သတင်း

ငြိမ်းချမ်းရေးကိစ္စ ဦးရွှေမန်းနှင့် KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးတို့ တွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေးနိုင်ရန်အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် အဖွဲ့ကို နေပြည်တော် လွှတ်တော် အဆောက်အဦ ဝင်းအတွင်းရှိ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည်ဟု ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက မီဒီယာများသို့ ပြောသည်။

ဦးရွှေမန်းက “သူတို့ကလည်း ငြိမ်းချမ်းရေး လိုချင်ကြတယ်။ တို့ကလည်း ငြိမ်းချမ်းရေး လိုချင်တယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် လိုအပ်တဲ့ ကိစ္စလေးတွေ ဆွေးနွေးတာပါ” ဟု ပြောသည်။

သို့သော် အသေးစိတ် ဆွေးနွေးခဲ့သည့် ကိစ္စများကိုမူ မီဒီယာများသို့ လတ်တလောတွင် ရှင်းပြနိုင်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် အမြင်သဘောထားခြင်း ဖလှယ်ခဲ့ကြောင်း ဦးရွှေမန်းက ပြောသည်။

ဦးရွှေမန်းက “မြောက်ပိုင်းကိစ္စတွေကတော့ ဝမ်းနည်းစရာ ကောင်းတယ်။ စိုးရိမ်စရာ ကောင်းတယ်။ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထလည်း ရှိပါတယ်။ ပြဿနာ ရှိရင်လည်း အဖြေရှိတယ်။ ဒါကြောင့်မိုလို့ စိုးရိမ်စရာ ကောင်းတာမှန်တယ်၊ ဝမ်းနည်းစရာ ကောင်းတာမှန်တယ်၊ ဒီဟာကို အဖြေရှာပြီးတော့ ကျော်လွှားသွားဖို့ပဲ လိုတယ်။ ဒီအတိုင်းကြီး ရပ်နေလို့တော့ မရဘူး” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများ အရေးနှင့် ပတ်သက်၍လည်း သဘောထား မှတ်ချက်ပြုသည်။

ယနေ့ ဆွေးနွေးပွဲသို့ KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် KNU စစ်ဘက်ဆိုင်ရာ တာဝန်ခံ တချို့လည်း ပါဝင်တက်ရောက်ကြောင်း တွေ့ရပြီး ဆွေးနွေးပွဲနှင့် ပတ်သက်၍ KNU ဘက်မှ မှတ်ချက် တစုံတရာ ပြောဆိုခြင်း မရှိပေ။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးနှင့် အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းကလည်း နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading