• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ANP ပါတီ ၏ ရခိုင်ကိစ္စ အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခွင့် မရ

by ထက်နိုင်ဇော်
24 November 2016
in သတင်း
A A
အရေးကြီးအဆိုတခု လွှတ်တော်တွင် ဆွေးနွေးခွင့် မရသဖြင့် မီဒီယာများနှင့် တွေ့ဆုံနေသည့် ရခိုင် အမတ်များ  / ထက်နိုင်ဇော် / ဧရာဝတီ

အရေးကြီးအဆိုတခု လွှတ်တော်တွင် ဆွေးနွေးခွင့် မရသဖြင့် မီဒီယာများနှင့် တွေ့ဆုံနေသည့် ရခိုင် အမတ်များ / ထက်နိုင်ဇော် / ဧရာဝတီ

21.7k
VIEWS
Share on FacebookShare on Twitter

ရခိုင် အမျိုးသားပါတီ (ANP)က မောင်တောဖြစ်စဉ်နှင့် ပတ်သက်သည့် အရေးကြီးအဆိုတရပ်ကို မနေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြခဲ့သော်လည်း လွှတ်တော် ဥက္ကဌ၏ ခွင့်ပြုချက် မရသဖြင့် ဆွေးနွေးခွင့်မရဘဲ ပယ်ချခံခဲ့ ရကြောင်း သိရသည်။

ယင်းအရေးကြီးအဆိုမှာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက် လုပ်ရပ်များသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နေသည့်အတွက် ထိုအကြမ်းဖက် လုပ်ရပ်များ လုံးဝချုပ်ငြိမ်းသွားသည်အထိ အမြစ်ပြတ် ချေမှုန်းနိုင်ရေး၊ လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ပေးပါရန် အစိုးရ အား တိုက်တွန်းကြောင်း အဆိုဖြစ်သည်။

RelatedPosts

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
156
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
219
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
489

ယင်းကိစ္စသည် အစိုးရက “လုပ်ဆောင်နေပြီ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ညွှန်ချုပ်မှတဆင့် မှတ်ချက်ပြုခဲ့ပြီး ထိုအရေးကြီး အဆိုကို တင်ပြရန် မလိုအပ်ကြောင်း ပြန်ကြားခဲ့သည်ဟု အဆိုတင်သွင်းသူ ANP ပါတီမှ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က မီဒီယာများသို့ ပြောသည်။

“ဒီအဆိုကို လက်မခံတာက လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရဲ့ ပြောပြချက်အရ အစိုးရက လုပ်နေပြီဖြစ်တာကြောင့်တဲ့။ အစိုးရက ဘာတွေလုပ်နေလဲ မသိဘူး။ တို့သိတာက တပ်မတော်က နယ်မြေရှင်းလင်းရေး တိုက်ပွဲတွေ တိုက်နေတယ်။ အဲဒီမှာ တပ်တခုတည်း မဟုတ်ဘဲ နိုင်ငံတော်က အစီအမံတွေ ချပြီး လုပ်ဖို့ လိုအပ်တယ်လို့ အဆိုမှာ တင်ပြတယ်။ အဲဒါတွေကို နားထောင်စေချင် တာ”ဟု ဦးဘရှိန်က ပြောသည်။

မနေ့ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ANP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်းနှင့် ဒေါ်ခင်စောဝေတို့က မီဒီယာများနှင့် တွေ့ဆုံ၍ အထက်ပါအတိုင်း ရှင်း လင်းခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းအောင်ကိုမေးမြန်းရာ အရေးကြီးအဆိုသည် ၎င်းနှင့် တိုက်ရိုက်မသက်ဆိုင်သဖြင့် သက်ဆိုင်သူ အမတ်များကိုသာ မေးမြန်းရန် မီဒီယာများသို့ ပြောသည်။

ရခိုင် ကိုယ်စားလှယ်များကမူ ၎င်းတို့ တင်သွင်းသည့် အရေးကြီးအဆိုများသည် မကြာခဏ ပယ်ချခံရသည့်အပေါ် တရားမမျှတဟု ခံစားနေရကြောင်း ပြောသည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ယခု အဆိုသည် လုံးဝ မပယ် သင့်သော အဆို ဖြစ် ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယခုပြဿနာမှာ ရခိုင်ပြည်နယ် တခုတည်း၏ ပြဿနာ မဟုတ်ဘဲ ပြည်ထောင်စု တခု လုံး၏ ပြဿနာ ဖြစ်နေသည်ကို ပြည်သူတရပ်လုံးကို သိစေချင်၍ ဖြစ်ကြောင်း ပြောသည်။

“အဆိုတင်တဲ့အခါမှာ လုပ်နေပါတယ်ဆိုတာကို ကျနော်တို့ လက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ဟာ အစိုးရကို ကာဗာ ပေးစရာမလိုဘူး။ အစိုးရလုပ်တယ် မလုပ်ဘူးဆိုတာ လွှတ်တော်နဲ့ မဆိုင်ဘူး။ ကျနော်တို့က လွှတ်တော်က တဆင့် အစိုးရကို တင်ပြမှာ”ဟု ဦးဦးလှစောက ပြောသည်။

၎င်းကဆက်၍ “ကျနော်တို့က ပြည်သူ့အသံကို လွှတ်တော်ထဲ တင်ပြမှာကို ပိတ်တယ်ဆိုတာကိုက ကျနော်တို့ တဦးချင်း လည်း ပိတ်ပင်ခံရတာ ဖြစ်တယ်။ ရခိုင်လူထုရဲ့ ဆန္ဒတွေလည်း ပိတ်ပင်ခံရတာ ဖြစ်တယ်။ ပြည်ထောင်စု တခုလုံးအတွက် လည်း ပိတ်ပင်ခံရတာ ဖြစ်တဲ့အတွက် ဒီအဆိုကို ပိတ်ပင်မှု ဟာ တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ ခံစားရတယ်”ဟု ဆိုသည်။

ANP ပါတီက တင်သွင်းခဲ့သည့် အဆို ၄ ခုတွင် ၂ ခုသာ ဆွေးနွေးခွင့်ရကာ မှတ်တမ်းတင်ခံခဲ့ရ ကြောင်း၊ ၂ ခု ပယ်ခံခဲ့ရ ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပြောသည်။

ရခိုင်ကိုယ်စားလှယ်များ၏ အဆိုများ တင်ပြခွင့် မရချိန်၊ တခြားအရေးမကြီးဘဲ မေးခွန်းများသာ ဖြစ်သင့်သည့်တချို့ကိစ္စ များမှာမူ အဆိုအဖြစ် ဆွေးနွေးခွင့်ရနေခြင်းမှာ  ပြည်သူ့ဘဏ္ဍာများကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေကြောင်း ၎င်းတို့က မီဒီယာ များသို့ ပြောသည်။

“အဆိုတခု အနေနဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ခိုင်မာအောင်လုပ်တာ မဟုတ်ဘဲနဲ့ Local Development တွေ လောက်ကို ဖြစ်နေတာကျတော့ အောင်မြင်ပြီးတော့ လွှတ်တော်ထဲမှာ ထပြီး ဆွေးနွေးကြတယ်။ အနုပညာစကားနဲ့ ပြောရ ရင် ရန်သူနဲ့ မတွေ့ဘဲနဲ့ အလှသိုင်းပြသလို ထပြနေကြတာ။ အဲလို အလှသိုင်းထပြပြီးတော့ နောက်ကျတဲ့အခါကျ လွှတ်တော်က မှတ်တမ်းတင်ဆိုတာနဲ့ ပြီးသွားတာပဲ”ဟု ဦးဦးလှစောက ဝေဖန်သည်။

NLD အစိုးရ၏ လွှတ်တော်သက်တမ်းတွင် အဆို ၁၅ ခုကို ရက်ပေါင်း ၃၃ ရက်ကြာအောင် ဆွေးနွေးရာတွင် အများစုမှာ မှတ်တမ်း တင်ခြင်းသာ ခံခဲ့ရသည်ဟု ANP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“အကုန်လုံးလိုလို မှတ်တမ်းတင်ဖို့ပဲ ဖြစ်သွားတယ်။ ရန်ကုန်ဆေးရုံကြီး ဆောက်တာနဲ့ ဒဂုံဆိမ်ကမ်း ကိစ္စတွေကျတော့ တဖက်ပါတီက လုပ်ခဲ့တာလို့ ဆိုပြီး ဖျက်သိမ်းဖို့ အတည်ပြုခဲ့တယ်။ ကျန်တာတွေကကျတော့ မေးခွန်းနဲ့လည်းဖြစ်တယ်။ သိပ်ပြီးတော့လည်း အရေးမပါဘူး”ဟု ဦးဖေသန်းက ပြောသည်။

အဆိုတခု တင်လာကတည်းက အစိုးရက လုပ်နေပါပြီဟု ဖြေရန် သက်ဆိုင်ရာဝန်ကြီး ဌာနက အဆင်သင့် ပြင်ထားပြီး ဖြစ်ကြောင်း၊ ထိုကိစ္စကို သိရက်သားနှင့်ပင် လွှတ်တော်ဥက္ကဌက အဆိုအဖြစ် တင်ပေးခဲ့ကြောင်း၊ ၎င်းအဆိုအားလုံးကို မှတ်တမ်းသာ တင်သည့်အခါ ပြည်သူ့ဘဏ္ဍာများစွာ ဆုံးရှုံးရတော့သည်ဟု ရခိုင် ကိုယ်စားလှယ်များက ပြောသည်။

“အစိုးရက လုပ်မယ်၊ လုပ်နေပါတယ်ပြောမှာ သေချာတဲ့ အဆိုမျိုးတွေကိုကျတော့ တင်ပေးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ကျေနပ်တယ်။ ကတိတခုရလို့။ ကျနော်တို့ အဆိုက ကျယ်ပြန့်တယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့လည်း ဆိုင်တယ်။ ပြီးတော့ တပ်က တခုတည်း လုပ်လို့ရတာ မဟုတ်ဘူး”ဟု ဦးဖေသန်းက ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကမူ အဆိုများ၊ မေးခွန်းများကို လွှတ်တော်သို့ တင်ပြခွင့်များနှင့် ပတ်သက်၍ ပါတီစွဲ၊ လူမျိုးစွဲ မထားဘဲ မျှတအောင် စီစဉ်ပေးလျက်ရှိပြီး အစိုးရ ဝန်ကြီးဌာနများ၏ ပြန်လည် ဖြေကြားနိုင်မှု ပြီးစီးသည့် အပေါ်တွင် မူတည်၍လည်း စီမံခန့်ခွဲရကြောင်း လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ဖူးသည်။

Your Thoughts …
Tags: ANP ပါတီ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက တွေ့ရသည့် ANP ပါတီ / ဧရာဝတီ

ANP ပါတီ ဆက်ရပ်တည်နိုင်ရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရ

by ဧရာဝတီ
13 March 2022
9.1k

ANP ပါတီသည် တချိန်က လူထုထောက်ခံမှုကို တခဲနက် ရရှိမှုနှင့်အတူ ရွေးကောက်ပွဲ ၃ ကြိမ်တိုင်တိုင် အနိုင်ရရှိ ထားသော ပြည်နယ်အတွင်းက အင်အားကြီးပါတီတခု ဖြစ်ခဲ့သော်လည်း ပြည်သူလူထုက လက်မခံသည့် အာဏာသိမ်း စစ်ကောင်စီနှင့် ပူပေါင်းသည့် နောက်ပိုင်းကတည်းက...

အစည်းအဝေးတခုတွင် အတူတွေ့ရသည့် ပါတီ ခေါင်းဆောင်များ  / ဧရာဝတီ

မုန်တိုင်းကြားက ANP ပါတီ

by ဧရာဝတီ
28 August 2021
33.6k

စစ်ကောင်စီနှင့် ပူးပေါင်းခဲ့သည့်အတွက် ရခိုင်အမျိုးသား ပါတီမှာ နိုင်ငံရေး အခွင့်အလမ်းထက် ပါတီတွင်း သဘောထား ကွဲလွဲခြင်း၊ ရခိုင်ပြည်သူလူထု၏ ပြစ်တင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး မုန်တိုင်းထန်သော အကျပ် ရိုက်ခတ် မှုများကိုသာ ရရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ စစ်တွေမြို့တွင် လှည့်လည်စည်းရုံးရေးဆင်းနေသည့်  ANP ပါတီဝင်များ / ဧရာဝတီ

စစ်တပ်ကို ရှုတ်ချသဖြင့် ANP ပါတီ သတိပေး ခံရ

by ဧရာဝတီ
13 October 2022
2k

မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့်အတူ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို အကာကွယ်ယူပြီး တိုက်ပွဲ ဖော်ဆောင်ခြင်း

ရခိုင်အမျိုးသားပါတီရုံး  / မင်းအောင်ခိုင် / ဧရာဝတီ

ထွက်စာတင်သည့် အမတ်များကို ရွေးကောက်ပွဲထိ နုတ်ထွက်ခွင့်မပြုဟု ANP ပြော

by မင်းအောင်ခိုင်
13 July 2020
11.3k

ANP ပါတီ၏ အလံ၊ တံဆိပ် စသည့် ပါတီ အရှိန်အဝါဖြင့် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားခြင်း ဖြစ်သည့်အတွက် ၎င်းတို့အား ကိုယ်စားလှယ် သက်တမ်း ကုန်ဆုံးသွားသည့် အချိန်မှသာလျှင် နုတ်ထွက် ခွင့်ပြုရန် ပါတီညီလာခံက...

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန် / ဇော်ဇော်

အပစ်ခတ် ရပ်စဲရေးအတွက် သဘောထားကြီးပေးပါ

by ငြိမ်းငြိမ်း
9 October 2019
15.1k

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းဌာနက တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။

အောက်တိုဘာ ၁၇ ရက်က စစ်တွေမြို့ ANP ရုံးချုပ်ရှေ့တွင် ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းအောင်ခိုင်/ဧရာဝတီ)

ANP ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး ဖယ်ရှားပေးရန် ဆန္ဒပြမှု ဖြစ်ပွား

by မင်းအောင်ခိုင်
18 October 2017
12.4k

ရခိုင် အမျိုးသားပါတီ (ANP)၏ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး ဖြစ်သော ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် တို့ကို ပါတီမှ ဖယ်ရှားပေးရန် ယမန်နေ့က စစ်တွေမြို့ရှိ ပါတီ ဗဟိုဌာနချုပ်ရှေ့တွင် ဆန္ဒပြ...

Next Post
DJ Run Festival လက်မှတ်ရောင်းပွဲ / သီဟတိုး / ဧရာဝတီ

လူအများ စုပေါင်းပါဝင် အပြေးပွဲ ဆင်နွှဲနိုင်မယ့် DJ Run ပွဲ

သေဆုံးသူ မမြင့်မိုးနွယ် အလောင်းကို သယ်ယူနေစဉ် / ကျောင်းသား

အဖျောက်မြို့က အိမ်အကူ မိန်းကလေး သေဆုံးမှု ၃ လကြာအထိ မဖော်ထုတ်နိုင်သေး

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate