သတင်း

မလေးရှား၌ မြန်မာအလောင်း ၂ လောင်း ပိုင်ရှင်မဲ့ ဖြစ်နေ

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ Banting ဆေးရုံ၌ မြန်မာနိုင်ငံသား အလောင်း ၂ လောင်းအား ပိုင်ရှင်မဲ့ ဖြစ်နေ သည့်အတွက် သဂြုႋဟ်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

သေဆုံးသူများသည် မောင်စည်သူဝင်း (နိုင်ငံကူး လက်မှတ် အမှတ်- MA699443) နှင့် မောင်မွန်စိုး (UNHCR ကတ် အမှတ် -354-10C09800) ဆိုသူတို့ ဖြစ်ကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ သိရသည်။

အဆိုပါ ၂ ဦးသည်၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ အတွင်းက အချင်းချင်း ရန်ဖြစ် စကားများရာမှ လက်လွန် သေဆုံးသွားခြင်း ဖြစ်ကြောင်း သံရုံး တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြော သည်။

၎င်းက “သူတို့အချင်းချင်း စကားများပြီး လူသတ်မှု ဖြစ်ကြတာပါ၊ သေတာကလည်း ကြာပါပြီ၊ သဂြိုလ်ဖို့ ပိုင်ရှင် မရှိတဲ့အ တွက် ရဲစခန်းက သံရုံးကို အကြောင်းကြားလာတယ်၊ ကျနော်တို့ သံရုံးကလည်း မိသားစုဝင်တွေနဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်၊ သဂြုႋဟ်မယ်ဆိုရင် မိသားစုရဲ့ ခွင့်ပြုချက်လိုပါတယ်” ဟု ဆိုသည်။

မိသားစုဝင်များနှင့် သီတင်းပတ်အနည်းငယ်အတွင်း အဆက်အသွယ်မရပါက သဂြုႋဟ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲ ဖြစ်၍ သဂြုႋဟ်ခွင့်မရခဲ့ကြောင်း၊ ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းအား သဂြုႋဟ်ခွင့်ရရန် မြန်မာ သံရုံးထံ ခွင့်တောင်း ထားပြီး ရက်ပိုင်းအတွင်း မိသားစုဝင်များနှင့် အဆက်အသွယ်မရပါက သဂြုႋဟ် ပေးသွားမည်ဖြစ်ကြောင်း ကပုန်း ၇ ရက်သားသမီး နာရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။

ဦးဆန်းဝင်းက “သူတို့နဲ့အတူ အလုပ်လုပ်နေတဲ့သူတွေက ပြန်သွားကြတော့ သူတို့သေတာ ဘယ်သူမှ မသိဘူးဖြစ်နေတာ ပေါ့၊ ဒီရက်ပိုင်း မိသားစုတွေနဲ့အဆက်အသွယ်မရရင်တော့ ကျနော် နာရေးအသင်းကပဲ သဂြုႋဟ် ပေးဖို့ သံရုံးမှာ တင်ပြထား ပါတယ်” ဟု ဆိုသည်။

မလေးရှားနိုင်ငံ၌ နေထိုင်သည့် မြန်မာနိုင်ငံသား တချို့သည် အမည်ပြောင်း၊ လိပ်စာပြောင်း ထားကြသည့်အတွက် မိသား စုဝင်များနှင့် အဆက်အသွယ်ရရန် ခက်ခဲကြောင်း၊ အထူးသဖြင့် UNHCR ကတ်ကိုင်ဆောင်သူ အများစုသည် ၎င်းတို့၏ အ မည်မှန်များ မဟုတ်ကြောင်း သိရသည်။

လက်ရှိသေဆုံးသူများသည်လည်း ၎င်းတို့၏ အမည်နှင့် မြန်မာနိုင်ငံမှ နေရပ် လိပ်စာ အမှန်အား ပြောင်းလဲထားသူများ ဟုတ်၊ မဟုတ် မသိရသေးပေ။

Loading