• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးက သက်ငယ်မုဒိမ်း ကျုးလွန်သူကို အမှုဖွင့်ဖမ်းဆီး

by ဒီလှိုင်းဝင်း
29 November 2016
in သတင်း
A A
မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း၌ နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်တွင် ပြုလုပ်သည့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ကြီးလေးသည့် ပြစ်ဒဏ်ချရေး Photo Campaign မြင်ကွင်း / ဇော်ဇော် / ဧရာဝတီ

မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း၌ နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်တွင် ပြုလုပ်သည့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ကြီးလေးသည့် ပြစ်ဒဏ်ချရေး Photo Campaign မြင်ကွင်း / ဇော်ဇော် / ဧရာဝတီ

35.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးဘူတာကြီးအနီး ရထားတွဲဆိုင်းများ ရှန်တိန် ( တွဲများ ရှေ့တိုးနောက်ငင် နေရာပြောင်းခြင်း) ပြုလုပ်သည့် ၃၄ လမ်းနှင့် ၇၉ လမ်းထောင့် ရထားသံလမ်း အနောက်ဘက် အုတ်တံတိုင်းအနီး နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်း ကျုးလွန်သူကို ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်တဦးက “ ဘူတာကြီးနားမှာ ကလေးငယ်နှစ်ယောက်ကို မဖွယ်မရာ ပြုလုပ်နေတဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းပေါ် စတက်လာတဲ့အချိန်ကတည်းက အခင်းဖြစ်ရာနေရာကို တပ်ဖွဲ့ဝင်တွေ လွှတ်ပြီး တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်ပါတယ်။ တရားခံကိုလည်း ဖမ်းဆီးထားပြီး ဖြစ်တယ်” ဟု ပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
247
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
255
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.3k

ရေသန့်ဘူးခွံကောက်၍ အသက်မွေးဝမ်းကျောင်းပြုနေသူ အသက် ၄၀ နှစ်အရွယ် ကြင်ဝှက် (ခ) လှထွေးက အသက် ၇ နှစ်အရွယ် မောင် — နှင့် အသက် ၄ နှစ် အရွယ် မ — တို့ကို ၃၄ လမ်း နှင့် ၇၉ လမ်းထောင့် ရထားတွဲဆိုင်းများ ရှန်တိန်ပြုလုပ်သည့် သံလမ်းအနောက်ဘက် အုတ်တံတိုင်းအနီး၌ မတရားသဖြင့် ကာမရယူ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီ ရပ်ကွက်နေ မဇင်မာဝင်း (ကျပန်း)၏ နေအိမ်သို့ လွန်ခဲ့သော ၂ ရက်ခန့်က ရောက်ရှိလာသော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၌ နေထိုင်သူ ကြင်ဝှက် (ခ) လှထွေးသည် မဇင်မာဝင်း၏ သားဖြစ်သူ အသက် ၇ နှစ်အရွယ် မောင် — နှင့် သမီးဖြစ်သူ အသက် ၄ နှစ် အရွယ် မ — တို့ကို မတရားသဖြင့် ကာမရယူပြုကျင့်နေစဉ် အိမ်နီးချင်းဖြစ်သူ ကိုဝင်းထွန်းလတ်က တွေ့မြင်၍ မိခင်ဖြစ်သူ မဇင်မာဝင်းကို သွားရောက်ပြောကြားခဲ့ရာ မိခင်ဖြစ်သူက ကဉ္စဏရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မန္တလေးမီးရထား ရဲစခန်းနှင့် အမှတ် (၈) မြို့မရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တရားခံ ကြင်ဝှက် (ခ) လှထွေးကို ဖမ်းဆီးခဲ့ပြီး မန္တလေးမီးရထား ရဲစခန်းက တရားခံကို (ပ) ၅၃/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၃၇ အရ အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်တဦးက ပြောသည်။

မုဒိမ်းမှုဖြစ်စဉ်များနှင့် ပက်သက်၍ ပုဒ်မ ၃၇၆ ဥပဒေပါ ပြဌာန်းချက်တွင် မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ် ၁၀နှစ် ဖြစ်စေ၊ တစ်သက်တစ်ကျွန်း ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနန္ဒာက “ အခုနောက်ပိုင်းမှာ သက်ငယ်မုဒိမ်းတွေ တော်တော်များလာတယ်။ ဒါဟာ နိုင်ငံအတွက် မကောင်းတဲ့ ပုံရိပ်တွေပဲလို့ ကျမတော့ မြင်တယ်၊ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ ကျုးလွန်သူတွေကို တရားရုံးတွေက ချမှတ်နေတာတွေက ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ယခုအချိန်အထိ သက်ငယ်မုဒိမ်းမှု အပါအဝင် မုဒိမ်းမှု ကျုးလွန်သူများကို ထောင်ဒဏ် ၁၀ နှစ်၊ တသက်တကျွန်းအထိ ချမှတ်ခြင်းမျိုး မရှိသေးကြောင်း၊ မုဒိမ်းမှုအတွက် ထောင် ၇ နှစ်သာ အများဆုံး ချမှတ်နေသည့်အတွက် ကျုးလွန်ခံရသူနှင့် သူ၏ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် ဘဝရပ်တည် ရှင်သန်ရေးတွင် အခက်အခဲများစွာ ရှိနေသည်ကို မြင်တွေ့နေရသည်ဟု ဒေါ်အေးနန္ဒာက ဆက်ပြောသည်။

ယခုအခါ နိုင်ငံတစ်ဝှမ်းလုံး၌ သက်ငယ်မုဒိမ်းမှုများနှင့် ပက်သက်၍ ဆန့်ကျင်သည့်လှုပ်ရှားမှုကို ပြုလုပ်နေကြပြီး ကျုးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုနေမှုများ ရှိနေသည်။

နိုင်ငံတဝှမ်း၌ ၂၀၁၅ ခုနှစ်တွင် မုဒိမ်းမှု ၆၈၃ မှု ဖြစ်ပွားခဲ့ရာတွင် သက်ငယ်မုဒိမ်းမှု ၂၃၀ မှု ပါဝင်နေကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု ၇၆၁ မှုတွင် သက်ငယ်မုဒိမ်းမှု ၃၈၀ ကျော် ပါဝင်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Your Thoughts …
Tags: သက်ငယ်မုဒိမ်းမှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်နေအိမ်သို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် / Nyi Nyi / facebook

အသက် ၁၄ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး

by လဲ့လဲ့
14 April 2020
67.8k

တောင်ဒဂုံမြို့နယ်တွင် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ကိုလတ်(ခေါ်) နိုင်ဟိန်းလတ်အား သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးကာ တောင်ဒဂုံရဲစခန်းတွင် အရေးယူထားကြောင်း

အမျိုးသမီးနှင့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ်  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု

by မိုးမိုး
28 March 2019
12.8k

မတ်လ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် နိုင်ငံတော် သမ္မတက “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွ့ဲစည်းပုံ အခြေခံ ဥပဒေ အရ ဤလက်မှတ်ရေးထိုးသည်” ဟု ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအား...

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
254

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

ပထွေးက အဓမ္မ ခိုးယူပေါင်းသင်းခြင်း ခံခဲ့ရသည့် မဝတ်ရည် (အမည်လွှဲ) / ထက်ဝေ / ဧရာဝတီ

သက်ငယ်မုဒိမ်း ဘာကြောင့် အဖြစ်များနေသလဲ

by ထက်ခေါင်လင်း
31 July 2020
12.6k

အစိုးရအနေနဲ့ လွှတ်တော်တွေထဲမှာ ထိရောက်တဲ့ အဟန့်အတား ဖြစ်စေဖို့ မေးခွန်းတွေ၊ ပြစ်ဒဏ်တွေ မေးနေ ပြောနေရုံနဲ့ မရဘူး။ မဖြစ်အောင် ဘယ်လို လုပ်မယ်ဆိုတဲ့ မူဝါဒတွေ ချမှတ် အကောင် အထည်ဖော်နေတာ မတွေ့ရသေးဘူး

ဖမ်းဆီးခံထားရသည့် တရားဟောဆရာ ဦးဆွမ်ခတ်မုန်  / Zalen

တရားဟောဆရာ တဦးကို သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီး အမှုဖွင့်

by လဲ့လဲ့
20 June 2019
49.5k

စစ်ကိုင်းတိုင်းဒေသကြီးတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်း ပြုကျင့်ခံရမှုက ၂၀၁၆ ခုနှစ်တွင် ၆၄ မှု၊ ၂၀၁၇ ခုနှစ်တွင် ၇၅ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်အရ သိရသည်။

၈ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်မှုဖြင့် ဖမ်းဆီးလိုက်သည့် သီဟနိုင် (ခ) အငယ်လေး / Mandalay Police

၈ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်ပြီး ပုန်းရှောင်နေသူကို မိပြီ

by ဒီလှိုင်းဝင်း
25 January 2019
29.2k

အသက် ၈ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို ပြစ်မှုကျုးလွန်းပြီး တလကျော် အကြာ ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ် ရပ်စောက်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ပြင်စာနယ်မြေရဲစခန်းမှ သိရသည်။

Next Post
ရန်ကုန်မြို့ရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝင်းထဲမှာ ရှိနေတဲ့ ကားများ / ဂျေပိုင် / ဧရာဝတီ

ဆေးရုံဝင်းထဲမှာ ရှိနေတဲ့ ကားတွေ

ဒုက္ခသည်

ဒုက္ခသည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate