• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရိုဟင်ဂျာအရေး သံတမန်ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်

by Peter Aung
25 November 2016
in သတင်း
A A
ရိုဟင်ဂျာအရေး သံတမန်ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်း /  Reuters

ရိုဟင်ဂျာအရေး သံတမန်ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်း / Reuters

57.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အနောက် မြောက်ပိုင်းမှ ပဋိပက္ခများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ကိုင် တွယ်ဖြေရှင်းမှုအပေါ် အနောက်နိုင်ငံများ၏ စိုးရိမ်မှုများတိုးလာနေကာ ယင်းဖိအားများကြောင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပဋိပက္ခများကြောင့် ရာနှင့် ချီသော ရိုဟင်ဂျာ မွတ်ဆလင်များ နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင် ငံသို့ ထွက်ပြေးနေကြပြီး လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှု စွပ်စွဲချက်များလည်း ထွက်ပေါ်နေခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၈ လသက်တမ်းရှိ အစိုးရအတွက် အကြီးဆုံး စမ်းသပ်ချက်ဖြစ်လာသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
19
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
50
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
275

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Samantha Power က နိုဝင်ဘာလ ၁၇ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် အမေရိကန် နိုင်ငံ၏ မေတ္တာရပ်ခံမှုဖြင့် ပြုလုပ်ခဲ့သော လုံခြုံရေးကောင်စီ တံခါးပိတ် အစည်း အဝေးတခုတွင် စိုးရိမ် ပူပန်မှု အတိုင်းအတာကို ပြောပြခဲ့သည်ဟု သံတမန်များက ပြောသည်။

“မြန်မာနိုင်ငံကို သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်ခွင့်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကနဦးက စိတ်အားထက်သန်မှုက ဒီအဆင့့်မှာတော့ အန္တရယ်ရှိတဲ့ အသွင်ဖြစ်နေပါတယ်” ဟု Samantha Power က အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သံတမန် ၂ ဦးက ဆိုသည်။

နောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် သံတမန်များကို စုရုံး၍ တုံ့ပြန် ပြောဆိုခဲ့သည်။ သူ၏ နိုင်ငံအပေါ် မမျှတစွာ ဆက်ဆံခံနေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံက သံတမန်များပြောခဲ့သည့် အဓိက အချက်များဖြစ်သည့် အကူ အညီများပြန်လည်ပေးခွင့်ရရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲမှုများ နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွား ရန် ကတိပြုခဲ့သည်ဟု သူတို့က ထပ်ပြောသည်။

စစ်အုပ်ချုပ်ရေး နှင့် နေအိမ် အကျယ်ချုပ်ကာလများအတွင်းတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ သူရဲကောင်း အဖြစ်အနောက်နိုင်ငံများက လေးစားခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲ အနိုင်ရရှိမှုက ပြု ပြင်ပြောင်းလဲရေးအတွက် လမ်းကြောင်းတခု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြသည်။

သို့သော်လည်း (၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူရာနှင့်ချီ၍ သေဆုံးခဲ့ရသော ပဋိပက္ခများ နောက်ပိုင်း တွင် လူ အသေ အပျောက် အများဆုံး ဖြစ်သော) ရခိုင်ပြည်နယ်မှ လက်ရှိ ပြဿနာများကြောင့် ရိုဟင်ဂျာ လူနည်းစုအသိုင်းအဝိုင်း၏ ထိခိုက်နစ်နာမှုများ လျော့နည်းအောင် သူ အနည်းငယ်မျှသာ လုပ်ဆောင်ပေးနိုင်ခဲ့သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း မှ ပြစ်တင် ဝေဖန်မှုများ ပြန်လည် ထွက်ပေါ်လာစေခဲ့သည်။

ရိုက်တာက အမည်မဖော်လိုသူ သံတမန်နှင့် အကူအညီပေးရေးလုပ်သား ၁ ဒါဇင်ခန့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် သူ တို့ က မြန်မာနိုင်ငံ နှင့် နယူးယောက်မြို့တို့မှ (သတင်းထုတ်ပြန်ခြင်း မရှိသော) ဆွေးနွေးမှုများ အကြောင်းကို ပြောပြခဲ့ခြင်း ဖြစ်ပါသည်။

စွပ်စွဲမှုများ

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် တပ်စခန်း ၃ ခုတိုက်ခိုက်ခံရပြီး ရဲအဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရခြင်းကို တုန့်ပြန် သည့် အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ရှိ ဒေသများသို့ စစ်သည်အမြောက်အများချထားခဲ့သည်။

စစ်သားများက ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေး ပြုလုပ်ချိန်အတွင်း ရိုဟင်ဂျာ အမျိုးသမီးမျာကို မုဒိန်းကျင့်သည်၊ နေအိမ် များကို မီးရှို့သည်၊ အရပ်သားများကို သတ်ဖြတ်သည် ဟု ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခြင်းကို မြန်မာ တပ်မတော် နှင့် အစိုးရက ညင်းဆန်ခဲ့ပါသည်။

မမှန်ကန်သော သတင်းအချက်အလက်များ ပြန့်နှံ့ခြင်းမှ ကာကွယ်ရန် အတွက် မြန်မာနိုင်ငံ က မှန်ကန်သော သတင်း အချက်အလက်များကို ချက်ချင်း ထုတ်ပြန်ပေးနေသည်ဟု သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး ကပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက ကျနော်တို့ကို နားလည်မှုလွဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာ အရေးလှုပ်ရှားတဲ့ သူတွေက မမှန်မကန် သတင်းတွေ ဖြန့်ဝေခဲ့လို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက် ခိုက်တာ၊ သတ်ဖြတ်တာနဲ့ လက်နက်တွေကို လုယူတာကို လက်ခံမှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။

ယခင်အပတ်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ Samantha Power က မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ ၏ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်သည့် ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) တရုံး ဖွင့်လှစ် ရန် အမေရိကန် အစိုးရ၏ တောင်းဆိုမှုကို ထပ်မံတင်ပြခဲ့သည်။

အခွင့်အရေးများကို နှစ်နှင့်ချီ၍ ပိတ်ပင်ထားခြင်းကြောင့် ရိုဟင်ဂျာ အသိုင်းအဝိုင်း၏ အချို့သော အစိတ်အပိုင်းများတွင် အ စွန်းရောက်မှုများ ဖြစ်လာနိုင်သည်ဟု သူက သတိပေးခဲ့သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ပြောဆိုခဲ့သည်များနှင့် ပတ် သက်၍ မှတ်ချက်ပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Nicole Thompson က ညင်းပယ် ခဲ့သည်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုနဲ့ အိုးမဲ့အိမ်မဲ့ ကိစ္စတွေ ဖြစ်ပေါ်နေကြောင်း သတင်းတွေ ဆက်လက်ရရှိ နေတဲ့ အတွက် ကျမတို့ စိုးရိမ်နေဆဲ ဖြစ်ပါတယ်” ဟု Nicole Thompson ကပြောသည်။

“ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ယုံကြည်လက်ခံနိုင်လောက်တဲ့၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ဖို့ ကျမတို့ ဆက်လက်တောင်းဆိုသွားပါမယ်။ မီဒီယာတွေ ဝင်ရောက်ခွင့် ပြုဖို့လည်း ကျမတို့ ထပ်မံတောင်းဆိုပါ တယ်။”

ပဋိပက္ခများ ကြောင့် ဒေသတွင်း ရွှေ့ပြောင်း အခြေချမှုပြဿနာများ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ပြောခဲ့ သည့် မလေးရှား နိုင်ငံကဲ့သို့ပင် ဗြိတိန် နိုင်ငံကလည်း အဆိုပါ အစည်းအဝေးတွင် စိုးရိမ်မှုများ ဖော်ပြခဲ့သည်ဟု သံတမန်များက ပြောသည်။

ပြဿနာများကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဆန္ဒုပြသည့် အနေဖြင့် မူဆလင် လူများစုနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံက မြန်မာနိုင်ငံက ပူးတွဲ အိမ်ရှင် အဖြစ်လက်ခံကျင်းပပေးနေသည့် ဒေသတွင်း ဘောလုံးပွဲတခုမှ နုတ်ထွက်ရန် စဉ်းစားနေ ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအတွင်းတွင် အစွန်းရောက်မှုများ ရှိလာကြောင်း သတင်းများရရှလာသည့် အတွက် စိုးရိမ်ကြောင်း အီဂျစ် နိုင်ငံ ကိုယ်စားလှယ် ကလည်း ပြောသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်း

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနှင့် ဒိန်းမတ် နိုင်ငံတို့မှ သံတမန်များနှင့် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ နိုင်ငံတကာ အသိုင်း အဝိုင်းက သတင်းအချက်အလက်မှန်များမရှိဘဲ ပဋိပက္ခကို တဘက်ထဲမှ အလေးပေးခဲ့သည်ဟု သူက စွပ်စွဲပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ အစည်းအဝေး က ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ အကူအညီပေးရေးကိစ္စများ ပြန်လည်စတင်ရန် ဦးတည်ခြင်း ဖြစ် သည်ဟု သံတမန်များနှင့် အကူ အညီပေးရေး လုပ်သားများကပြောသည်။ စစ်ဆင်ရေးများကြောင့် ပိတ်ဆို့ထားသည့် ဒေသတွင် လူ ၁၅၀၀၀၀ ခန့်အတွက် ဆေးဝါး နှင့် အစားအစာ အကူညီများ မပေးပို့နိုင်ခဲ့သည်မှာ ရက်ပေါင်း ၄၀ ကျော် ပြီ ဖြစ်သည်။

အာဟာရ မပြည့်ဝသည့် ကလေးငယ် ၃၀၀၀ ကျော်အတွက် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း နှင့် အကူအညီ မရ လျှင် သေဆုံးသွားနိုင်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က ပြည်သူများ အစားအစာအကူအညီ ရရှိရေးအတွက် အပြုသဘောဆောင်သည့် ပြောဆိုမှုများ ရှိခဲ့သည်ဟု သံတမန်များကပြောကြသော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့ အထိ အကူအညီများ ပြန်လည် ရရှိခြင်း မရှိသေး ပေ။

သူတို့ အနေဖြင့် အကူအညီများ ပြန်လည်ပေးအပ်ခွင့်ရရှိအောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆောင်နိုင်ရေး အတွက် တိတ်တဆိတ် ကြိုးစားမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြသည်။ သို့သော်လည်း ပဋိပက္ခကာလအတွင်းတွင် ဒေါ်အောင်ဆန်း စုကြည်က ပြည်ပခရီးစဉ်များဖြင့် အလုပ်ရှုပ်နေခဲ့သည့်အတွက် အခက်အခဲ ရှိခဲသည်ဟု အချို့ကပြောသည်။

သို့သော်လည်း အရပ်သားအစိုးရကို ဦးဆောင်နေစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုတိုင်အာဏာရှိနေပြီး ကာ ကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာများကို ထိန်းချုပ်ထားသည့် စစ်တပ်နှင့် အဆင်ပြေရန် ကြိုးစားနေရဆဲ ဖြစ်သည်။ သံတမန် အချို့ကလည်း သူလုပ်နိုင်သည့် အတိုင်းအတာ အကန့် အသတ် ရှိနေခြင်းကို အသိအမှတ်ပြုခဲ့ကြ သည်။

နယူးယောက်၌ ကျင်းပသည့် အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က မြန်မာအစိုးရ၏ အနေအထားမှာ အရပ်ဘက်နှင့် စစ်ဘက်ကြားမှ အားပြိုင်မှုကြားတွင် ရှိနေသည် ဟု ပုံဖော်ခဲ့ကြောင်း လုံခြုံရေး ကောင်စီမှ သံတမန်တဦးကပြောသည်။

“လုံခြုံရေး ကောင်စီက သံတမန် တော်တော်များများက ဒီအချက်ကို လက်ခံကြပြီး မြန်မာအစိုးရအနေနဲ့ အချိန်ပို လိုအပ် တယ်လို့ ယူဆခဲ့ကြပါတယ်” ဟု အဆိုပါ သံတမန်ကပြောသည်။

မြန်မာနိုင်ငံက မူလတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို သက်သေပြရေး အတွက် ကော်မရှင် တခု ဖွဲ့စည်းရန် ကြိုးစားနေခဲ့သည်ကို သံတမန်များက ယုံကြည်လက်ခံရန်လည်း ဆောင်ရွက်ခဲ့သည်။ နိုဝင်ဘာလ ၁၉ ရက် နေ့က ထုတ်ပြန် ခဲ့သည့် အစိုးရ မီဒီယာ သတင်းတခုအရ အကြမ်းဖက် တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးရန် အဖွဲ့အစည်း တခု ဖွဲ့စည်းခဲ့ ကြောင်း သိရသော်လည်း လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှု စွပ်စွဲချက်များလည်း ပါဝင်ခြင်းရှိမရှိကို ဖော်ပြထားခဲ့ခြင်း မရှိပါ။

သမ္မတ ရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ရခိုင်ပြည်နယ်တွင် နိုင်ငံမဲ့ ရိုဟင်ဂျာ မွတ်ဆလင်အများစုကို ဦးတည်သည့် နိုင်ငံသား စိစစ်ရေး အစီအစဉ်တခု အကောင်အထည် ဖော်နေပြီး ဒေါ်အောင်ဆန်းစုကြည် အာဏာ ရရှိလာသည့် နောက် ပိုင်းတွင် နိုင်ငံတော် အဆင့် အထူးအဖွဲ့အစည်းတရပ် ဖွဲ့စည်းပေးခဲ့ကြောင်း ပြောသည်။

“ကျနော်တို့ အစိုးရက ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

( Reuters သတင်းဌာနမှ Antoni Slodkowski နှင့် Michelle Nichols တို့၏ West voices growing concern at Myanmar’s handling of crisis – sources ကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Peter Aung

Peter Aung

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ကလေးအလောင်းကို ရဲက စစ်ဆေးစဉ် / ပြေကျော် / ဧရာဝတီ

ကမာရွတ်မြို့နယ်က ကလေးသေဆုံးမှု သံသယ တရားခံကို ရဲရှာဖွေနေ

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖြဲ့ဝင် ဦးဝင်းထိန် / ဧရာဝတီ

ရှမ်းပြည်နယ် NLD ခေါင်းဆောင်များအား ရာထူးချ၊ ထုတ်ပယ်သည့် ကိစ္စ ဦးဝင်းထိန် အနိုင်ရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate