ဇီကာ ဗိုင်းရပ်စ် တွေ့ရှိမှုတခု ပေါ်ပေါက်လာသည့် အချိန်တွင် မြန်မာနိုင်ငံက ပြင်ဆင်မှု အကြီးအကျယ် အားနည်းခဲ့ ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ရံပုံငွေ မလုံလောက်မှု၊ အလုပ်ပိနေသော ဆရာဝန်များက စစ်ဆေးစောင့်ကြည့်နိုင်ခြင်း အားနည်းခြင်းတို့ကြောင့် ရောဂါအန္တရာယ်နှင့် ပတ်သက်၍ သူတို့ မသိရှိကြ ကြောင်း ကိုယ်ဝန်ဆောင် အမျိုးသမီးများက ပြောသည်။
ဇီကာရောဂါက နိုင်ငံပေါင်း ၆၀ ခန့်တွင် ပျံ့နှံ့ခဲ့ပြီး လက်တလောတွေ့ရှိထားသည်မှာ ပြီးခဲ့သည့် နှစ်က ဘရာဇီးနိုင်ငံ တွင် ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင် ဦးခေါင်းသေးငယ်သော ကလေးငယ် မွေးဖွားလာခြင်း အပြင် မွေးကင်းစ ကလေးငယ်နှင့် အရွယ်ရောက်ပြီးသူများတွင် အခြားသော အာရုံကြောချို့ယွင်းမှုဆိုင်ရာ ပြဿနာများဖြစ်ပွားနိုင်ခြင်းတို့ကြောင့် သတိပေး မှုများ မြင့်တက်လာခဲ့ရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဒေါက်တာ Jorge M. Luna က မြန်မာနိုင်ငံသည် ဒေသ တွင်းတွင် လျှင်မြန်စွာ ပျံ့နှံခဲ့သော ခြင်မှ ကူးစက်သည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ရသည့် ရောဂါများ ပိုမိုတွေ့ကြုံခဲ့ရဖွယ် ရှိသည်ဟု သတိပေးလိုက်သည်။ ဗီယက်နမ်နိုင်ငံတွင် ရောဂါကူးစက်မှု အရေအတွက်က ၂ ဆဖြစ်နေပြီး ထိုင်းနိုင်ငံတွင် ယခုအပတ် အတွင်းတွင် ထိုင်းနိုင်ငံက ရောဂါ ကူးစက်မှု ၃၃ ခုကို အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် ဇီကာရောဂါ ကူးစက်နေသည့် ပထမဆုံး လူနာကို လွန်ခဲ့သည့် ၂ ပတ်ကျော်က တွှေ ရှိခဲ့ရပြီး စောင့်ကြည့် မှုတိုးမြှင့်ရန်နှင့် ခြင်ကာကွယ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။
သို့သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ပြည်သူ့ဆေးရုံမှ ဆရာဝန်များ နှင့် အစိုးရ တာဝန်ရှိသူများနှင့် ပြုလုပ် ခဲ့သည့် အင်တာဗျူး ၁ ဒါဇင်ကျော်က မြန်မာနိုင်ငံမှ ပြည်သူ ၅၁.၅ သန်းသည် ဗိုင်းရပ်စ် နှင့် ပတ်သက်၍ သို့မဟုတ် ပျံ့ နှံ့ခြင်းမှ ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ သတင်းအချက်အလက် အသိပေးခြင်းဆိုင်ရာတွင် အခက်အခဲ များ ရင်ဆိုင်နေရကြောင်း ပြသနေသည်။
လတ်တလောအတွင်း နေ့လည်ခင်းတခုက မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံကြီး ၏ ဆူညံရှုပ်ထွေးနေသော ဝရံတာများတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀ ကျော်စောင့်ဆိုင်းနေခဲ့ကြသည်။ အချို့မှာ ၃ နာရီကျော် မတ်တပ်ရပ်၍ စောင့်ဆိုင်းခဲ့ရသည်။
“ကျမက ဆရာဝန်တွေကို ဇီကာရောဂါနဲ့ ပတ်သက်လို့ မေးခွန်းနည်းနည်းမေးချင်လို့ပါ။ ဒါပေမယ့် သူတို့မှာလည်း ကြည့် ပေး ရမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အများကြီး ရှိနေတဲ့အတွက် အရမ်းအလုပ်များနေတယ်” ဟု အသက် ၄၂ နှစ် အရွယ် ဒေါ်စန်းစန်းအေးက ပြောသည်။ သူက ဇီကာနှင့် ပတ်သက်၍ သူငယ်ချင်းတယောက်ထံမှ ကြားသိခဲ့ရ သော်လည်း သူ၏ ကိုယ်ဝန်ကို မည်သို့ ထိခိုက်နိုင်သည်ကို သေသေချာချာ မသိပါ။
မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး၏ အမွေအနှစ် ဖြစ်သည့် အခက်အခဲများနှင့် ရင် ဆိုင် နေရပြီး စီးပွားရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုများ (အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍတွင်) ယိုယွင်း ပျက်စီးနေခဲ့ရသည်။
လူ ၁၀၀၀ လျှင် ဆရာဝန် ဝ.၆ ဦး နှုန်းသာ ရှိသည်ဟု WHO ၏ အဆိုအရသိရသည်။ ကာဇစ္စတန် နိုင်ငံထက် ၆ ဆ နည်းသည်။ ကျန်းမာရေး အတွက် အစိုးရ၏ အသုံးစရိတ်မှာ လူတဦးလျှင် ၂၀.၃ ဒေါ်လာသာရှိပြီး ထိုင်းနိုင်ငံ ထက် ၁၈ ဆ နည်းသည်။ ပျက်စီးယိုယွင်းနေပြီး လူနာ လက်ခံနိုင်စွမ်းထက် ကျော်လွန်ပြည့်လျှံနေသည့် ဆေးရုံများတွင်လည်း အခြေ ခံ ဝန်ဆောင်မှုများ ပြတ်တောက်နေလေ့ ရှိသည်။
ရန်ကုန်ဆေးရုံကြီးသို့ Reuters သတင်းထောက် သွားရောက်သည့်အခါ အမျိုးသမီးများအတွက် ဇီကာရောဂါနှင့် ပတ် သက်၍ ရှင်းပြထားသော သို့မဟုတ် သတိပေးဖော်ပြထားသော စတစ်ကာများ ကပ်ထားသည်ကို လုံးဝ မတွေ့ရှိခဲ့ ရပါ။ အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ လူနာများကို မည်ကဲ့သို့ ပညာပေးရမည်ကို မသိရှိကြောင်း ကျန်းမာရေးလုပ်သား များက ပြောကြသည်။
အချို့ဆေးရုံငယ်များတွင် သူနာပြုဆရာမ များက တခါတရံတွင် ချိန်းဆိုထားသည့် အတိုင်းရောက်လာလေ့ မရှိသော ဆရာ ဝန်များကိုယ်စား စစ်ဆေးမှုများ ဆောင်ရွက်ကြသည်ကို ရန်ကုန် ဆင်ခြေဖုံးရှိ မြို့နယ်အဆင့် ဆေးရုံ ၂ ခုသို့ ရိုက်တာ သ တင်းထောက်များ ရောက်သည့် အချိန်တွင် တွေ့ရှိခဲ့ရသည်။
ကျန်းမာရေး ဝန်ကြီးဌာန ဇီကာရောဂါ တုန့်ပြန်ရေး နှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အကြီးအကဲ ဒေါက်တာ သန်းထွန်း အောင်က ဆရာဝန် အရေအတွက် နည်းပါးသည့် အတွက် ချိန်းဆိုထားသည့် အတိုင်း အမြဲတမ်း မရောက်နိုင်ခြင်း ဖြစ် ကြောင်းပြောသည်။ သူနာပြုဆရာမ များမှာလည်း အမျိုးသမီးများကို စမ်းသပ်စစ်ဆေးရန် အရည်အချင်းပြည့်မီ သူများ ဖြစ် သည်ဟု သူကဆိုသည်။
စိတ်ရှုပ်ထွေးမှုများ
မြန်မာနိုင်ငံတွင် ဇီကာဗိုင်းရပ် တွေ့ရှိမှု ပထမဆုံး အတည်ပြုခဲ့ပြီးနောက် အရေးပေါ်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲ တွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ စိုးလွင်ငြိမ်းက နောက်လာမည့် ၆လ အတွင်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ရှားကြရန် တိုက်တွန်းခဲ့သည်။
အဆိုပါ ကြေညာချက်က မြန်မာနိုင်ငံမှ ကျန်းမာရေး စောင့်ရှောက် မှုကျွမ်းကျင်သူ အချို့ကို စိတ်ရှုပ်ထွေးစေခဲ့သည်။ အကြံပေးချက်၏ နောက်ကွယ်မှ အကြောင်းပြချက်နှင့် ၆ လကြာပြီး နောက်တွင် ဇီကာဗိုင်းရပ်စ် တွေ့ရှိမှုများ ရှိမည် မဟုတ်တော့ဟု ဆိုလိုခြင်းလားဆိုသည်ကို သူတို့နားမလည်ကြောင်း ပြောကြသည်။
ထို့ကြောင့် သူတို့ အနေဖြင့် ရောဂါအန္တရာယ်နှင့် ပတ်သက်၍ လူနာများကို ရှင်းပြရန် တွန့်ဆုတ်နေရကြောင်း ဆရာဝန်များ၊ သူနာပြုများက Reuters သို့ ပြောကြသည်။
ဒေါက်တာ Jorge M. Luna က WHO ၏ လမ်းညွှန်ချက်များမှာ အိမ်ထောင်ရှင်များအား အန္တရာယ်ရှိနိုင်သည့် အလားအလာများနှင့် မွေးကင်းစ ကလေးများအပေါ် သက်ရောက်နိုင်မှုများကို သတင်းအချက်အလက်များ အပြည့်အဝ ပေးရန်သာဖြစ် ကြောင်းနှင့် ကလေးယူခြင်း၊ မယူခြင်း ကိစ္စမှာ ကာယကံရှင်များ အပေါ်တွင်သာ မူတည်ကြောင်း ပြောသည်။
“သူတို့ကို ဘာတွေဖြစ်နေသလဲဆိုတဲ့ ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေ ပေးရပါမယ်။ ဒါကတော့ သူတို့ ရဲ့ ဆုံး ဖြတ်ချက်ပါပဲ” ဟု သူကဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာ သန်းထွန်းအောင်က ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို ဇီကာ ဗိုင်းရပ်စ် လမ်း ညွှန်ချက်များနှင့် ပတ်သက်၍ ပြီးခဲ့သည့် အပတ်က လေ့ကျင့် သင်တန်းပေးခဲ့သည်ဟု ပြောသည်။
“သင်တန်းမှာ ကျနော်တို့က လိင်ဆက်ဆံမှုကနေ တဆင့်ကူးစက်နိုင်တဲ့ ဇီကာကို ဘယ်လိုရှောင်ရှားမလဲ ဆို တာနဲ့ ပတ်သက်လို့ လူနာတွေကို ဘယ်လို ညွှန်ကြားချက်ပေးရမလဲဆိုတာကို လေ့ကျင့်သင်တန်းပေးခဲ့ပါတယ်” ဟု သူက ပြော သည်။
သို့သော်လည်း ရန်ကုန်တွင်မူ ဒေသဆိုင်ရာ ကျန်မာရေး အကြီးအကဲတဦး ဖြစ်သည့် ဒေါက်တာ ထွန်းလွင်က အခြားသော ခြင်ကြောင့် ကူးစက်နိုင်သည့် ရောဂါများနှင့် တခါတရံ အသက်အန္တရာယ်များသည့် သွေးလွန်တုပ်ကွေး ရောဂါတို့နှင့်စာလျှင် ဇီကာက ဦးစားပေးမဟုတ်ကြောင်း ပြောသည်။ ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရန် ဒေသတွင်း ဝန်ထမ်းများသို့ ရံပုံငွေ ချထား ပေးခြင်း မရှိကြောင်း ပြောသည်။ သို့သော်လည်း အချို့ ဝန်ထမ်း များက ကိုယ်ပိုင်ငွေဖြင့် ပြုလုပ်ကြသည်ဟုလည်း ဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာ သန်းထွန်းအောင်က မြို့ကြီးများတွင် ခြင်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်မှုများက တိုးတက်မှု နှေးကွေးနေသည်ဟု ပြောသည်။ ဘဏ္ဍာငွေ နှင့် ဝန်ထမ်းအင်အား အခက်အခဲကြောင့် ဖြစ်သည်ဟု သိရ ပါသည်။
အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ခရီးသွားများ နှင့် နိုင်ငံခြားသားများ အားလုံးကို စစ်ဆေးချင်သော်လည်း “ ကျနော်တို့မှာ သူတို့ကို စစ်ဆေးဖို့ ဘဏ္ဍာငွေ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ စမ်းသပ်မှုတွေက ဈေးကြီးလို့ပါ” ဟု သူက ထပ်ပြောသည်။
( Reuters သတင်းဌာနမှ Shwe Yee Saw Myint ၏ Myanmar health authorities struggle to prepare for Zika outbreak ကို ဘာသာပြန်ဆိုသည်)