သတင်း

အာဆီယံဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေး မဆွေးနွေးဟု ဖိလစ်ပိုင် ပြော

Want create site? Find Free WordPress Themes and plugins.

တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုမှုကို ပယ်ချပြီး တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးကို တင်းမာစေခဲ့သော ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်သည် ယခုနှစ် အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်တွင် ပါဝင်မည် မဟုတ်ကြောင်း အဆင့်မြင့် ဖိလစ်ပိုင်အရာရှိတဦးက ဇန်နဝါရီ ၅ ရက် ကြာသပတေးနေ့တွင် ပြောကြားသည်။

တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားလိုကြောင်းနှင့် ဖိလစ်ပိုင်အလိုကျ ဆုံးဖြတ်ခဲ့သော ဇူလိုင်လက ဆုံးဖြတ်ချက်ကို လိုက်နာစေရန် ဘေ့ဂျင်းကို ဖိအားပေးရန် မလိုကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကလည်း လွန်ခဲ့သောလက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

“သဟိဂ်ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥပဒေရဲ့ အစိတ်အပိုင်း ဖြစ်ပြီးသားမို့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်မှာ မပါဝင်ပါဘူး” ဟု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Enrique Manalo က ဧပြီလတွင် ဖိလစ်ပိုင်က သဘာပတိအဖြစ် ဆောင်ရွက်မည့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ မဆွေးနွေးနိုင်ပါဘူး။ အဲဒါက သူ့ဘာသာ ရှိနေပြီးသားပါ” ဟုလည်း ၎င်းက ဆက်ပြောသည်။

၂၀၁၆ ခုနှစ်ဇူလိုင်လက ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် ဒေသအများအပြားကို ပိုင်ဆိုင်ကြောင်း ပြောဆိုချက်ကို ပယ်ချခဲ့သည်။ ဘေဂျင်းက ထိုဆုံးဖြတ်ချက်ကို အခြေအမြစ် မရှိသော ဆုံးဖြတ်ချက် ဟု ကြေညာသည်။ သို့သော် ထိုပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဆွေးနွေးပွဲများ စတင်ရေး အတွက် ပါဝင်ပတ်သက်သော နိုင်ငံများကို တောင်းဆိုသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သော အာဆီယံက အာရုံစိုက်မည့် ကိစ္စမှာ ထိုအငြင်းပွားနေသော ရေပိုင်နက်တွင် တင်းမာမှု လျှော့ချရေး အတွက် ကျင့်ဝတ်မူဘောင် ချမှတ်ရေးသာ ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး Manalo က ပြောသည်။

“ဖိလစ်ပိုင်က ဥက္ကဋ္ဌ တာဝန် ယူစဉ် အတွင်း သာသာယာယာ ဖြစ်ရပ်တွေပဲ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံ ဘက်ကလည်း သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်မယ်လို့ မျှော်လင့်ထားလို့ ကျနော်တို့ ကလည်း ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီး တရုတ်နိုင်ငံနဲ့ ဆွေးနွေးသွားမှာပါ” ၎င်းက ပြောသည်။

၂၀၁၀ ခုနှစ်မှ စတင်ပြီး တရုတ်နှင့် အာဆီယံတို့သည် ပဋိပက္ခ ရှောင်ရှားရေး အတွက် စည်းမျဉ်းများကို ဆွေးနွေး နေခဲ့ကြ သည်။ တရုတ်နိုင်ငံက စွမ်းအင်ကြွယ်ဝပြီး နှစ်စဉ် ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၅ ထရီလီယံဖိုး ဖြတ်သန်းနေသော ထို ရေပိုင်နက် အများစုကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည်။ အိမ်နီးခြင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ ကလည်း ၎င်းတို့၏ ပိုင်နက်များကို ကြေညာထားသည်။

လွန်ခဲ့သောနှစ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံး မဟာမိတ် ကမ္ဘောဒီးယားက ပူးတွဲ ကြေညာချက် တခုတွင် တရုတ်ကို ဆန့်ကျင်သော ခုံရုံး ဆုံးဖြတ်ချက်ကို မဖော်ပြရန် တားမြစ်မှု ရှိခဲ့သည်။

Duterte သမ္မတ ဖြစ်လာခဲ့အပြီး လွန်ခဲ့သော လအနည်းငယ်က တရုတ်နှင့် ထိတွေ့ဆက်ဆံမှုများ ရှိ လာပြီးနောက်တွင် အစဉ်အလာ မဟာမိတ် အမေရိကန်ကို ရန်စကားများ စတင်ပြောကာ ဖိလစ်ပိုင်၏ နိုင်ငံခြားရေးမူဝါဒကို အံ့သြဖွယ်ရာ ဂငယ်ကွေ့ ကွေ့ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading