သတင်း

HIV ရောဂါပိုး ရှိသူများကို အကူအညီပေးနေတဲ့ မွန်ပြည်နယ်က ရွှေငါးလေး အဖွဲ့

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အရှေ့တောင်ဘက်ပိုင်း မွန်ပြည်နယ် မော်လမြိုင်မြို့ပြင် အနီးတွင် ရွှေငါးလေးအုပ်စုသည် ၎င်းတို့၏ ကိုယ်ပိုင် ရန်ပုံငွေနှင့် တည်ဆောက်ထားသော တိတ်ဆိတ်ငြိမ်သက်လှသည့် အဆောက်အအုံပြင်ပတွင် HIV ရောဂါပိုး ရှိသူများကို အကူအညီပေးလုပ်ငန်း လည်ပတ် နေရသည်။

ထိုအဖွဲ့သည် ၂၀၁၃ ခုနှစ်က သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချသူများ အဖွဲ့ (International Organization of Migration – IOM) ၏ အကူအညီဖြင့် စီမံချက်များ စတင်ခဲ့ပြီး HIV ဗိုင်းရပ်နှင့် နေထိုင် ရသူများ အသိုင်းအဝိုင်းကို ကူညီနေသော အုပ်စုဖြစ်သည်။  ဤအဖွဲ့ကို စတင် ထူထောင် စဉ်က HIV လက္ခဏာ ရှိသူများနှင့် ပတ်သက်သော HIV အပေါ်မုန်းတီးမှု (stigma) မှာ ကြီးမားလှပြီး အများအပြားမှာ လူမှုကွဲပြားသူများ၊ ထိုထက် ပို၍ ဆိုးရွားသည်မှာ   ၎င်းတို့ အသိုင်းအဝိုင်း၏ အပယ်ခံများ အဖြစ် အမြင်ခံကြရသည်။

“ကျမဟာ ကိုယ်ကျင့်တရား ရှိသူဖြစ်လို့ HIV ဟာ ပြင်းထန်ပြီး ကြောက်စရာကောင်းတဲ့ ရောဂါပါ။ ဒီလို ရောဂါမျိုး ကျမ ဘယ်တော့မှ ခံစားရမှာ မဟုတ်ဘူးလို့ ကျမထင်ခဲ့တယ်။ HIV ရှိသူတွေကို ကျမ မကြိုက်ဘူး။ သူတို့တွေဟာ ကိုယ်ကျင့်တရား မကောင်းဘူး လို့ ထင်လို့ပါ။ ကျမ HIV ခံစားရတော့မှပဲ ဒီလူတွေကို နားလည်နိုင်ပြီး ကျမရဲ့ စိတ်တွေ လုံး၀ ပြောင်းလဲသွားတယ်။ လူတိုင်း HIV ခံစားရနိုင်တယ် ဆိုတာကို စတင် သဘောပေါက်လာတယ်” ဟု ထိုအုပ်စု၏ အဖွဲ့ဝင် မဝေေလွင်က ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတဝှမ်း HIV ကူးစက်မှု အသစ်၏ ၉၀ ရာခိုင်နှုန်း ရှိသော နိုင်ငံ ၃၅ နိုင်ငံအနက် တနိုင်ငံ ဖြစ်သည်။ ထိုအရှေ့တောင်အာရှ နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်မှုနှင့် ထိုင်းနိုင်ငံနှင့် အသွားအပြန် ကူးသန်းမှုသည် ဘဝ၏ အစိတ်အပိုင်းဖြစ်နေကာ စမ်းသပ်ခြင်း၊ ကုသခြင်း၊ စောင့်ရှောက်ခြင်းနှင့် ပံ့ပိုးကူညီခြင်း အပါအဝင် HIV အတွက် ဝန်ဆောင်မှုများမှာ အကန့်အသတ်နှင့်သာ ရှိနေပြီး အထူးသဖြင့် ကျေးလက်နှင့် ရွှေ့ပြောင်းနေရသူများ အတွက် ပိုမိုဆိုးရွားလှသည်။

IOM သည် ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒေသခံများ အတွက်ပါ ထိုဝန်ဆောင်မှုများ ရရှိရေး အတွက် ရပ်ရွာ အသိုင်းအဝိုင်းများနှင့် အမျိုးသား AIDS အစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်နေသည်။ ဤအထောက်အပံ့၏ အစိတ်အပိုင်း အဖြစ် HIV နှင့် နေထိုင်ရသူများနှင့် ၎င်းတို့၏ မိသားစုများကို ရပ်ရွာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး HIV အပေါ် မုန်းတီးမှု လျှော့ချရန် တွန်းအားပေး အကူအညီပေးရန် ရွှေငါးလေးကဲ့သို့ ကိုယ်ထူကိုယ်ထ အဖွဲ့များ ထူထောင်းခြင်း ပါဝင်သည်။

ထိုအုပ်စုကို HIV နှင့် နေထိုင်ရသူများဖြင့် လုံးဝနီးပါး ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များမှာ ၎င်းတို့၏ အသိုင်းအဝိုင်းနှင့် ၎င်းတို့ ကိုယ်တိုင်၏ ဘဝများတွင် ပြောင်းလဲမှုကို မြတ်နိုးသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ကျောင်းအချို့တွင် ဆောင်ရွက် သကဲ့သို့ လူထုကို HIV အကြောင်း ပညာပေးခြင်းနှင့် အဖွဲဝင်များကို IOM မှ ပေးသော ဗိုင်းရပ်ဟန့်တားကုထုံး Anti-Retroviral Therapy ခံယူမှုစွဲမြဲစေရန် ကြီးကြပ်ပေးခြင်းနှင့် နာရေးစရိတ် ထောက်ပံ့ခြင်းတို့ ကဲ့သို့သော လူမှုအခြေပြု လုပ်ငန်း အများအပြားတွင် ပါဝင်ကြသည်။

“ကျမမှာ HIV ရှိတယ်လို့ ဆရာဝန်က ပြောတော့ သိပ်ကြာကြာ မနေရတော့ဘူးလို့ ထင်နေတာ။ HIV နဲ့ နေရသူတွေ အတွက် ART ဆေးရှိတာကို အရင်က ကျမ မသိဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ မသေခင်ကောင်းမှု လုပ်ရမယ်လို့ စိတ်ထဲမှာ ခံယူထားတာ။ IOM ကွင်းဆင်း လုပ်သားတယောက်က ကျမကို ဆေးစစ်ဖို့၊ ART ရဖို့ ကူညီပေး တယ်။ အခုတော့ ဘဝမှာ ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါပြီ” ဟု မဝေဝေလွင်က ပြောသည်။

IOM သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် HIV အစီအစဉ်များ ပံ့ပိုးပေးနေသော်လည်း မြန်မာနိုင်ငံ၏ ရွှေ့ပြောင်း နေထိုင်ရသူများ၊ ရွှေ့ပြောင်း အခြေချများ အကြား အိပ်အိုဗီကူးစက်မှုနှင့် ပတ်သက်သော ကျယ်ပြန့်သည့် သတင်း အချက်အလက်များကို လတ်တလော ကျယ်ကျယ်ပြန့်ပြန့် မရနိုင်သေးပေ။ထိုအုပ်စုများသို့ လက်လှမ်း မီရန် အထိရာက်ဆုံး နည်းလမ်းများကို နားလည်ရေး အတွက် သုတေသနနှင့် စမ်းသပ်မှု အရှိန် တိုးမြှင့်ရေးသည် အရေးပါသည်။

ရွှေငါးလေးအုပ်စုသည် စတင် ထူထောင်ချိန်မှစ၍ ခရီး အတန်ရောက်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ထိုအုပ်စုသည် အနီးရှိ စက်စဲကမ်းခြေမှ မြို့နယ်အာဏာပိုင်များ လှူဒါန်းသော မြေကွက်တကွက်တွင် အကျိုးအမြတ် မယူသော အဝတ်အထည် စတိုးဆိုင်တခုကို ဖွင့်လှစ်ထားသည်။ ထိုဆိုင်ကို အဖွဲ့ဝင်တဦးက ငွေကြေးထောက်ပံ့ပြီး အမြတ်ငွေကို အုပ်စု၏ လှုပ်ရှားမှု များ အတွက် ပြန်လည်အသုံးပြုသည်။ ဒုတိယမြောက်ဆိုင်ကိုလည်း ဖွင့်လှစ်ရန် အစီအစဉ်ရှိသည်။ အနီးနားရှိ အဆောက်အအုံတခုုသည် အဖွဲ့ဝင်များအတွက် လုံခြုံသော နေရာဖြစ်သည်။

ထိုရွှေငါးလေး အုပ်စုသည် ပုံမှန်ဘဝတွင်သာ နေထိုင်ကြပြီး အမြင်သဘောထား ပြောင်လဲရာတွင်နှင့် HIV နှင့်နေထိုင်ကြသူများ၊ HIV အပေါ် မုန်းတီးမှုလျှော့ချရာတွင် ထိရောက်မှုရှိစေရန် လုပ်ဆောင်နေကြသည်။ ထိုအုပ်စုသည် ရပ်ရွာအသိုင်းအဝိုင်း အတွက် အပြုသဘော ဆောင်သော အင်အားစု ဖြစ်ရန်ကြိုးပမ်းနေကြသည်။

လတ်တလောတွင် IOM မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှ HIV နှင့် နေရသူ ၂၀၀၀ နီးပါး ကို ART ဆေးဝါးများပံ့ပိုးပေးနေပြီး ဝန်ဆောင်မှု တိုးချဲ့ရန်၊ ရွှေ့ပြောင်း အခြေချများ၊ ဒေသခံ အသိုင်းအဝိုင်းများ၊ လူမျိုးစု ဒေသခံများထံသို့ လက်လှမ်းမီရန် အမျိုးသား HIV အစီအစဉ်နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေသည်။

“ART ဆေး မှန်မှန်သောက်၊ ဆက်လက် ကျန်းမာပြီး HIV မရှိသူတွေလို ရှင်သန်နိုင်တယ် ဆိုတာ ကျမ အခု သိနေပြီ။ HIV ရှိလို့၊ အသက်တိုမှာ ကြောက်လို့ ဖြစ်ရတဲ့ စိတ်ဖိစီးမုတွေ မရှိတော့ပါဘူး။ HIV အကြောင်းသိလာပြီးတော့ သာမန်လူ တယောက်လို ဘဝကို ရှေ့ဆက်နိုင်မယ် လို့ ယုံကြည်ပါတယ်” ဟု မဝေဝေလွင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading