မြန်မာ အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြားမှ တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် ထွက်ပြေး တိမ်းရှောင်လာသူ ၃၀၀၀ ကျော်ကို တရုတ်နိုင်ငံက လက်ခံထားကြောင်းနှင့် တရုတ်ပိုင်နက်အတွင်းသို့ ကျည်ဆံများကျရောက် သည့် အတွက် အသေးစားထိခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အသေအပျောက် မရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်း က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွ့ဲ့ ၄ ဖွဲ့က အစိုးရလုံခြုံရေးတပ်ဖွ့ဲများကို တိုက်ခိုက်ခဲ့ခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ ထိပ်တန်း ရည်မှန်းချက်ဖြစ်သော လူနည်းစု တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရှိရေး အဓိက ထိုးနှက်ချက်တခု ဖြစ်လာသည်။
နယ်စပ်တလျှောက်မှ တိုက်ပွဲများအတွက် သတိပေးခဲ့ပြီး ဖြစ်သည့် တရုတ်နိုင်ငံက ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များကို အမြင့် ဆုံး အထိ တပ်လှန့်ထားပြီး ထိန်ထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ဘက်အားလုံးသို့ တောင်းဆိုခဲ့သည်။
တရုတ်အစိုးပိုင် China Daily ၏ အဆိုအရ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အနက်မှ ထိခိုက်ဒဏ်ရာရရှိသူများကို တရုတ်-မြန်မာ နယ်စပ်မှ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ ဆေးရုံတရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“တရုတ်တာဝန်ရှိသူတွေက အလျှင်အမြန် တုန့်ပြန်ခဲ့ပြီး အခြေအနေကို သင့်တော်တဲ့နည်းလမ်းအတိုင်း ကိုင်တွယ်ခဲ့ပါ တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Pan Xuesong က သတင်းစာသို့ ပြောသည်။
အရေးပါသည့် နယ်စပ်ဖြတ်ကျော်ရေး စခန်းတခု ဖြစ်သည့် ဝမ်တိန်ဘက်သို့ ကျည်များ ကျရောက်ခဲ့ပြီး အသေးစား ထိခိုက် ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားတွင် ဖော်ပြခဲ့သည်။
ဝမ်တိန်ရှိ တရုတ်အစိုးရ အဆောက်အဦး တခုလည်း အနည်းငယ်ထိခိုက်ခဲ့သည်ဟု Global Times သတင်းစာက ဆို သည်။
တရုတ်နိုင်ငံသား အနည်းဆုံး တဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက် နေ့တွင်ပြောသည်။
ယခင်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း ထောင်နှင့် ချီသည့် ပြည်သူများ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ ရဖူးသည်။ ယမန်နှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တရုတ်ပိုင်နက်အတွင်းသို့ ကျည်ဆန်များကျရောက်မှုများရှိခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ရသဖြင့် တရုတ်အစိုးရ ဒေါသထွက်ခဲ့သည်။