• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဇေကမ္ဘာ ရှေးဟောင်း ပြတိုက် ယခုနှစ်ကုန် ဖွင့်မည်

by ထက်နိုင်ဇော်
7 January 2017
in သတင်း
A A
ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ / ထက်နိုင်ဇော် / ဧရာဝတီ

ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ / ထက်နိုင်ဇော် / ဧရာဝတီ

40k
VIEWS
Share on FacebookShare on Twitter

အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျမည့် ဇေကမ္ဘာ ပြတိုက်ကို ရန်ကုန်မြို့ မင်္ဂလာဒုံ ဂေါက်ကွင်းအနီးတွင် ဆောက်လုပ်လျက်ရှိပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည် ဟု ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်တွင် ဇန်နဝါရီ ၅ ရက်နေ့ သတင်းထောက်များကို ပြောသည်။

“ဇေကမ္ဘာပြတိုက်လို့ သတ်မှတ်ထားတယ်။ ဆောက်မယ့်တန်ဖိုးက အမေရိကန် ဒေါ်လာ ၁၀ သန်းပေါ့။ အန်ကယ် စုထားတဲ့ ပစ္စည်းတွေ ကတော့ တန်ဖိုးဖြတ်လို့ကို မရဘူး”ဟု ဦးခင်ရွှေက ပြောသည်။

RelatedPosts

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
1
KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

18 July 2025
20
အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.8k

ရှေးဟောင်း လူသားမျိုးနွယ်၏ အောက်မေးရိုးတခု၊ ကမ္ဘာ့ အကြီးဆုံးလိပ်၊ ရှေးဘုရင်၏ သန်လျက်၊ ရှားပါး ပန်းချီကား များနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင် အမျိုးအစား သိန်းနှင့်ချီ၍ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“Fossil (ကျောက်ဖြစ်ရုပ်ကြွင်း) တွေ ရှိမယ်။ ပယင်းဆို အလုံးပေါင်း ရာချီရှိတယ်။ ဒိုင်နိုဆော အမွှေးတွေကစ ရှိတယ်။ အကောင်မျိုးစုံ ရှိတယ်။ နောက်တခါ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ရှိတယ်၊ သုဝဏ္ဏဘူမိခေတ် ရှိတယ်၊ ပျူခေတ် ရှိတယ်။ ဟန်လင်းခေတ် အထိ အရိုးအိုးတွေက အစ အန်ကယ်စုဆောင်းပြီး ဖြစ်တယ်” ဟု ဦးခင်ရွှေက ပြောသည်။

တချို့ မြန်မာ ရှေးဟောင်း ပစ္စည်းများသည် မဲဆောက်၊ မြဝတီမှတဆင့် နိုင်ငံတကာသို့ ရောက်ရှိနေရာ ၎င်းနေရာများမှ ပိုက်ဆံ အကုန်ချခံ၍ ပြန်လည် ဝယ်ယူရရှိခဲ့ကြောင်း၊ ရှေးဟောင်း ပစ္စည်းများကို ပုဂ္ဂလိကသို့ စုဆောင်းခွင့် မပေးပါက နိုင်ငံတကာသို့ ရောင်းစားခံရမည် ဖြစ်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။

“အစိုးရကလည်း တကယ်တမ်း လက်ခံတာ ရွှေပဲ လက်ခံတယ်။ ကျန်တဲ့ ရိုးရာပစ္စည်း အများကြီးပေါ့လေ။ တစစနဲ့ ဘုရားကအစ အကုန် ရောက်ကုန်ပြီ။ အဲဒီအတွက်ကို ပုဂ္ဂလိကကို လုပ်ခွင့်ပေးပါ။ တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ မျိုးချစ်စိတ် ရှိတဲ့ ပုဂ္ဂိုလ်တွေက ဝါသနာအရ စုမယ်။ ပြီးရင် ပြမယ်။ အဲဒီလို ပြတဲ့အတွက် မြန်မာနိုင်ငံရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် တက်မယ့်အနေအထားတွေ ရှိတယ်။ သေချာဆွေးနွေး လိုက်တော့ ပုဂ္ဂလိက ပြခန်းကို ဆောက်ခွင့်ပြုလိုက်တယ်”ဟု ဦးခင်ရွှေက ပြောသည်။

၎င်းက ဆက်၍ “မြန်မာရိုးရာ ရှေးဟောင်းပစ္စည်းတွေကို အန်ကယ်တို့လောက် ဘယ်သူမှ တန်ဖိုးထားမှာ မဟုတ်ဘူး။ အားလုံးက ပြည်ပ ကို ငွေရေး ကြေးရေးအရ အမြတ်ရလို့ ရောင်းကြတာ”ဟု ပြောသည်။

၎င်းထံတွင် မြန်မာပြည်တွင် အလွန်ရှားပါးသွားပြီ ဖြစ်သည့် ဆရာချုံ၊ ဆရာခတို့၏ ပန်းချီကားများ၊ ဆရာဦးကြာညွှန့်တို့၏ ပန်းချီကား အားလုံး နီးပါး ရှိကြောင်း၊ လွန်ခဲ့သည့် နှစ်သန်း ၄၀ က ဝေလငါး၊ လိပ်ကြီး များ၏ ကျောက်ဖြစ်ရုပ်ကြွင်း များ အပါအဝင် ရုပ်ကြွင်း အမျိုးပေါင်း ၂ သိန်းခန့်လည်း ရရှိထားကြောင်း သိရသည်။

ယခု နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည့် ပြတိုက်၏ ဒီဇိုင်းကို ပြင်သစ်နိုင်ငံသားတဦးက ရေးဆွဲပြီး ပြတိုက်အတွင်း ဒီဇိုင်းကို အင်္ဂလန်၊ အီတ လီနိုင်ငံတို့မှ အကြံဉာဏ်များ ရယူထားကြောင်း၊ သိရသည်။

“အခုလောလောဆယ်တော့ ဝင်ကြေးကို ဘယ်လောက် ကောက်ရမလဲ စဉ်းစားလို့ မရသေးဘူး။ Tourism ရဲ့ Attraction ဖြစ်တဲ့ အခါ ကျတော့ နိုင်ငံခြားသားတွေကို ကောက်မယ်။ ကိုရီးယားတို့ ဂျပန်တို့က ပြခန်း အကြမ်းလာကြည့်ပြီးတော့ ရွှေတိဂုံပြီးရင် ပထမဆုံး လာကြည့် ရမယ့်နေရာဆိုပြီး မှတ်ချက် ပေးသွားတယ်။ ပြည်တွင်းကတော့ ကျောင်းသားတွေကို အခမဲ့ ပေးဝင်ဖို့ ရှိတယ်”ဟု ဦးခင်ရွှေက ပြောသည်။

၎င်းကဆက်၍ “ဟိုတလောကလည်း အကြံပေးပုဂ္ဂိုလ်ဆီကို တင်ပြတယ်။ အကြံပေးပုဂ္ဂိုလ်ကလည်း ကော်မတီနဲ့ဖွဲ့ပြီး ဘယ်လို ဘယ်လို လုပ်ဆိုပြီးတော့ အကြံတွေ ပေးထားတာ ရှိပါတယ်။ ဒါကြောင့် အန်ကယ်က ကိုယ့်သမိုင်းပေါ့လေ။ တချိန်ကျရင် သေကြတော့မှာပဲ။ သေသွားပြီးရင် ဇေကမ္ဘာဆိုတာကြီး သမိုင်းမှာ ကျန်ခဲ့ချင်တယ်။ အဲဒါကြောင့် ဇေကမ္ဘာ Museum ဆိုပြီး ထားခဲ့တာ”ဟု ပြောဆိုသည်။

Your Thoughts …
Tags: Culture
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

လောင်းဦးမော် ပိဋိကတ်တိုက်အတွင်း တွေ့မြင်ရသည့် နံရံဆေးရေးပန်းချီ

အမေ့ခံ ရှေးဟောင်း နံရံဆေးရေး ပန်းချီများ

by မယ်တင့်
17 December 2016
13.8k

“နံရံဆေးရေးပန်းချီ ထိန်းသိမ်းဖို့က ရှေးဟောင်း (သုတေသန) က မလာပါဘူး၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ထိန်းသိမ်းရတယ်” ဟု ညောင်ရမ်းခေတ် နံရံဆေးရေး ပန်းချီ လက်ရာများ ရှိသည့် ပိဋိကတ်တိုက်ကို ထိန်းသိမ်း ထားသည့် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီး ကျေးရွာရှိ...

ရှေးဟောင်းအမွေအနှစ် ပုဂံနှင့် ဗမာ့သမိုင်းဝင် နယ်မြေများတွင်သာမက လူမျိုးစုများ သမိုင်းဝင် ရှေးဟောင်းနယ်မြေများတွင်လည်း ခိုးယူမှုများကို ကာကွယ်ရန် လိုအပ်နေပြီ / Reuters

ထိုင်းနဲ့ မြန်မာကြား ရှေးဟောင်းပစ္စည်း ခိုးဂိုဏ်းများ တိုးလာ

by Phacharaphorn Phanomvan
1 August 2017
5.9k

အစိုးရများပေါ်သို့ ကျရောက်လာသည့် လေးလံသော ဝန်ထုပ်ဝန်ပိုးမှာ တရားမဝင် တူးဖော်ခိုးယူသူများကို စောင့်ကြည့် ထိန်းချုပ်ရေးနှင့် ပျောက်ဆုံးသွားသော ရှေးဟောင်းပစ္စည်းများနောက်သို့ ခြေရာကောက် လိုက်နိုင်ရေး ဖြစ်သည်။

UNESCO အဖွဲ့၏ မြန်မာနိုင်ငံ တာဝန်ခံ ဒေါ်ဥမ္မာမျိုး / ဒေါ်ဥမ္မာမျိုး

“ပုဂံက ကမ္ဘာမှာ တနေရာပဲရှိတယ်”

by သူဇာ
21 December 2016
19.9k

နိုင်ငံတော် အစိုးရပိုင်းက စီမံခန့်ခွဲရေး အပိုင်းမှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးပြီးတော့ ပြည်သူ လူထု အပိုင်းက ဒီကမ္ကာ့အမွေအနှစ်ဒေသကို သိရှိနားလည်ဖို့ပါ

ရွှေတိဂုံစေတီနှင့် ခံတပ်ဟောင်းများ UNESCO ထံအဆိုပြုစာရင်းတင်ရန် စီစဉ်

ရွှေတိဂုံစေတီနှင့် ခံတပ်ဟောင်းများ UNESCO ထံအဆိုပြုစာရင်းတင်ရန် စီစဉ်

by ဧရာဝတီ
14 February 2017
8.9k

မြန်မာနိုင်ငံရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ ကုသိုလ် တော်ဘုရားနှင့် ရတနာပုံခေတ် ခံတပ်များဖြစ်သည့် ဆင်ကျုံး၊ သပြေတန်း၊ အစေခံခံတပ်နှင့် မုံရွာမြို့နယ်ရှိ ဖိုလ်ဝင်တောင်တို့အပြင် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရသည့် ပုံတောင်ပုံညာဒေသ ဗဟင်းရွာတို့ကို အနာဂတ် ၌...

Next Post
ရန်ကုန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာတခု

အပြင်လူ နဲ့ အရင်လူ

မလေးရှားက ထောက်ပံ့ရေးရေယာဉ်စေလွှတ်မည့်ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံရုံးတုံ့ပြန်

မလေးရှားက ထောက်ပံ့ရေးရေယာဉ်စေလွှတ်မည့်ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံရုံးတုံ့ပြန်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate