန် အမှန်တကယ် အိမ်ရာလိုအပ်နေသည့် အခြေခံလူတန်းစားများ အနေဖြင့် ခက်ခဲနေသေး သည့် အချက်ပေါ်တွင် ငွေကြေးတတ်နိုင်သူများက ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“လိုချင်တဲ့သူက များပေမယ့် ကနဦးပေးချေရမယ့်ငွေကို မပေးနိုင်သူက များတယ်။ ငွေပေးနိုင်တဲ့သူတွေက ဈေးကွက်ဝင် ကစားတာက ထုံးစံပါပဲ။ ဒါကို ဘယ်လို ထိန်းချုပ်မှာလဲ”ဟု ယုဇန အိမ်ရာတွင် နေထိုင်သူတဦးက ပြောသည်။

ယင်းကဲ့သို့ စီးပွားရေးသမားများက ဈေးကွက်ဝင်ရောက်ကစားမှုနှင့် ပတ်သက်ပြီး ၎င်းတို့ စုဆောင်းငွေ၏ နောက်ကြောင်း ၊ ဘဏ်ပြောင်းရွှေ့ပြီး လာရောက်အပ်သည့် အထောက်အထားအဖြစ် ဘဏ်စာအုပ်များကို ပြန်လည် စစ်ဆေးသွားမည် ဖြစ် ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးဝင်းဇော်က ပြောသည်။

“ဒီလိုမဖြစ်အောင် ငွေစုချိန်မှာ ဒီငွေတွေ ဘယ်က ရသလဲ ပြောပြရမယ်။ တခြားဘဏ်တခုမှာ ဖွင့်ထားပြီး ၃၀ ရာခိုင်နှုန်း ရှိလို့ ဒီဘဏ်မှာလာဖွင့်ရင် အသိအမှတ်တော့ ပြုတယ်။ ဒါပေမယ့် ဟိုဘက်ဘဏ်က စာအုပ်ကိုပါ ယူလာပြရမယ်။ မပြ နိုင်ရင် အသိအမှတ် မပြုဘူး”ဟုလည်း ၎င်းက ဆက်ပြောသည်။

တန်ဖိုးနည်း အိမ်ရာဝယ်ယူရန် ငွေစုစာအုပ် (Housing saving )ကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ငွေစု စာအုပ် ပြုလုပ်သူပေါင်းသည် ယခုအခါ ၈၀၀၀ ကျော်ရှိလာပြီး အပ်နှံငွေ ပမာဏသည်လည်း ၆ ဒသမ ၅ ဘီလီယံ အထိ တိုးတက်လာကြောင်း သိရသည်။

ထို့အပြင် တန်ဖိုးနည်း အိမ်ရာဝယ်ယူရန် ၃၀ ရာခိုင်နှုန်း ပြည့်မီပြီးသောသူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် က ထုတ်ချေးမည့် ၇၀ ရာခိုင်နှုန်းကိုလည်း ပြန်လည်ပေးဆပ်ရန် ယခင် အရစ်ကျ ၈ နှစ်သက်တမ်းမှ ၁၀ နှစ် သက်တမ်း သို့ ပြောင်းလဲပေးထားကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ပြီးစီးထားသည့် အိမ်ခန်းပေါင်း ၂၂၀၈ ခန်း ရောင်းချမည့် အစီအစဉ်ကို နိုဝင်ဘာလတွင် တရားဝင် နိုင်ငံပိုင် သတင်းမီဒီယာများမှ တဆင့် ခေါ်ယူတော့မည် ဖြစ်သည်။

ယင်းသို့ ရောင်းချချိန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ကနဦး ၃၀ ရာခိုင်နှုန်း ပေးသွင်းထားသူများကို ဦးစား ပေးသွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading